စားသုံးသူရေးရာဦးစီးဌာနမှ တိုက်ကြီးမြို့နယ်ရှိ သိုလှောင်ရုံ (၅)ရုံအား ထုခွဲရောင်းချရန် တင်ဒါခေါ်ယူ

စားသုံးသူရေးရာဦးစီးဌာနမှ တိုက်ကြီးမြို့နယ်ရှိ သိုလှောင်ရုံ (၅)ရုံအား ထုခွဲရောင်းချရန် တင်ဒါခေါ်ယူ google

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံရပ်၊ မင်းရဲကျော်စွာ+ကျန်စစ်သားရပ်ကွက်ရှိ သိုလှောင်ရုံ (၅)ရုံအား ထုခွဲရောင်းချမည်ဖြစ်သောကြောင့် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ဖြစ်သည်။

 

အဆိုပါ သိုလှောင်ရုံ (၅) ရုံအား မြဲ -၁ ၊ မြဲ-၂ ၊ မြဲ-၃၊ မြဲ-၅ ၊ မြဲ-၆ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် (မြေမပါ) မျက်မြင်အခြေအနေအတိုင်း ထုခွဲရောင်းချမည်ဖြစ်သောကြောင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

 

တင်ဒါလျှောက်လွှာများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉နာရီခွဲအချိန်မှစတင်၍ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်အထိ ရောင်းချပေးမည်ဖြစ်သည်။

 

 

တင်ဒါပုံစံကို စားသုံးသူရေးရာဦီးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ် (၂၂၈/၂၄၀) ၊ ဒုတိယထပ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့တွင် ရောင်းချမည် ဖြစ်သည်။

 

 

P.O Cheque တင်ပြရမည့်ရက်မှာ ၂၀၂၀ခုနှစ် မတ်လ ၃ ရက်နေ့မှ မတ်လ ၄ ရက်နေ့ထိ ဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

 

 

တင်ဒါစည်းကမ်းချက်များကို ၂၀၂၀ ခုနှစ် မတ်လ ၅ ရက်နေ့ နံနက် ၁၀နာရီခွဲ အချိန်တွင် ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် ရှင်းလင်းသွားမည်ဖြစ်သည်။

 

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

 

အဆိုပါသိုလှောင်ရုံ (၅) လုံး၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

Read 338 times Last modified on Wednesday, 29 January 2020 16:32
Rate this item
(0 votes)
Tagged under