ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ လုပ်ငန်းသုံးပစ္စည်းများအား ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ လုပ်ငန်းသုံးပစ္စည်းများအား ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ google

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လက်အောက်ရှိမြို့နယ်များတွင် လုပ်ငန်းသုံးပစ္စည်းများအား ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ဖြစ်သည်။

 

အဆိုပါတင်ဒါကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/ တံတား/ အဆောက်အဦ လုပ်ငန်းများ၌ အသုံးပြုရန် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများအား သက်ဆိုင်ရာလမ်းပိုင်းအလိုက် မြန်မာငွေကျပ်ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူအပ်ပါသည်။

 

 

တင်ဒါပုံစံများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဖေဖဝါရီလ ၁၃ ရက် ညနေ ၄ နာရီခွဲ အချိန်ထိ တင်ဒါလျှောက်လွှာများကို တင်သွင်းနိုင်သည်။

 

 

တင်ဒါဖွင့်မည့်ရက်မှာ ၂၀၂၀ ခုနှစ် ဖေဖဝါရီလ ၁၄ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် ဖြစ်သည်။

 

 

တင်ဒါဖွင့်မည့်နေရာမှာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ လမ်းဦးစီးဌာန၊ ဟင်္သာတခရိုင်၊ တာငါးဆယ်မြောက်ရပ်၊ ဈေးကလေးလမ်း၊ ဟင်္သာတမြို့တွင် ဖြစ်သည်။

 

 

လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ၏ အမျိုးအစားများ၊ အရေအတွက်၊ ဝယ်ယူလိုသည့် အသေးစိတ်စာရင်းနှင့် တင်ဒါစည်းကမ်းသတ်မှတ်ချက်များကို လမ်းဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးရုံးနှင့် သက်ဆိုင်ရာ မြို့နယ်ဦးစီးအရာရှိရုံးများတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်၍ ဖော်ပြထားမည်ဖြစ်ပါသည်။

 

 

အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း ဝ၄၄-၂၁၀၃၃ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


Read 423 times Last modified on Friday, 31 January 2020 16:00
Rate this item
(0 votes)
Tagged under