စစ်ကိုင်းတိုင်းဒေသကြီးရှိ တန့်ဆည်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် တည်ဆောက်ရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

စစ်ကိုင်းတိုင်းဒေသကြီးရှိ တန့်ဆည်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် တည်ဆောက်ရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ google

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာနှင့် ရွှေဘိုခရိုင်ရှိ တန့်ဆည်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် ဆောက်ရွက်မည့် တည်ဆောက်ခြင်း လုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်သည်။

 

 

အဆိုပါတင်ဒါခေါ်ယူရာတွင် စိုက်ပျိုးရေးဌာနမှ JICA ချေးငွေအစီအစဉ်ဖြင့် ဆောက်ရွက်မည့် Processing Plant နှင့် ဆက်စပ်ပစ္စည်းများအတွက် (Type-C) (12m × 8m × 7.2m) Steel Structure (၁) ထပ်၊ စက်ထိုင် Foundation ပါ အဆောက်အဦ (၃) လုံး တည်ဆောက်ရန် မြန်မာငွေကျပ်ဖြင့် အိတ်ဖွင့်တင်ခေါ်ယူခြင်းဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ မှစတင်ရောင်းချမည်ဖြစ်ပြီး ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ရုံးချိန်အတွင်းသာ ရောင်းချသွားမည် ဖြစ်သည်။

 

 

တင်ဒါပုံစံများကို စိုက်ပျိုးရေးဦးစီးဌာန၊ ထောက်ပံ့ဖြည့်တင်းရေးဌာနခွဲ၊ ရုံးအမှတ် (၄၃)၊ နေပြည်တော်တွင် ရောင်းချသွားမည်။

 

 

တင်ဒါလျှောက်လွှာများကို ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ တင်သွင်းရမည်။

 

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၆၇-၃၄၁၀၂၁၀၊ ၀၆၇-၃၄၁၀၅၁၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

စိုက်ပျိုးရေးဦးစီးဌာန၊ ထောက်ပံ့ဖြည့်တင်းရေးဌာနခွဲ၊ ရုံးအမှတ် (၄၃)၊ နေပြည်တော်တွင်လည်း ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

Read 645 times Last modified on Friday, 31 January 2020 16:49
Rate this item
(0 votes)
Tagged under