တိုက်ကြီးမြို့နယ်တွင် ကွန်ကရစ်လမ်းခင်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

တိုက်ကြီးမြို့နယ်တွင် ကွန်ကရစ်လမ်းခင်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူ google

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ တိုက်ကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းဖြင့် ဆောက်ရွက်မည့် လုပ်ငန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူနေကြောင်း သိရသည်။

 

ထိုလုပ်ငန်းတွင် တော်ခရမ်း-ရေတွင်းဖြူ- ဓမ္မိတ်-အလဘုတ်လမ်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း လုပ်ငန်းအား မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များထံမှ မြန်မာငွေကျပ်ဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ထားပါသည်။

 

 

အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် ရောင်းချသွားမည် ဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် (တနင်္လာနေ့) မှစတင်ရောင်းချမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဖေဖဝါရီလ ၁၄ ရက် (သောကြာနေ့) ညနေ ၄ နာရီအထိ လျှောက်လွှာများကို နောက်ဆုံးထား၍ တင်သွင်းရမည်။

 

 

တင်ဒါလျှောက်လွှာများကို ရန်ကုန်မြို့၊ ကြည်မြင့်တိုင်မြို့နယ်ရှိ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ရဲတံခွန်တာဝါ၊ Penthouse (C)၊ ပန်းလှိုင်လမ်းသို့ တင်သွင်းရမည်။

 

 

အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၁-၅၀၈၃၀၉၊ ၀၁-၅၀၈၃၀၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 


Read 338 times Last modified on Friday, 31 January 2020 16:57
Rate this item
(0 votes)
Tagged under