ကချင်ပြည်နယ်တွင်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

ကချင်ပြည်နယ်တွင်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ google

ကချင်ပြည်နယ်၊ မံစီမြို့တွင် ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့


လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနတို့မှ အိတ်ဖွင့်တင်ဒါ ခေါ်ယူနေကြောင်း သိရသည်။

 

တင်ဒါခေါ်ယူရာတွင် (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ (၂) လုံး တည်ဆောက်ရန် တိုင်းရင်းသားလုပ်ငန်းရှင် ဆောက်လုပ်ရေး ကုမ္ပဏီများအား

 

အိတ်ဖွင့် တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ထားပါသည်။

 

တင်ဒါလျှောက်လွှာများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက် နံနက် ၉:၃၀ နာရီမှ စတင်ဝယ်ယူနိုင်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် ညနေ ၄ နာရီအထိ

 

နောက်ဆုံးထား၍ တင်သွင်းရမည်။

 

တင်ဒါလျှောက်လွှာများကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနသို့ တင်သွင်းရမည်။

 

အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၇၄-၂၅၂၉၂၆၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။

 

<<<Zawgyi>>>

 

ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕တြင္ ၂၀၁၉-၂၀၂၀ ခုႏွစ္ ဘ႑ာေရးႏွစ္ ျပည္နယ္ဘ႑ာရန္ပံုေငြျဖင့္ ဝန္ထမ္းအိမ္ရာ ေဆာက္လုပ္ရန္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕

 

လမ္းပန္းဆက္သြယ္ေရး၊ လွ်ပ္စစ္ႏွင့္စက္မႈလက္မႈဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံျဖိဳးေရးဦးစီးဌာနတို႔မွ အိတ္ဖြင့္တင္ဒါ ေခၚယူေနေၾကာင္း သိရသည္။

 

တင္ဒါေခၚယူရာတြင္ (၄) ခန္းတြဲ (၄) ထပ္ ဝန္ထမ္းအိမ္ရာ (၂) လံုး တည္ေဆာက္ရန္္ တိုင္းရင္းသားလုပ္ငန္းရွင္ ေဆာက္လုပ္ေရး ကုမၸဏီမ်ားအား

 

အိတ္ဖြင့္ တင္ဒါ တင္သြင္းရန္ ဖိတ္ေခၚထားပါသည္။

 

တင္ဒါေလွ်ာက္လႊာမ်ားကို ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁၀ ရက္ နံနက္ ၉:၃၀ နာရီမွ စတင္ဝယ္ယူႏိုင္ၿပီး ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၂၄ ရက္ ညေန ၄ နာရီအထိ

 

ေနာက္ဆံုးထား၍ တင္သြင္းရမည္။

 

တင္ဒါေလွ်ာက္လႊာမ်ားကို ျမစ္ႀကီးနားၿမိဳ႕ရွိ ျပည္နယ္ညႊန္ၾကားေရးမွဴးရံုး၊ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံျဖိဳးေရးဦးစီးဌာနသို႔ တင္သြင္းရမည္။

 

အေသးစိတ္ အခ်က္အလက္မ်ား သိရွိလိုပါက ဖုန္း ၀၇၄-၂၅၂၉၂၆၂ သို႔ ရံုးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းႏိုင္သည္။

Read 423 times Last modified on Friday, 31 January 2020 17:00
Rate this item
(0 votes)
Tagged under