တိုင်းရင်းသားကျေးရွာတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

တိုင်းရင်းသားကျေးရွာတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ google

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် ပြည်ထောင်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် (၆) ခန်းတွဲ (၁) ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့် တင်ဒါ ခေါ်ယူခြင်းဖြစ်သည်။

 

အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အအုံတွင် ပေ (၁၆၂×၂၄×၁၂) (၁) ထပ် Rc (Apron, ရေ ၊ မီး၊ မိလ္လာ၊ Over head Tank အပါအဝင်) ပြင်ပရေသွယ်တန်းခြင်း၊ လျှပ်စစ်မီတာတပ်ဆင်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများအား မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင်များ မည်သူမဆို တင်ဒါလုပ်ငန်းအား မြန်မာငွေကျပ်ဖြင့် တင်သွင်းနိုင်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၉ ရက် (ကြာသပတေးနေ့) မှစတင်၍ ၂ဝ၂ဝ ခုနှစ် ဖေဖဝါရီလ ၃ ရက်(တနင်္လာနေ့) အထိ ရုံးချိန်အတွင်းသာ ရောင်းချပေးမည်ဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂ဝ၂ဝ ခုနှစ် ဖေဖဝါရီလ ၁ဝ ရက် (တနင်္လာနေ့) မွန်းလွဲ ၂ နာရီအထိ တင်သွင်းနိုင်သည်။

 

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ တင်ဒါလျှောက်လွှာများ တင်သွင်းရမည်။

 

 

တင်ဒါဖွင့်လှစ်မည့်ရက်ကို သီးခြားအကြောင်းကြားပါမည်။

 

 

အသေးစိတ် အချက်အလက်များ သိလိုပါက ဖုန်း ဝ၁-၅၄၇ဝ၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 

တင်ဒါလျှောက်လွှာများကို ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၉ ရက် (ကြာသပတေးနေ့) မှစတင်၍ ၂ဝ၂ဝ ခုနှစ် ဖေဖဝါရီ ၃ ရက်(တနင်္လာနေ့) အထိ ရုံးချိန်အတွင်းသာ ရောင်းချပေးမည်ဖြစ်သည်။

 

 


 

 


 

 


 

 


Read 431 times Last modified on Monday, 03 February 2020 16:30
Rate this item
(0 votes)
Tagged under