တံတားတည်ဆောက်ရေးအဖွဲ့မှ ဘေလီနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

တံတားတည်ဆောက်ရေးအဖွဲ့မှ ဘေလီနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ google

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချူပ်)၊ နေပြည်တော်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်သည်။

 

အဆိုပါတင်ဒါခေါ်ယူရာတွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဘေလီနှင့် ဆက်စပ်ပစ္စည်းများအား ဌာနဂိုဒေါင်နှင့် ကွင်းနေရာများအရောက် မြန်မာငွေကျပ်ဖြင့် ဝယ်ယူရန် အိတ်ဖွင့် တင်ဒါခေါ်ယူခြင်းဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် (သောကြာနေ့) မှစတင်ရောင်းချမည်ဖြစ်ပြီး ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် (တနင်္လာနေ့) အထိ ရုံးချိန်အတွင်းသာ ရောင်းချသွားမည် ဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၂၈ ရက် (အင်္ဂါနေ့) ရုံးချိန်အတွင်း နောက်ဆုံး တင်သွင်းရမည်။

 

 

ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ ရန်အောင် (၂)၊ နယ်မြေ (၆)၊ ရှမ်းကန်အနီး၊ ပျဉ်းမနားမြို့သို့ တင်ဒါလျှောက်လွှာများ တင်သွင်းရမည်။

 

 

တင်ဒါဖွင့်လှစ်မည့်ရက်ကို ကြေငြာပါမည်။

 

 

အသေးစိတ် အချက်အလက်များ သိလိုပါက ဖုန်း ဝ၆၇-၂၄၈၂၈သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


Read 498 times Last modified on Monday, 03 February 2020 16:32
Rate this item
(0 votes)
Tagged under