ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ အဆောက်အအုံများ ဆောက်လုပ်ရန် အိတ်ဖွင့် တင်ဒါခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ အဆောက်အအုံများ ဆောက်လုပ်ရန် အိတ်ဖွင့် တင်ဒါခေါ်ယူ google

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် မိမိဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် အဆောက်အအုံများ ဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းဖြစ်သည်။

 

အဆိုပါ အဆောက်အအုံများမှာ

 

 

Lot No(1) ရန်ကုန်အလုပ်သမားဆေးရုံကြီးတွင် (၆)ခန်းတွဲ ၅ ထပ် RC ဝန်ထမ်းအိမ်ရာ (၁၄၄'×၂၄.၅'×၅၂') (၁) လုံး ဆောက်လုပ်ခြင်း (ရေ၊ မီး၊ မိလ္လာသွယ်တန်း တပ်ဆင်ခြင်း၊ Apron & Drain ပြုလုပ်ခြင်း လုပ်ငန်းများ အပါအဝင်)

 

 

Lot No(2) လှိုင်သာယာမြို့နယ် လူမှုဖူလုံရေးရုံးတွင် ဝန်ထမ်းအိမ်ရာ (၇ဝ'×၃ဝ'×၄၃.၅') Rc (၄) ထပ် တည်ဆောက်ခြင်း (ရေ၊ မီး၊ မိလ္လာသွယ်တန်း တပ်ဆင်ခြင်း၊ Apron & Drain ပြုလုပ်ခြင်း လုပ်ငန်းများ အပါအဝင်)

 

 

Lot No(3) တောင်ဥက္ကလာပ လူမှုဖူလုံရေးဆေးခန်းမြေနေရာတွင် ဆရာဝန်များအတွက် ဝန်ထမ်းအိမ်ရာ (၁၄၄'×၂၄.၅'×၅၂') Rc (၆)ခန်းတွဲ ၅ ထပ် တည်ဆောက်ခြင်း (ရေ၊ မီး၊ မိလ္လာသွယ်တန်း တပ်ဆင်ခြင်း၊ Apron & Drain ပြုလုပ်ခြင်း လုပ်ငန်းများ အပါအဝင်) တို့အတွက် တင်ဒါ ခေါ်ယူခြင်းဖြစ်သည်။

 

 

တင်ဒါပုံစံများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ စီမံရေးရာ/ ငွေစာရင်းဌာနတွင် ကြော်ငြာပါသည့်ရက်မှစ၍ ဝယ်ယူနိုင်သည်။

 

 

တင်ဒါပိတ်မည့်ရက်မှာ ၂ဝ၂ဝ ခုနှစ် ဖေဖဝါရီလ ၉ ရက် ညနေ ၄ နာရီခွဲအထိ တင်သွင်းနိုင်သည်။

 

 

အမှတ် (၃၂၇၊ ၃၆၇) မဟာဗန္ဓုလပန်းခြံလမ်း (အထက်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးသို့ တင်ဒါလျှောက်လွှာများ တင်သွင်းရမည်။

 


တင်ဒါဖွင့်မည့်ရက်မှာ၂ဝ၂ဝ ခုနှစ် ဖေဖဝါရီလ ၁၁ ရက် မနက် ၁ဝ နာရီဖြစ်သည်။

 

 

အသေးစိတ် အချက်အလက်များ သိလိုပါက ဖုန်း ဝ၁-၈၃၈၁၂၁၆၊ ဝ၁-၈၃၇ဝ၁၅၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။

 

Myanmar Builders Guide

 

---Zawgyi---

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


Read 447 times Last modified on Monday, 03 February 2020 16:40
Rate this item
(0 votes)
Tagged under