လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြေအောက်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူ

လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြေအောက်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူ google

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြေအောက်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း ဖြစ်သည်။

 

အဆိုပါ တင်ဒါခေါ်ယူရာတွင် 66kV မြေအောက်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်းနှင့် ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ရေးဌာနခွဲမှ တာဝန်ယူဆောင်ရွက်မည့် 66kV ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ခြင်း၊ 33kV ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ခြင်းတို့အတွက် လိုအပ်သော ပစ္စည်းများအား မြန်မာငွေကျပ်ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း ဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှ စတင်ရောင်းမည်ဖြစ်ပြီး ၂ဝ၂ဝ ခုနှစ် ဖေဖဝါရီလ ၅ ရက်နေ့ အထိ ရောင်းချပေးမည်ဖြစ်သည်။

 

 

တင်ဒါပိတ်မည့်ရက်မှာ ၂ဝ၂ဝ ခုနှစ် ဖေဖဝါရီလ ၆ ရက်နေ့ ညနေ ၂ နာရီထိ တင်းသွင်းရမည်။

 

 

အသေးစိတ် အချက်အလက်များ သိလိုပါက ဖုန်း ဝ၁-၂၂ဝ၈၅၉၊ ဝ၁-၂၂ဝ၈၁၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

အမှတ် (၁၉၇/၁၉၉) အောက်မြင့်တိုင်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရှင်း၊ ပစ္စည်းစီမံရေးဌာနသို့လည်း လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

Myanmar Builders Guide

 

---Zawgyi---

 


 

 


 

 


 

 


 

 


 

 


 

 


Read 396 times Last modified on Monday, 03 February 2020 16:45
Rate this item
(0 votes)
Tagged under