Tender

Wednesday, 25 March 2020 11:54

လမ်းများအဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

မြို့တွင်းလမ်းများအား နိုင်လွန်ကတ္တရာများအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် ကွက်ကဲမှုအောက်ရှိ ဌာနခွဲများတွင် ထားရှိမည့် ယာဉ်၊ စက်၊ ယန္တရားများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်သည်။
Saturday, 21 March 2020 16:24

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲနေသော စက်မှုမြေကွက်အား ငှားရမ်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲနေသော ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်၊ အပိုင်း (၃)၊ ဗန်းမော်အတွင်းဝန်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ မြေကွက်အမှတ် (၅၁)၊ မြေဧရိယာ ၂ ဒသမ ၅ ဧကကို ငှားရမ်းမည်ဖြစ်သောကြောင့် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်သည်။
Saturday, 21 March 2020 10:28

လသာမြို့နယ်တွင် ရုံးအဆောက်အဦ (၁) လုံးတည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

သတ္တုတွင်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ အမှတ် (၂၆/၂၈) ဗိုလ်ရွဲလမ်း၊ လသာမြို့နယ်ရှိ (၄၂×၆၀) ပေ ၄ ထပ်ဆောင် RC ရုံးအဆောက်အဦ (၁) လုံးတည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ဖြစ်သည်။
Friday, 20 March 2020 11:41

မန်းရွှေစက်တော်ရာဘုရားကြီးတွင် ဓာတ်လှေကားတစ်စင်း တည်ဆောက်ရန် တင်ဒါစနစ်ဖြင့် ခေါ်ယူမည်

မန်းရွှေစက်တော်ရာဘုရားကြီးတွင် နှစ်ကျိပ်ရှစ်ဆူဘုရားမှ ကိုးခန်းကြီး ဘုရားအထိ ၄ စင်းပါ ဓာတ်လှေကားတစ်စင်း တည်ဆောက်ရန် တင်ဒါစနစ်ဖြင့် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
Thursday, 19 March 2020 15:13

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ နိုင်ငံပိုင် မြေကွက်၂၄ ကွက်အား တင်ဒါစနစ်ဖြင့် ရောင်းချမည်

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ နိုင်ငံပိုင် မြေနှင့်အဆောက်အအုံနှင့် မြေကွက်၂၄ ကွက်အား တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
Tuesday, 17 March 2020 17:16

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် သတိပေး၊ အသိပေး ဆိုင်းဘုတ်အခုရေ ၄၄၀ ခန့်အား မှာယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

ဆောက်လုပ်ဦးစီးဌာန၊ လမ်းဦးစီးဌာနမှ လမ်းများအားလုံး၏ လမ်းအဆင့်အတန်းပေါ်မူတည်၍ Road Numbering System ခေါင်းစဉ်အောက်ရှိ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် သတိပေး၊ အသိပေး ဆိုင်းဘုတ်အခုရေ ၄၄၀ ခန့်အား မြန်မာငွေကျပ်ဖြင့် မှာယူမည်ဖြစ်သဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအား ဈေးနှုန်းလွှာ တင်သွင်းရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။
Tuesday, 17 March 2020 16:42

ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်စီမံကိန်းဖော်ဆောင်ရန် အသေးစိတ်ဒီဇိုင်းပုံစံအတွက် အကြံပေးအဖွဲ့အစည်းအား တင်ဒါခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်စီမံကိန်းဖော်ဆောင်ရန် KMIC ၏ဖွံ့ဖြိုးရေးစီမံကိန်းနှင့် အသေးစိတ်ဒီဇိုင်းပုံစံအတွက် အရည်အချင်းပြည့်မီသော အကြံပေးအဖွဲ့အစည်းအား တင်ဒါဖိတ်ခေါ်ခြင်းဖြစ်သည်။
Friday, 06 March 2020 17:31

ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အုတ်စီရေမြောင်း တည်ဆောက်ရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ရေတာရှည်မြို့နယ် ဆေးရုံမြောက်ဘက် တပင်ရွှေထီးလမ်း အုတ်စီရေမြောင်း ပြုလုပ်ခြင်း (၂၃၁၅'-ဝ"×၂'-ဝ"×၃'-ဝ") တည်ဆောက်ရေးလုပ်ငန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ဖြစ်သည်။
Friday, 06 March 2020 11:26

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (AllP) ကျေးလက်လမ်းနှင့် တံတားတည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ JICA (ODA) Loan (Agreement MY-P25) ဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (AllP) ပါ စစ်ကိုင်းတိုင်းဒေကြီး၊ ခရိုင် ၃ ခရိုင်၊ မြို့နယ် ၁၀ မြို့နယ်တွင် ကျေးလက်လမ်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများအတွက် မြန်မာငွေကျပ်ဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူ၍ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Thursday, 05 March 2020 16:39

အဆောက်အဦဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုမည့်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂)၊ အဆောက်အဦးအထူးအဖွဲ့ (၆) မှ စံချိန်စံညွှန်းမီ အရည်အသွေးပြည့်ဝသည့် (သံချောင်းလုံး အရွယ်စုံ) ပစ္စည်းများကို ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်းဖြစ်သည်။

Search Articles