မင်းတပ်-မတူပီလမ်းမှ လည်မျိုတံတား ဖွင့်လှစ်ပြီးစီး

မင်းတပ်-မတူပီလမ်းမှ လည်မျိုတံတား ဖွင့်လှစ်ပြီးစီး
ချင်းပြည်နယ်(တောင်ပိုင်း) မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားစီမံကိန်းအထူးအဖွဲ့ (၁)က လည်မျိုတံတားကို 2020 နိုဝင်ဘာလတွင် တာဝန်ယူတည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။

 လည်မျိုတံတားမှာ အလျား ပေ ၂၄၀ ရှိပြီး RC Girder and RC Girder Slab သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်သည်။အဆိုပါလည်မျိုတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားစီမံကိန်းအထူးအဖွဲ့

 
(၁) မှ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်က စတင် တည်ဆောက်ခဲ့ပြီး ဧပြီ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ စီမံကိန်းတန်ဖိုးမှာ ငွေကျပ် ၉၉၇ သန်းဖြစ်ကြောင်း သိရသည်။
 
လည်မျိုတံတားသည် မင်းတပ်-မတူပီလမ်းပေါ်တွင် တည်ရှိသောကြောင့် ချင်းပြည်နယ်(တောင်ပိုင်း)အတွက် အထူးအရေးပါသော တံတားတစ်စင်း ဖြစ်သည်။
 
 
Source From The Mirror Daily
Read 338 times
Rate this item
(0 votes)