ကန့်ဘလူမြို့နယ်၌ လမ်း၊တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကျပ်သိန်းသုံးထောင်ကျော်ဖြင့် ဆောင်ရွက်မည်

ကန့်ဘလူမြို့နယ်၌ လမ်း၊တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကျပ်သိန်းသုံးထောင်ကျော်ဖြင့် ဆောင်ရွက်မည်
ကန့်ဘလူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာ လှပရေးအတွက် လမ်း၊တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၃၂၆၀၀၀၀၀၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီမှ သိရသည်။
 
 
မြို့ပေါ်ရပ်ကွက်များရှိ အဆင့်မြှင့်တင်မည့်လမ်းများမှာ အမှတ်(၃)ရပ်ကွက် မာဃလမ်းသွယ်(၁)ကတ္တရာခင်းခြင်း၊ ရွှေကျွမ်းတောလမ်းသွယ်များ ကတ္တရာခင်းခြင်း၊အထက(ခွဲ)ညောင်အိုင်ကျောင်းရှေ့ ကတ္တရာခင်းခြင်း၊အမှတ်(၄)ရပ် ကွက် တောင်ပိုင်းလမ်းမကြီး ကတ္တရာလမ်းခင်းခြင်း၊တောင် ကျောင်းကြီးအနောက်ဘက်လမ်း ကတ္တရာခင်းခြင်း၊ အမှတ် (၂)ရပ်ကွက် စွယ်တော်လမ်း ကွန်ကရစ်နှင့်ကတ္တရာခင်းခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရဲစခန်းဘေး) ကတ္တရာထပ်ပိုး လွှာခင်းခြင်း၊ စည်ပင်သာယာလမ်း ကတ္တရာထပ်ပိုးလွှာခင်း ခြင်း၊ အမှတ်(၄)ရပ်ကွက် ဦးအောင်မြတ်လမ်း (ဂုဏ်ရောင် ဓာတ်ပုံတိုက်ရှေ့) ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မြို့တွင်း လမ်းများတွင် လမ်းပေါက်ဖာထေးခြင်း လုပ်ငန်းများကို လည်း ဆောင်ရွက်မည်ဟု သိရသည်။
 
ထို့ပြင် အမှတ်(၁)ရပ်ကွက် အောင်သိဒ္ဓိလမ်း ကျောက် ချောခင်းခြင်း၊ ရေထုတ်ပြွန်တံတား သုံးစင်းတည်ဆောက် ခြင်း၊ အမှတ်(၅)ရပ်ကွက် နီလာလမ်း ကျောက်ချောခင်းခြင်း၊ ဦးအောင်ဇေယျလမ်းပေါ် ရေထုတ်ပြွန်တံတား တစ်စင်း တည်ဆောက်ခြင်း၊ ထန်းကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း၊ ချပ်သင်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ကိုးထောင်ဘို့ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ မလယ် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် မြို့တွင်းရေပိုက် လိုင်းများနှင့်ဂိတ်ဘားများပြုပြင်ခြင်း၊သားသတ်ရုံမြေနေရာဝယ်ယူခြင်း၊ သားသတ်ရုံ၂၉ ရုံတည်ဆောက်ခြင်း၊ အမှိုက် ကန် သုံးကန်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
 
 
Myanmaralin 
 
 
Read 170 times
Rate this item
(1 Vote)
Tagged under