ချောင်းရေတိုက်စားမှုကြောင့်ပျက်စီးသွားသော ကျေးလက်လမ်းနှင့် တံတားများကို ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ချောင်းရေတိုက်စားမှုကြောင့်ပျက်စီးသွားသော ကျေးလက်လမ်းနှင့် တံတားများကို  ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၌ မိုးရာသီ ကာလအတွင်းက ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများကို ပြန်လည်ပြုပြင်တည်ဆောက်နိုင် ရန်အတွက် တာဝန်ရှိသူများက အောက်တိုဘာ ၃၀ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြ သည်။

 

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှူး ဒေါ်ခင်စန္ဒာနှင့် ဝန်ထမ်းများ၊ မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဦးမြတ်မင်းထက် နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လမ်းဖြစ်မြောက်ရေးကော်မတီဝင်များက ကွင်းဆင်း စစ်ဆေးခြင်းဖြစ်သည်။

 

မိုးရာသီကာလအတွင်း ချောင်းရေတိုက်စား၍ ပျက်စီးသွားသော အောင်မြင်မြို့-သဖန်းပင်ကျေး ရွာ လမ်းပေါ်ရှိ ရိုးချောင်းတံတား၊ သရက်စိန် ကျေးရွာ-မိုးမခကျေးရွာ လမ်းပေါ်ရှိ တောင်ကျရိုး ချောင်းတံတား၊ သရက်အုပ်ကျေးရွာ-နတ်လောင်း ကျေးရွာ လမ်းပေါ်ရှိ လယ်ကြားရိုးတံတားတို့ကို ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် ကုန်ကျစရိတ်များကို ကျေးလက်လမ်းဦးစီးဌာနက စိစစ်တိုင်းထွာ တွက်ချက်ပြီး သဘာဝဘေးရန်ပုံငွေ ဘတ်ဂျက်မှ ခွင့်ပြုငွေချထားပေးနိုင်ရန် တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်းသိရသည်။

 

MyanmarAlin

Read 167 times
Rate this item
(0 votes)