မင်္ဂလာဈေး တည်ဆောက်ပြီးစီးမှု နောက်ကျနိုင်

မင်္ဂလာဈေး တည်ဆောက်ပြီးစီးမှု နောက်ကျနိုင်

ရန်ကုန်မြို့ထဲမှာ စားသုံးသူတွေလိုအပ်တဲ့ ပစ္စည်းတွေကို လက်လီလက်ကားဝယ်ယူနိုင်တဲ့ ဈေးတွေက လက်ချိုးရေလို့ရပါတယ်။ ၎င်းဈေးတွေထဲကမှ မင်္ဂလာဈေးဆိုတာက ချန်ထားခဲ့လို့ မရတဲ့ လူသိများတဲ့ ဈေးကြီးတစ်ခုဖြစ်ပါတယ်။

 

မင်္ဂလာဈေးကြီးက မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာ တည်ရှိပြီး လက်ကားရောင်းဝယ်ရေးမှာ အချက်အချာကျတဲ့ ဈေးတစ်ခု ဖြစ်ပါတယ်။ ကံမကောင်းစွာဖြင့် မင်္ဂလာဈေးကြီးက မီးဘေးနှစ်ကြိမ်သင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။

 

မင်္ဂလာဈေးမှာ ဆိုင်ခန်းပေါင်း ၄၀၀၀ကျော်ရှိပြီး ၂၀၁၀ခုနှစ်မှာ တစ်ကြိမ် မီးဘေးသင့်ခဲ့ပြီး ၂၀၁၆မှာတော့ ဒုတိယအကြိမ် ထပ်မံလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

 

၎င်းမင်္ဂလာဈေးကြီးကို ဆန်းမြတ်ထွန်းကုမ္ပဏီက ပုဂ္ဂလိကနှင့် အကျိူးတူ ပူးပေါင်းဆောက်ရွက်ကာ PPP(public-private partnership)စနစ်နဲ့ ၁၅ထပ်ရှိတဲ့ အဆောက်အအုံကြီးအဖြစ် ပြန်လည်တည်ဆောက်နေတာဟာဆိုရင်တော့ ယခုဆိုရင် ၅၅ရာခိုင်နှုန်းပြီးစီးနေပြီ လို့ သိရပါတယ်။

 

No description available.

 

ဒါပေမယ့် မမျှော်လင့်ထားတဲ့ Covid-19ကူးစက်ရောဂါကြောင့် လုပ်ငန်းဆောင်ရွက်မှုကို နှေးကွေးသွားစေပြီး မျှော်မှန်းထားတဲ့ရက်ထက် ၁နှစ်လောက်ထိ(၂၀၂၁ခုနှစ်ရဲ့ ပထမ ၆လပိုင်းလောက်ထိ) နောက်ကျနိုင်ပါတယ်။

 

ထိုအဆောက်အအုံကြီး ဆောက်လုပ်ပြီးစီးသွားတဲ့အခါမှာလည်း ယခင်မူလ မီးမလောင်ခင်က ဆိုင်ခန်းပိုင်ရှင်တွေကို နိုင်ငံတော်က ငွေကြေးကောက်ခံခြင်းမပြုလုပ်ပဲ ဆိုင်ခန်းတွေကို အလကားပြန်လည်ပေးအပ်သွားမယ်လို့လဲ သိရပါတယ်။

 

By Myanmar Builders Guide

Read 724 times
Rate this item
(0 votes)