အရှေ့တောင်အာရှရှိ ရေအားလျှပ်စစ်စီမံကိန်းများ ရပ်ဆိုင်း

အရှေ့တောင်အာရှရှိ ရေအားလျှပ်စစ်စီမံကိန်းများ ရပ်ဆိုင်း

အရှေ့တောင်အာရှရှိ မပြီးစီးသေးသော ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဆောက်လုပ်ရန်

အစီအစဉ်ရှိသောရေအားလျှပ်စစ်စီမံကိန်းများ၊ အထူးသဖြင့် မဲခေါင်မြစ်တစ်လျှောက်နှင့် ဝန်းကျင်ရှိ ရေအားလျှပ်စစ်စီမံကိန်းများသည် COVID-19 ကူးစက်ရောဂါကြောင့် ရပ်တန့်သွားကြပြီ ဖြစ်သည်။

လာအိုနိုင်ငံ
=======
လာအိုနိုင်ငံတွင် သတ္တုတူးဖော်ရေးကုမ္ပဏီမှ အလုပ်သမားတစ် ဦး ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိရပြီးချိန်တွင် လာအိုအစိုးရသည် တိုင်းပြည်ရှိ ရေအားလျှပ်စစ်တည်ဆောက်မှုအားလုံးကို ခေတ္တရပ်ဆိုင်းထားရန် အမိန့်ပေးပြီးဖြစ်သည်။ အဓိက ကျသော Luang Prabang ဆည် အပါအဝင် အနာဂတ် ရေအားလျှပ်စစ်စီမံကိန်လုပ်ငန်းများအတွက် ညှိနှိုင်းတိုင်ပင်နေသည်ကိုလည်း ရပ်ဆိုင်းလိုက်သည်။

ဆယ်စုနှစ်လေးခုအတွင်း အဆိုးရွားဆုံးသော ဒေသတွင်းမိုးခေါင်မှုနှင့် ရာသီဥတုပြောင်းလဲဆိုးဝါးစေခြင်းများ ဖြစ်ပေါ်နေစဉ် COVID-19 ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသောသက်ရောက်မှုများက ကြီးမားသောစီမံကိန်းများ ဆက်လက်လုပ်ဆောင်ဖို့ကို ရပ်တန့်သွားစေခဲ့သည်။

“ဒီသက်ရောက်မှုပမာဏက ကူးစက်ရောဂါ ဘယ်လောက်ထိ ဆက်တည်ရှိမလဲဆိုတာပေါ် မူတည်ပါတယ်။ ဒီအချိန်မှာ မသေချာမရေရာမှုတွေ အများကြီးရှိနေတယ်။ ဒီဟာက ဘယ်တော့ကုန်မှာလဲဆိုတာ ဘယ်သူမှသေချာမသိဘူး” ဟု မဲခေါင်မြစ်ကော်မရှင် အထွေထွေအတွင်းရေးမှူးဌာနက CNA သို့ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား
========
ကမ္ဘောဒီးယားမှ ကျွမ်းကျင်သူများက မဲခေါင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၃၀ ခုနှစ်အထိ ရပ်တန့်ထားရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အာရုံစိုက်ရန်အစိုးရအားတိုက်တွန်းလိုက်သည်။

သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာနအထွေထွေ ဦး စီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဗစ်တာဂျိုနာက စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် မဲခေါင်မြစ်၏ အဓိကစီးဆင်းမှုတွင် နောက်ထပ်ရေအားလျှပ်စစ်ဆည်များထပ်မံလိုအပ်ခြင်း မရှိကြောင်း VOA သို့ ပြောကြားခဲ့သည်။

"၂၀၂၀ ကနေ ၂၀၃၀ ထိအဓိကမြစ်ပေါ်မှာ ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးတွေ လုပ်မှာမဟုတ်ဘူး" ဟု သူကပြောသည်။ ဤသည်မှာ အဓိက မဲခေါင်မြစ်စီမံကိန်းများအား ဆယ်စုနှစ်တစ်ခုကြာ ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။

အဆိုပါကြေငြာချက်သည် တည်ဆောက်ရန် အစီအစဉ် ချမှတ်ထားပြီးသား ဖြစ်သော Sambor နှင့် Stung Treng ဆည် ၂ ခု ရပ်ဆိုင်းသွားစေသည်။

မြစ်လက်တက်များမှ ရေအားလျှပ်စစ် စီမံကိန်းများကိုမူ ဆက်လက် အကောင်အထည်ဖော်မည်ဟု ဆိုသည်/
ဥပမာအားဖြင့် Stung Pursat ပြည်နယ်ရှိ ၈၀ မဂ္ဂါဝပ်ထုတ်လုပ်သည့်စက်ရုံသည် အစီအစဉ် ဆက်ရှိနေဆဲဖြစ်သည်ဟု ဗစ်တာဂျိုနာကပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုဖြည့်တင်းရန်အတွက် ကမ္ဘောဒီးယားအစိုးရသည် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့လိမ့်မည်ဟုလည်း သူက ဆိုသည်။

ပြီးခဲ့သည့်အပတ်က အမျိုးသားလွှတ်တော်မှမဂ္ဂါဝပ် ၉၀၀ ရှိသည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံအား အတည်ပြုခဲ့သည်။

 

zawgyi

အေရွ႕ေတာင္အာရွရွိ ေရအားလွ်ပ္စစ္စီမံကိန္းမ်ား ရပ္ဆိုင္း

အေရွ႕ေတာင္အာရွရွိ မၿပီးစီးေသးေသာ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားႏွင့္ ေဆာက္လုပ္ရန္ အစီအစဥ္ရွိေသာေရအားလွ်ပ္စစ္စီမံကိန္းမ်ား၊ အထူးသျဖင့္ မဲေခါင္ျမစ္တစ္ေလွ်ာက္ႏွင့္ ဝန္းက်င္ရွိ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားသည္ COVID-19 ကူးစက္ေရာဂါေၾကာင့္ ရပ္တန႔္သြားၾကၿပီ ျဖစ္သည္။

လာအိုႏိုင္ငံ
=======
လာအိုႏိုင္ငံတြင္ သတၱဳတူးေဖာ္ေရးကုမၸဏီမွ အလုပ္သမားတစ္ ဦး ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရေၾကာင္း ေတြ႕ရွိရၿပီးခ်ိန္တြင္ လာအိုအစိုးရသည္ တိုင္းျပည္ရွိ ေရအားလွ်ပ္စစ္တည္ေဆာက္မႈအားလုံးကို ေခတၱရပ္ဆိုင္းထားရန္ အမိန႔္ေပးၿပီးျဖစ္သည္။ အဓိက က်ေသာ Luang Prabang ဆည္ အပါအဝင္ အနာဂတ္ ေရအားလွ်ပ္စစ္စီမံကိန္လုပ္ငန္းမ်ားအတြက္ ညႇိႏႈိင္းတိုင္ပင္ေနသည္ကိုလည္း ရပ္ဆိုင္းလိုက္သည္။

ဆယ္စုႏွစ္ေလးခုအတြင္း အဆိုး႐ြားဆုံးေသာ ေဒသတြင္းမိုးေခါင္မႈႏွင့္ ရာသီဥတုေျပာင္းလဲဆိုးဝါးေစျခင္းမ်ား ျဖစ္ေပၚေနစဥ္ COVID-19 ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ေပၚလာေသာသက္ေရာက္မႈမ်ားက ႀကီးမားေသာစီမံကိန္းမ်ား ဆက္လက္လုပ္ေဆာင္ဖို႔ကို ရပ္တန႔္သြားေစခဲ့သည္။

“ဒီသက္ေရာက္မႈပမာဏက ကူးစက္ေရာဂါ ဘယ္ေလာက္ထိ ဆက္တည္ရွိမလဲဆိုတာေပၚ မူတည္ပါတယ္။ ဒီအခ်ိန္မွာ မေသခ်ာမေရရာမႈေတြ အမ်ားႀကီးရွိေနတယ္။ ဒီဟာက ဘယ္ေတာ့ကုန္မွာလဲဆိုတာ ဘယ္သူမွေသခ်ာမသိဘူး” ဟု မဲေခါင္ျမစ္ေကာ္မရွင္ အေထြေထြအတြင္းေရးမႉးဌာနက CNA သို႔ ေျပာၾကားခဲ့သည္။

ကေမာၻဒီးယား
========
ကေမာၻဒီးယားမွ ကြၽမ္းက်င္သူမ်ားက မဲေခါင္ျမစ္ေပၚရွိ ေရအားလွ်ပ္စစ္စီမံကိန္းကို ၂၀၃၀ ခုႏွစ္အထိ ရပ္တန႔္ထားရန္ အစိုးရ၏ ဆုံးျဖတ္ခ်က္ကို ႀကိဳဆိုခဲ့ၾကၿပီး ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ကို အာ႐ုံစိုက္ရန္အစိုးရအားတိုက္တြန္းလိုက္သည္။

သတၱဳတြင္းႏွင့္ စြမ္းအင္ဝန္ႀကီးဌာနအေထြေထြ ဦး စီးဌာနမွေျပာေရးဆိုခြင့္ရွိသူ ဗစ္တာဂ်ိဳနာက စြမ္းအင္လိုအပ္ခ်က္ကို ျဖည့္ဆည္းရန္ မဲေခါင္ျမစ္၏ အဓိကစီးဆင္းမႈတြင္ ေနာက္ထပ္ေရအားလွ်ပ္စစ္ဆည္မ်ားထပ္မံလိုအပ္ျခင္း မရွိေၾကာင္း VOA သို႔ ေျပာၾကားခဲ့သည္။

"၂၀၂၀ ကေန ၂၀၃၀ ထိအဓိကျမစ္ေပၚမွာ ေရအားလွ်ပ္စစ္ ဖြံ႕ၿဖိဳးေရးေတြ လုပ္မွာမဟုတ္ဘူး" ဟု သူကေျပာသည္။ ဤသည္မွာ အဓိက မဲေခါင္ျမစ္စီမံကိန္းမ်ားအား ဆယ္စုႏွစ္တစ္ခုၾကာ ဆိုင္းငံ့ထားလိုက္ျခင္း ျဖစ္သည္။

အဆိုပါေၾကျငာခ်က္သည္ တည္ေဆာက္ရန္ အစီအစဥ္ ခ်မွတ္ထားၿပီးသား ျဖစ္ေသာ Sambor ႏွင့္ Stung Treng ဆည္ ၂ ခု ရပ္ဆိုင္းသြားေစသည္။

ျမစ္လက္တက္မ်ားမွ ေရအားလွ်ပ္စစ္ စီမံကိန္းမ်ားကိုမူ ဆက္လက္ အေကာင္အထည္ေဖာ္မည္ဟု ဆိုသည္/
ဥပမာအားျဖင့္ Stung Pursat ျပည္နယ္ရွိ ၈၀ မဂၢါဝပ္ထုတ္လုပ္သည့္စက္႐ုံသည္ အစီအစဥ္ ဆက္ရွိေနဆဲျဖစ္သည္ဟု ဗစ္တာဂ်ိဳနာကေျပာၾကားခဲ့သည္။

လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကိုျဖည့္တင္းရန္အတြက္ ကေမာၻဒီးယားအစိုးရသည္ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈကို တိုးခ်ဲ႕လိမ့္မည္ဟုလည္း သူက ဆိုသည္။

ၿပီးခဲ့သည့္အပတ္က အမ်ိဳးသားလႊတ္ေတာ္မွမဂၢါဝပ္ ၉၀၀ ရွိသည့္ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႏွစ္႐ုံအား အတည္ျပဳခဲ့သည္။

Read 16876 times
Rate this item
(1 Vote)