မောင်တောကညင်ချောင်းစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်ခြင်းလုပ်ငန်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေ

မောင်တောကညင်ချောင်းစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်ခြင်းလုပ်ငန်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေ google

 

မောင်တောကညင်ချောင်းစီးပွားရေးဇုန်ကို မတ်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း စီမံကိန်းလုပ်ငန်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလအတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

'' မတ်လ ၂၀ ရက်တွင် စီးပွားရေးဇုန်ကို ဖွင့်ဖြစ်အောင်လုပ်ခဲ့တယ်။ အခုလုပ်နေတဲ့ ဆိပ်ခံတားကလည်း လုပ်ငန်း ၃ ခုပေါင်းလိုက်လျှင် ဒီနှစ်ဘတ်ဂျက်နဲ့ဆိုရင် လုပ်ငန်းအားလုံးပြီးစီးမှုက ၇၅ ရာခိုင်နှုန်းအထက်ပြီးနေပြီ။ ဒါပေမဲ့ မုခ်ဦးက ၅၀ ရာခိုင်နှုန်းပြီးသေးတာ့ မုခ်ဦးတည်ဆောက်မှု အားလုံးပြီးစီးမှ ဖွင့်ပွဲလုပ်နိုင်အောင်ဆိုပြီး ဧပြီလထဲ ရွေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ် '' ဟု ကညင်ချောင်းစီးပွားရေးဇုန်တည်ဆောက်ရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။

 

 

>>>ဒဂုံမြို့သစ်ဆိပ်ကမ်းတွင် Smart District စီမံကိန်း ဖော်ဆောင်ရန် အဆိုပြုလွှာခေါ်ယူ<<<

 

 

ကညင်ချောင်းစီးပွားရေးဇုန်ကို ပြည်နယ်အစိုးရအဖွဲ့နှင့် ကညင်ချောင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (KED) တို့ ပူပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်းကို၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်အစိုးရက ငွေကျပ်သိန်း ၁၅၀၀၀ နှင့် KED ကုမ္ပဏီက ငွေကျပ်သိန်း ၈၀၇၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ပြည်နယ်အစိုးရက သိန်း ၁၀၀၀၀ နှင့် KED ကုမ္ပဏီက ငွေကျပ်သိန်း ၅၄၀၀ ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါစီးပွားရေးဇုန်ကို မြေ ၅၀ ဧကခန့်တွင် ယခင်အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ကုန်သွယ်ရေးဇုန်အဖြစ် စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် စီးပွားရေးဇုန်အဖြစ် တိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

 

သီးခြားအဖွဲ့မှစစ်ဆေးခြင်း လုပ်ငန်းများ ၁၄ ခုကို ရှာရန်နှိပ်ပါ

 

 

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးအတွက် ပို့ကုန်စက်လှေများ တစ်ချိန်တည်းတွင် စက်လှေ ၆ စင်းရပ်နား ကုန်တင်၊ကုန်ချလုပ်နိုင်သည့် ဆိပ်ခံတံတားကြီးတစ်စင်းကို စီးပွားရေးဇုန်တွင် တည်ဆောက်နေပြီး ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါတံတားတည်ဆောက်မှု ပြီးစီးပါက ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန်တင်ပို့မှုမှာ ပိုမိုမြန်ဆန်လာမည်ဖြစ်ပြီး စက်လှေဆိုက်ကပ်ရန် စောင့်ဆိုင်းနေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 

Read 490 times Last modified on Thursday, 12 March 2020 15:44
Rate this item
(0 votes)
Tagged under