ဒဂုံမြို့သစ်ဆိပ်ကမ်းတွင် Smart District စီမံကိန်း ဖော်ဆောင်ရန် အဆိုပြုလွှာခေါ်ယူ

ဒဂုံမြို့သစ်ဆိပ်ကမ်းတွင် Smart District စီမံကိန်း ဖော်ဆောင်ရန် အဆိုပြုလွှာခေါ်ယူ google

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းပေါ်ရှိ မြေ ၁,၁၀၀ ဧကကျော်တွင် Smart District စီမံကိန်း ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းယှဉ်ပြိုင်အဆို ပြုလွှာတင်သွင်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းအတွက် အဆိုပြုလွှာတင်သွင်းလိုသော ကုမ္ပဏီက Swiss Challenge တင်သွင်းရမည်ဖြစ်ပြီး Swiss Challenge ဆိုသည်မှာ စီမံကိန်းတစ်ခုကို ကုမ္ပဏီတစ်ခုက စီမံကိန်းဒီဇိုင်းပုံစံနှင့် ကုန်ကျစရိတ်များကို ဦးစွာအဆိုပြုတင်သွင်းရခြင်းဖြစ်ပြီး ကျန်ကုမ္ပဏီများက ထိုကုမ္ပဏီ တင်ပြလာသည့် ဒီဇိုင်းပုံစံအပေါ် ကုန်ကျစရိတ်ကို ယှဉ်ပြိုင်၍ ဈေးနှုန်းအဆိုပြုရခြင်းဖြစ်သည်။

 

 

>>>ဒလမြို့နယ်တွင် ငွေကျပ်သိန်း ၇၀၀ ကျော်ကုန်ကျခံ တည်ဆောက်ခဲ့သည့် ရေသန့်စင်စက်ရုံသစ် ဖွင့်လှစ်<<<

 

 

စီမံကိန်းကို ဝင်ရောက်ယှဉ်ပြိုင်ရသည့် ကုမ္ပဏီက မူလအဆိုပြု ကုမ္ပဏီကို ယှဉ်ပြိုင်အနိုင်ရပါက ဒီဇိုင်းကုန်ကျစရိတ်နှင့် စီမံကိန်း လေ့လာဆန်းစစ်မှု ကုန်ကျစရိတ်တို့ကို ပြန်လည်ကျခံပေး၍ လုပ်ကိုင်ခွင့်ရခြင်းကို ဆိုလိုသည်။

 

 

ကော်ဇော၊ အခင်းနှင့် ဖယောင်း လုပ်ငန်းပေါင်း ၂၉၃ ခုကို ရှာရန်နှိပ်ပါ

 

 

Smart District စီမံကိန်းတွင် ဧရာဝဏ်-ရတနာအိမ်ရာမှ လက်ရှိတွင် တည်ဆောက်နေသည့် အဆောက်အအုံ ၃၅ လုံးပါဝင်မည်ဖြစ်ပြီး ဧရာဝဏ်လမ်း၊ ရွှေလီလမ်းနှင့် ရတနာလမ်းရှိ မြေနေရာများပါဝင်မည်ဖြစ်သည်။ ၎င်းတို့တွင် လမ်း၊ ရေ၊ မီး၊ မိလ္လာ၊ အိုင်တီကွန်ရက်၊ CCTV နှင့် လုံခြုံရေးစနစ် အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

 

Myanamr Builders Guide

 

 

---Zawgyi---

 

 

ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းတြင္ Smart District စီမံကိန္း ေဖာ္ေဆာင္ရန္ အဆိုျပဳလႊာေခၚယူ

 

 

ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းေပၚရွိ ေျမ ၁,၁၀၀ ဧကေက်ာ္တြင္ Smart District စီမံကိန္း ေဖာ္ေဆာင္ရြက္ႏိုင္ရန္အတြက္ စီမံကိန္းယွဥ္ၿပိဳင္အဆို ျပဳလႊာတင္သြင္းရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဖိတ္ေခၚခဲ့ေၾကာင္း သိရသည္။

 

 

အဆိုပါစီမံကိန္းအတြက္ အဆိုျပဳလႊာတင္သြင္းလုိေသာ ကုမၸဏီက Swiss Challenge တင္သြင္းရမည္ျဖစ္ၿပီး Swiss Challenge ဆိုသည္မွာ စီမံကိန္းတစ္ခုကို ကုမၸဏီတစ္ခုက စီမံကိန္းဒီဇိုင္းပုံစံႏွင့္ ကုန္က်စရိတ္မ်ားကို ဦးစြာအဆိုျပဳတင္သြင္းရျခင္းျဖစ္ၿပီး က်န္ကုမၸဏီမ်ားက ထိုကုမၸဏီ တင္ျပလာသည့္ ဒီဇိုင္းပုံစံအေပၚ ကုန္က်စရိတ္ကို ယွဥ္ၿပိဳင္၍ ေဈးႏႈန္းအဆိုျပဳရျခင္းျဖစ္သည္။

 

 

စီမံကိန္းကို ဝင္ေရာက္ယွဥ္ၿပိဳင္ရသည့္ ကုမၸဏီက မူလအဆိုျပဳ ကုမၸဏီကို ယွဥ္ၿပိဳင္အႏိုင္ရပါက ဒီဇိုင္းကုန္က်စရိတ္ႏွင့္ စီမံကိန္း ေလ့လာဆန္းစစ္မႈ ကုန္က်စရိတ္တို႔ကို ျပန္လည္က်ခံေပး၍ လုပ္ကိုင္ခြင့္ရျခင္းကို ဆိုလိုသည္။

 

 

Smart District စီမံကိန္းတြင္ ဧရာဝဏ္-ရတနာအိမ္ရာမွ လက္ရွိတြင္ တည္ေဆာက္ေနသည့္ အေဆာက္အအုံ ၃၅ လုံးပါဝင္မည္ျဖစ္ၿပီး ဧရာဝဏ္လမ္း၊ ေ႐ႊလီလမ္းႏွင့္ ရတနာလမ္းရွိ ေျမေနရာမ်ားပါဝင္မည္ျဖစ္သည္။ ၎တို႔တြင္ လမ္း၊ ေရ၊ မီး၊ မိလႅာ၊ အိုင္တီကြန္ရက္၊ CCTV ႏွင့္ လုံၿခဳံေရးစနစ္ အေျခခံအေဆာက္အအုံမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

 

Read 3297 times Last modified on Thursday, 12 March 2020 11:34
Rate this item
(0 votes)
Tagged under