ရန်ကုန်-မန္တလေးအမြန်လမ်း အဆင့်မြှင့်စီမံကိန်းဖော်ဆောင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို ဖိတ်ခေါ်မည်

ရန်ကုန်-မန္တလေးအမြန်လမ်း အဆင့်မြှင့်စီမံကိန်းဖော်ဆောင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို ဖိတ်ခေါ်မည် google

ရန်ကုန်-မန္တလေး အမြန်လမ်းကို အဆင့်မြှင့်တင်ရေး စိတ် ဝင်စားသည့် ကုမ္ပဏီများကို ဖိတ် ခေါ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဟန်ဇော်က ပြောသည်။

 

အမြန်လမ်းစီမံကိန်းသည် ကန်ဒေါ် လာ သန်း ၉၆၀ ကျော်တန်ဖိုးရှိပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အပြီး ဆောင်ရွက်ရန် စီစဉ်ထားကြောင်း အစိုးရ၏ စီမံကိန်းဘဏ်တွင် ဖော်ပြထားသည်။

 

 

‘‘စိတ်ဝင်စားမှု ဖော်ပြလွှာ (EOI) ခေါ်ဖို့ရှိတယ်။ လမ်းကြီးကို အဆင့်မြှင့်တင်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ဖို့ရှိတယ်။အဲဒီအပေါ် မူတည်ပြီး မကြာခင် မှာ ပေါ်လာဖို့ရှိတယ်’’ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။

 

 

ကိရိယာတန်ဆာပလာ လုပ်ငန်းပေါင်း ၁၁၉ ခုကို ရှာရန်နှိပ်ပါ

 

 

လက်ရှိတွင် ထိုအမြန်လမ်း နိုင်လွန်ကတ္တရာခင်းခြင်းကို ဝန် ကြီးဌာနက ဆောင်ရွက်နေပြီး ကုန်ကျစရိတ်များ၍ ပုဂ္ဂလိကရင်း နှီးမြှုပ်နှံမှု ဖိတ်ခေါ်ရန် စီစဉ်ခြင်း ဖြစ်သည်။

 


ထိုလမ်းကြီး အဆင့်မြှင့်တင် ရန် ပထမအကြိမ် ဖိတ်ခေါ်ရာ တွင် ပြည်တွင်းကုမ္ပဏီများသာ လျှောက်ထားသဖြင့် စီမံကိန်းကို ရပ်ဆိုင်းခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဆိုထား သည်။ ရန်ကုန်-မန္တလေး အမြန် လမ်းကို လေးလမ်းသွား လမ်းမ အဖြစ် အဆင့်မြှင့်တင်ရန် စီစဉ် ထားသည်ဟု ဦးဟန်ဇော်က ဆို သည်။ ထိုလမ်းမကြီးသည် မိုင် ၄၀၀ ခန့်ရှည်လျားပြီး ရန်ကုန်- နေပြည်တော်နှင့် မန္တလေးမြို့တို့ သို့ ချိတ်ဆက်ထားသည်။

 


ရန်ကုန်-ပဲခူးလမ်းပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီဖြင့် အဆင့်မြှင့်တင်ရန် စီစဉ်ထားပြီး မိုင် ၄၀ ခန့်ရှိသည်။ ကျန်လမ်းပိုင်းကို အဆင့်မြှင့်တင် ရေး လေ့လာဆန်းစစ်လေ့လာရန် ရှိသည်ဟု အစိုးရ၏ စီမံကိန်းဘဏ်တွင် ကြေညာထားသည်။

 


ထိုလမ်းမသည် မြန်မာနိုင်ငံ ၏ တစ်ခုတည်းသော အမြန်လမ်း ဖြစ်ပြီး ပို့ဆောင်ရေးကွန်ရက် အဓိက သွေးကြောဖြစ်သည်။

 


ထို့အပြင် အနောက်ဘက် မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ချိတ်ဆက်မည့်လမ်းသစ်ဖောက်လုပ်နိုင်ရန် ခန့်မှန်းကုန်ကျစရိတ် ၇ ဘီလီယံကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္-မႏၲေလးအျမန္လမ္း အဆင့္ျမႇင့္စီမံကိန္းေဖာ္ေဆာင္ရန္ ပုဂၢလိကကုမၸဏီမ်ားကို ဖိတ္ေခၚမည္

 

 

ရန္ကုန္-မႏၲေလး အျမန္လမ္းကို အဆင့္ျမႇင့္တင္ေရး စိတ္ ဝင္စားသည့္ ကုမၸဏီမ်ားကို ဖိတ္ ေခၚကာ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ ႀကီး ဦးဟန္ေဇာ္က ေျပာသည္။

 

 

အျမန္လမ္းစီမံကိန္းသည္ ကန္ေဒၚ လာ သန္း ၉၆၀ ေက်ာ္တန္ဖိုးရွိၿပီး ၂၀၂၀-၂၁ ဘ႑ာႏွစ္မွ ၂၀၂၄-၂၅ ဘ႑ာႏွစ္အတြင္း အၿပီး ေဆာင္႐ြက္ရန္ စီစဥ္ထားေၾကာင္း အစိုးရ၏ စီမံကိန္းဘဏ္တြင္ ေဖာ္ျပထားသည္။

 

 

‘‘စိတ္ဝင္စားမႈ ေဖာ္ျပလႊာ (EOI) ေခၚဖို႔ရွိတယ္။ လမ္းႀကီးကို အဆင့္ျမႇင့္တင္ဖို႔ စိတ္ဝင္စားတဲ့ ကုမၸဏီေတြကို ဖိတ္ေခၚဖို႔ရွိတယ္။အဲဒီအေပၚ မူတည္ၿပီး မၾကာခင္ မွာ ေပၚလာဖို႔ရွိတယ္’’ဟု ျပည္ ေထာင္စုဝန္ႀကီးက ေျပာသည္။

 


လက္ရွိတြင္ ထိုအျမန္လမ္း ႏိုင္လြန္ကတၱရာခင္းျခင္းကို ဝန္ ႀကီးဌာနက ေဆာင္႐ြက္ေနၿပီး ကုန္က်စရိတ္မ်ား၍ ပုဂၢလိကရင္း ႏွီးျမႇဳပ္ႏွံမႈ ဖိတ္ေခၚရန္ စီစဥ္ျခင္း ျဖစ္သည္။

 


ထိုလမ္းႀကီး အဆင့္ျမႇင့္တင္ ရန္ ပထမအႀကိမ္ ဖိတ္ေခၚရာ တြင္ ျပည္တြင္းကုမၸဏီမ်ားသာ ေလွ်ာက္ထားသျဖင့္ စီမံကိန္းကို ရပ္ဆိုင္းျခင္းျဖစ္သည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီး ဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ဆိုထား သည္။ ရန္ကုန္-မႏၲေလး အျမန္ လမ္းကို ေလးလမ္းသြား လမ္းမ အျဖစ္ အဆင့္ျမႇင့္တင္ရန္ စီစဥ္ ထားသည္ဟု ဦးဟန္ေဇာ္က ဆို သည္။ ထိုလမ္းမႀကီးသည္ မိုင္ ၄၀၀ ခန႔္ရွည္လ်ားၿပီး ရန္ကုန္- ေနျပည္ေတာ္ႏွင့္ မႏၲေလးၿမိဳ႕တို႔ သို႔ ခ်ိတ္ဆက္ထားသည္။

 


ရန္ကုန္-ပဲခူးလမ္းပိုင္းကို အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) အကူအညီျဖင့္ အဆင့္ျမႇင့္တင္ရန္ စီစဥ္ထားၿပီး မိုင္ ၄၀ ခန႔္ရွိသည္။ က်န္လမ္းပိုင္းကို အဆင့္ျမႇင့္တင္ ေရး ေလ့လာဆန္းစစ္ေလ့လာရန္ ရွိသည္ဟု အစိုးရ၏ စီမံကိန္းဘဏ္တြင္ ေၾကညာထားသည္။

 


ထိုလမ္းမသည္ ျမန္မာႏိုင္ငံ ၏ တစ္ခုတည္းေသာ အျမန္လမ္း ျဖစ္ၿပီး ပို႔ေဆာင္ေရးကြန္ရက္ အဓိက ေသြးေၾကာျဖစ္သည္။

 


ထုိ႕အျပင္ အေနာက္ဘက္ ၿမိဳ႕ေရွာင္လမ္းမွ ရန္ကုန္-မႏၲေလးအျမန္လမ္းသို႔ ခ်ိတ္ဆက္မည့္လမ္းသစ္ေဖာက္လုပ္ႏိုင္ရန္ ခန႔္မွန္းကုန္က်စရိတ္ ၇ ဘီလီယံေက်ာ္ျဖင့္ လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

 

Read 6239 times
Rate this item
(0 votes)
Tagged under