ပျဉ်းမနား ငလိုက်ချောင်းကူးတံတား တည်ဆောက်နေမှုများ ၅၀ ရာခိုင်နှုန်းပြီးစီး၍ သင်္ကြန်မတိုင်မီ ၂ လမ်းသွား ဖွင့်လှစ်နိုင်ရန် ဆောက်ရွက်လျက်ရှိ

ပျဉ်းမနား ငလိုက်ချောင်းကူးတံတား တည်ဆောက်နေမှုများ ၅၀ ရာခိုင်နှုန်းပြီးစီး၍ သင်္ကြန်မတိုင်မီ ၂ လမ်းသွား ဖွင့်လှစ်နိုင်ရန် ဆောက်ရွက်လျက်ရှိ google

ပျဉ်းမနားမြို့ရှိ ငလိုက်ချောင်းကူး ၄ လမ်းသွား တံတားသစ် တည်ဆောက်နေမှုများ ၅၀ ရာခိုင်နှုန်းပြီးစီး၍ သင်္ကြန်မတိုင်မီ ၂ လမ်းသွားဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါတံတားသည် အရှည် ၃၄၅ ပေ၊ အကျယ် ၆၂ ပေ ၄ လက်မ၊ လူသွားလမ်းတစ်ဖက်လျှင် အကျယ် ၆ ပေပါရှိပြီး ပထမအဆင့်အဖြစ် တံတားအသစ်ကို ၂ လမ်းသွား တည်ဆောက်ပြီးစီးသွားပါက မူလတံတားအဟောင်းကို ဖျက်ပစ်မည်ဖြစ်သည်။

 

 

မူရင်းတည်ရှိသည့် ငလိုက်ချောင်းကူးချောင်းကူးတံတားသည် နှစ်ကာလကြာမြင့်သည်နှင့်အမျှ ခိုင်ခံမှုအားနည်းလာသောကြောင့် ယခုတံတားအသစ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးတည်ဆောက်ရန် လျာထားကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

ဓာတ်လှေခါးနှင့် စက်လှေခါး လုပ်ငန်းပေါင်း ၇၂ ခုကို ရှာရန်နှိပ်ပါ

 

 

ယခုတည်ဆောက်လျက်ရှိသော တံတားကို ပျဉ်းမနားမြို့ “စိုး” လျှပ်စစ်ဖောင်ဒေးရှင်းမှ နိုင်ငံတော်သို့ ငွေကျပ်သိန်းပေါင်းနှစ်သောင်းခွဲ ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ကာ ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

Read 862 times
Rate this item
(1 Vote)
Tagged under