ပဲခူးတိုင်း၊ ကရင်နှင့်ကယားပြည်နယ်များသို့ ဆက်သွယ်သွားလာနိုင်မည့် စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) ယခုနှစ် သြဂုတ်လတွင် ပြီးစီးရန်လျာထားလျက်ရှိ

ပဲခူးတိုင်း၊ ကရင်နှင့်ကယားပြည်နယ်များသို့ ဆက်သွယ်သွားလာနိုင်မည့် စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) ယခုနှစ် သြဂုတ်လတွင် ပြီးစီးရန်လျာထားလျက်ရှိ Bago region government

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအနီး ရေတာရှည်-ကရင်ချောင်း-လိပ်သို ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကိုဖြတ်၍ တည်ဆောက်ထားသည့် စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) လုပ်ငန်းပြီးစီးပါက ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်ကယားပြည်နယ်များသို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) ကို ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့မှစတင်တည်ဆောက်ကာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုနှင့်တိုင်းဒေသကြီးရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၅၅၄၂ သန်းဖြင့် ကုန်ကျခံတည်ဆောက်ထားခြင်းဖြစ်သည်။

 

 

အဆိုပါတံတားသည် အရှည် ၈၀၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ၊ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်၍ ယခုနှစ် သြဂုတ်လတွင် တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

 

အိမ်ဆောက်ပစ္စည်းဆိုင်များ လုပ်ငန်းပေါင်း ၂၄၈၂ ခုကို ရှာရန်နှိပ်ပါ

 

 

လက်ရှိတွင် ယင်းမြစ်ကူးတံတားသည် တည်ဆောက်ခြင်းလုပ်ငန်းများ ၇၂ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၆) မှ တာဝန်ယူတည်ဆောက်ထားခြင်းဖြစ်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

Read 570 times
Rate this item
(0 votes)
Tagged under