မွန်ပြည်နယ်ရှိ မြေဧက ၉၀၀ ကျော်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကိုရီးယားကုမ္ပဏီနှင့်ပူပေါင်းကာ စက်မှုဇုန်တည်ထောင်ရန် ဆွေးနွေးညှိနှိုင်းနေ

မွန်ပြည်နယ်ရှိ မြေဧက ၉၀၀ ကျော်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကိုရီးယားကုမ္ပဏီနှင့်ပူပေါင်းကာ စက်မှုဇုန်တည်ထောင်ရန် ဆွေးနွေးညှိနှိုင်းနေ google

မွန်ပြည်နယ် သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံဟောင်းတွင် စက်ရုံမြေ ၉၂၆ ဧကနှင့် ကုန်ကြမ်းစိုက်ကွင်းမြေ ၉,၆၃၀ ဧက စုစုပေါင်း ၁၀,၅၅၆ ဧ ကျယ်ဝန်းပြီး စက်မှုဇုန် တည်ထောင်နိုင်ရန် ကိုရီယားနိုင်ငံ Korea Industrial Complex Co., Ltd နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

 

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်တောင်းစက္ကူစက်ရုံဝင်းရှိ မြေ ၁၈၀ ဧကပေါ်တွင် လယ်ယာထွက်ကုန် စက်မှုကုန်ကြမ်းများဖြင့် ပျော့ဖတ်နှင့် တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်နိုင်သော စက်ရုံကို တည်ဆောက်ရန် Nilar Holdings Company Limited နှင့်လည်း ညှိနှိုင်းဆွေးနွေးနေကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက ပြောကြားသည်။

 

 

>>>ခန့်မှန်းငွေ ၇ ဘီလီယံကျော်ဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ၂ နှစ်အတွင်း ဖောက်လုပ်ရန် စီစဉ်နေ<<<

 

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကလည်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ကလည်း စစ်တောင်းစက္ကူစက်ရုံဟောင်းတွင် စက်မှုဇုန် တည်ထောင်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။ နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ကာ စက်မှုဇုန် ထူထောင်သွားနိုင်ရန်အတွက်လည်း ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

 

 

မြေကြီးရွေ့လျားစက်လုပ်ငန်းပေါင်း ၄၁ ခုကို ရှာရန်နှိပ်ပါ

 

 

Myanmar Builders Guide

 

 

---Zawgyi--

 

 

မြန္ျပည္နယ္ရွိ ေျမဧက ၉၀၀ ေက်ာ္တြင္ စက္မႈက႑ဖြံ႕ၿဖိဳးတိုးတက္ေစေရး ကိုရီးယားကုမၸဏီႏွင့္ပူေပါင္းကာ စက္မႈဇုန္တည္ေထာင္ရန္ ေဆြးေႏြးညွိႏိႈင္းေန

 

 

မြန္ျပည္နယ္ သိမ္ဇရပ္ၿမိဳ႕ရွိ စစ္ေတာင္းစကၠဴစက္ရံုေဟာင္းတြင္ စက္ရံုေျမ ၉၂၆ ဧကႏွင့္ ကုန္ၾကမ္းစိုက္ကြင္းေျမ ၉,၆၃၀ ဧက စုစုေပါင္း ၁၀,၅၅၆ ဧ က်ယ္ဝန္းၿပီး စက္မႈဇုန္ တည္ေထာင္ႏိုင္ရန္ ကိုရီယားႏိုင္ငံ Korea Industrial Complex Co., Ltd ႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး ေဆြးေႏြးညႇိႏႈိင္းလ်က္ရွိေၾကာင္း သိရသည္။

 

 

မြန္ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ စစ္ေတာင္းစကၠဴစက္႐ုံဝင္းရွိ ေျမ ၁၈၀ ဧကေပၚတြင္ လယ္ယာထြက္ကုန္ စက္မႈကုန္ၾကမ္းမ်ားျဖင့္ ေပ်ာ့ဖတ္ႏွင့္ တန္ဖိုးျမင့္ပစၥည္းမ်ား ထုတ္လုပ္ႏိုင္ေသာ စက္႐ုံကို တည္ေဆာက္ရန္ Nilar Holdings Company Limited ႏွင့္လည္း ညႇိႏႈိင္းေဆြးေႏြးေနေၾကာင္း စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာမင္းရဲပိုင္ဟိန္းက ေျပာၾကားသည္။

 

 

စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနကလည္း စက္မႈက႑ဖြံ႕ၿဖိဳးတိုးတက္ေစေရး မူဝါဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ၿပီး မြန္ျပည္နယ္ အစိုးရအဖြဲ႕ကလည္း စစ္ေတာင္းစကၠဴစက္႐ုံေဟာင္းတြင္ စက္မႈဇုန္ တည္ေထာင္ႏိုင္ရန္ လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ ေဆာက္ရြက္လ်က္ရွိေၾကာင္း သိရသည္။ ႏိုင္ငံေတာ္ အစိုးရႏွင့္ ပုဂၢလိက ပူးေပါင္းေဆာင္ရြက္ကာ စက္မႈဇုန္ ထူေထာင္သြားႏိုင္ရန္အတြက္လည္း ေဆြးေႏြးညွိႏိႈင္းလ်က္ရွိေၾကာင္း သိရသည္။

Read 1274 times
Rate this item
(0 votes)