ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးထားသည့် မကျီးဇင်တံတား တည်ဆောက်မှုများ မေလကုန်တွင် အပြီးသတ်ဆောင်ရွက်မည်

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးထားသည့် မကျီးဇင်တံတား တည်ဆောက်မှုများ မေလကုန်တွင် အပြီးသတ်ဆောင်ရွက်မည် facebook

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့် မကျီးဇင်တံတား တစ်စင်းလုံး တည်ဆောက်မှုလုပ်ငန်းများ ၇၂ ရာခိုင်နှုန်းပြီးစီးနေပြီး မေလကုန်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတား အရှည်မှာ ၁၆၈ မီတာ၊ အကျယ် ၉ ဒသမ ၃ မီတာ၊ လူသွားလမ်းတစ်ဖက်လျှင် အကျယ် ၁ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၇ ဒသမ ၃ မီတာနှင့် ၂၁ မီတာအရှည် တံတားခန်းဖွင့် ၈ ခန်း ပါဝင်ပြီး ရေလမ်းကင်းလွတ် အမြင့် ၃ ဒသမ ၆၉ မီတာ ရှိသည်။

 

 

>>>၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံရှိ ဘောလုံးကွင်းများ<<<

 

 

တံတား အပေါ်ထည်နှင့်အောက်ထည် အမျိုးအစားမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တံတားအုတ်မြစ်မှာ 1m RCC Bored Pile အမျိုးအစားဖြစ်၍ တံတားခံနိုင်ဝန်မှာ (ယာဉ်+ကုန်) တန် ၆၀ ဖြစ်ကြောင်း သိရသည်။ တံတား တည်ဆောက်ရေးစီမံကိန်းမှာ ငရုတ်ကောင်း- ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွလမ်းပေါ်၌ တည်ရှိပြီး တံတားအထူးအဖွဲ့ (၁၅) က တာဝန်ယူတည်ဆောက်နေခြင်းဖြစ်သည်။

 

 

ကရိန်း လုပ်ငန်းပေါင်း ၁၂၂ ခုကို ရှာရန်နှိပ်ပါ

 

 

ယခုအခါ တံတားသစ်စီမံကိန်း၏ ဂွဘက်ကမ်းရှိ ကမ်းကပ်ခုံ A2 မှ ရေလယ် တိုင် P4 အထိ အရှည် ၂၁ မီတာလေးခန်းအတွက် သံကူကွန်ကရစ် ရက်မ လုပ်ငန်းများနှင့် ကြမ်းခင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီး ရွှေသောင်ယံ ဘက်ကမ်းရှိ ကမ်းကပ်ခုံ A1 နှင့် ရေလယ်တိုင် P1 ကြား၊ ရေလယ်တိုင် P1၊ ရေလယ် တိုင် P2 နှင့် ရေလယ်တိုင် P3 တို့ကို ဆက်လက်တည်ဆောက်လျက်ရှိပြီး ဂွဘက်ကမ်းနှင့် ရွှေသောင်ယံဘက်ကမ်းတို့တွင် မြေကာနံရံလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ဧရာဝတီတို္င္းႏွင့္ ရခိုင္ျပည္နယ္ကို ဆက္သြယ္ေပးထားသည့္ မက်ီးဇင္တံတား တည္ေဆာက္မႈမ်ား ေမလကုန္တြင္ အျပီးသတ္ေဆာင္ရြက္မည္

 

 

ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္ကို ဆက္သြယ္ေပးမည့္ မက်ီးဇင္တံတား တစ္စင္းလံုး တည္ေဆာက္မႈလုပ္ငန္းမ်ား ၇၂ ရာခိုင္ႏႈန္းၿပီးစီးေနၿပီး ေမလကုန္တြင္ အၿပီးသတ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါတံတား အရွည္မွာ ၁၆၈ မီတာ၊ အက်ယ္ ၉ ဒသမ ၃ မီတာ၊ လူသြားလမ္းတစ္ဖက္လွ်င္ အက်ယ္ ၁ မီတာ၊ ယာဥ္သြားလမ္းအက်ယ္ ၇ ဒသမ ၃ မီတာႏွင့္ ၂၁ မီတာအရွည္ တံတားခန္းဖြင့္ ၈ ခန္း ပါဝင္ၿပီး ေရလမ္းကင္းလြတ္ အျမင့္ ၃ ဒသမ ၆၉ မီတာ ရွိသည္။

 

 

တံတား အေပၚထည္ႏွင့္ေအာက္ထည္ အမ်ိဳးအစားမွာ သံကူကြန္ကရစ္ အမ်ိဳးအစားျဖစ္ၿပီး တံတားအုတ္ျမစ္မွာ 1m RCC Bored Pile အမ်ိဳးအစားျဖစ္၍ တံတားခံႏိုင္ဝန္မွာ (ယာဥ္+ကုန္) တန္ ၆၀ ျဖစ္ေၾကာင္း သိရသည္။ တံတား တည္ေဆာက္ေရးစီမံကိန္းမွာ င႐ုတ္ေကာင္း- ေငြေဆာင္-ေခ်ာင္းသာ-ေ႐ႊေသာင္ယံ-မက်ီးဇင္-ေက်ာက္ခြၽန္-ဂြလမ္းေပၚ၌ တည္ရွိၿပီး တံတားအထူးအဖြဲ႔ (၁၅) က တာဝန္ယူတည္ေဆာက္ေနျခင္းျဖစ္သည္။

 

 

ယခုအခါ တံတားသစ္စီမံကိန္း၏ ဂြဘက္ကမ္းရွိ ကမ္းကပ္ခုံ A2 မွ ေရလယ္ တိုင္ P4 အထိ အရွည္ ၂၁ မီတာေလးခန္းအတြက္ သံကူကြန္ကရစ္ ရက္မ လုပ္ငန္းမ်ားႏွင့္ ၾကမ္းခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီးစီးေနၿပီး ေ႐ႊေသာင္ယံ ဘက္ကမ္းရွိ ကမ္းကပ္ခုံ A1 ႏွင့္ ေရလယ္တိုင္ P1 ၾကား၊ ေရလယ္တိုင္ P1၊ ေရလယ္ တိုင္ P2 ႏွင့္ ေရလယ္တိုင္ P3 တို႔ကို ဆက္လက္တည္ေဆာက္လ်က္ရွိၿပီး ဂြဘက္ကမ္းႏွင့္ ေ႐ႊေသာင္ယံဘက္ကမ္းတို႔တြင္ ေျမကာနံရံလုပ္ငန္းမ်ားအား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

 

Read 3764 times Last modified on Thursday, 20 February 2020 10:08
Rate this item
(0 votes)
Tagged under

Related items