နိုင်ငံတကာအဆင့်မီ ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လူကူးလမ်းအတွက် ငွေကျပ် ၂ ဘီလျံကျော်ဖြင့် တည်ဆောက်မည်

နိုင်ငံတကာအဆင့်မီ ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လူကူးလမ်းအတွက် ငွေကျပ် ၂ ဘီလျံကျော်ဖြင့် တည်ဆောက်မည် google

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမကြီးအောက်မှဖြတ်၍ TTC နှင့် Junction Square သို့ ချိတ်ဆက်ကာ မြေအောက်လူကူးလမ်းအတွက် ငွေကျပ် ၂ ဘီလျံကျော် အသုံးပြု ဖောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

မြေအောက်လူကူလမ်းအကျယ်မှာ ၇၇ ပေရှိ၍ အမြင့် ၁၀ ပေရှိကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ငွေကျပ် ၂ ဒသမ ၁၅ ဘီလျံ အသုံးပြုဆောင်ရွက်နေခြင်း ဖြစ်သည်။

 

 

အဆိုပါမြေအောက်လမ်းတည်ဆောက်ခြင်းလုပ်ငန်းများတွင် လမ်း၏ ဘယ်၊ ညာတွင် မသန်စွမ်းများ သွားလာမှု အဆင်ပြေစေရန်အတွက် စက်လှေကားများ ထည့်သွင်းထားခြင်း၊ လုံခြုံရေးစနစ်အရ ဈေးဆိုင်ခန်းများ တည်ဆောက်ခြင်းအပါအဝင် လျှပ်စစ်မီးပြတ် တောက်မှုမရှိစေရန် အလိုအလျောက် လျှပ်စစ်မီးပေးနိုင်သည့် အရန်မီးစက်များပါ ထည့်သွင်းခြင်း၊ စီမံကိန်းအတွင်းမှ သစ်ပင် ၄၆ ပင်ကို လှော်ကားဥယျာဉ်အတွင်း ပြောင်းရွေ့စိုက်ထားခြင်း၊ အထဲတွင် လေထုညစ်ညမ်းမှုအတွက် ဆောင်ရွက်ထားခြင်း စသည်တို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

 


>>>သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် EDCF ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေရယူရေးကိစ္စ ဆွေးနွေး<<<

 

 

ယာဉ်ကြောခြောက်လမ်းရှိသည့် ပြည်လမ်းမတွင် မြေအောက်လမ်းကူး တည်ဆောက်ရေးလုပ်ငန်းအရ တစ်လမ်းပိတ်စနစ် ဆောင်ရွက်မည်ဖြစ်ပြီး ငါးလမ်းသာ အသုံးပြု ရမည်ဖြစ်ကြောင်းသိရသည်။

 

 

မြေအောက်လမ်းတည်ဆောက်ခြင်း စီမံကိန်းနှင့် ပတ်သက်၍ '' ၂၁ ရက်နေ့မှာ စပြီးတော့ လမ်းလွှဲကို လုပ်မှာဖြစ်ပါတယ်။ မင်္ဂလာဒုံဘက်ကနေ မြို့ ထဲပိုင်းကို လာတဲ့သူတွေက လမ်း ၃ လမ်းအသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ အဲဒီအတိုင်းဆက် ပြီးသွားမှာပါ။ UnderPass လုပ်တဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုကလည်း ဖြစ်မှာ မဟုတ်ပါဘူး။ မြေငလျင်နဲ့ပတ်သက်ပြီး Underpass ကို တည်ဆောက်ထားတာဖြစ်တဲ့အတွက် စိတ်ချလက်ချနဲ့ နိုင်ငံတကာအဆင့်မီ Underpass ကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ အလိုအလျောက် ထလည်တဲ့ မီးစက်တွေကိုလည်း တပ်ထားမှာဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုကအစ အားလုံးအဆင်ပြေအောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ Underpass ပြီးသွားရင် မကြာခဏ ဖြစ်နေတဲ့ ယာဉ်တိုက်မှုတွေလည်း လျော့ချသွားမှာပါ '' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (၇) ဦး ဝင်းမြင့်သန်းက ပြောသည်။

 

 

အစိုးရဘဏ် လုပ်ငန်းပေါင်း ၅၀ ခုကို ရှာရန်နှိပ်ပါ

 


လက်ရှိတွင် TTC ဘက်ခြမ်းတွင် လမ်းလွှဲများ ပြုလုပ်နေပြီး မြေတူးဖော်ရေးနှင့် မြေညှိခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး ယခုနှစ်အကုန်တွင် အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ႏိုင္ငံတကာအဆင့္မီ ရန္ကုန္ၿမိဳ႕၏ ပထမဆံုး ေျမေအာက္လူကူးလမ္းအတြက္ ေငြက်ပ္ ၂ ဘီလ်ံေက်ာ္ျဖင့္ တည္ေဆာက္မည္

 

 

ရန္ကုန္တိုင္းေဒသႀကီး၊ ကမာရြတ္ၿမိဳ႕နယ္၊ ျပည္လမ္းမႀကီးေအာက္မွျဖတ္၍ TTC ႏွင့္ Junction Square သို႔ ခ်ိတ္ဆက္ကာ ေျမေအာက္လူကူးလမ္းအတြက္ ေငြက်ပ္ ၂ ဘီလ်ံေက်ာ္ အသံုးျပဳ ေဖာက္လုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

 

 

ေျမေအာက္လူကူလမ္းအက်ယ္မွာ ၇၇ ေပရွိ၍ အျမင့္ ၁၀ ေပရွိကာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ေငြက်ပ္ ၂ ဒသမ ၁၅ ဘီလ်ံ အသံုးျပဳေဆာင္ရြက္ေနျခင္း ျဖစ္သည္။

 

 

အဆိုပါေျမေအာက္လမ္းတည္ေဆာက္ျခင္းလုပ္ငန္းမ်ားတြင္ လမ္း၏ ဘယ္၊ ညာတြင္ မသန္စြမ္းမ်ား သြားလာမႈ အဆင္ေျပေစရန္အတြက္ စက္ေလွကားမ်ား ထည့္သြင္းထားျခင္း၊ လုံၿခဳံေရးစနစ္အရ ေစ်းဆိုင္ခန္းမ်ား တည္ေဆာက္ျခင္းအပါအဝင္ လွ်ပ္စစ္မီးျပတ္ ေတာက္မႈမရွိေစရန္ အလိုအေလ်ာက္ လွ်ပ္စစ္မီးေပးႏိုင္သည့္ အရန္မီးစက္မ်ားပါ ထည့္သြင္းျခင္း၊ စီမံကိန္းအတြင္းမွ သစ္ပင္ ၄၆ ပင္ကို ေလွာ္ကားဥယ်ာဥ္အတြင္း ေျပာင္းေရြ႕စိုက္ထားျခင္း၊ အထဲတြင္ ေလထုညစ္ညမ္းမႈအတြက္ ေဆာင္ရြက္ထားျခင္း စသည္တို႔ကို လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

ယာဥ္ေၾကာေျခာက္လမ္းရွိသည့္ ျပည္လမ္းမတြင္ ေျမေအာက္လမ္းကူး တည္ေဆာက္ေရးလုပ္ငန္းအရ တစ္လမ္းပိတ္စနစ္ ေဆာင္႐ြက္မည္ျဖစ္ၿပီး ငါးလမ္းသာ အသုံးျပဳ ရမည္ျဖစ္ေၾကာင္းသိရသည္။

 

 

ေျမေအာက္လမ္းတည္ေဆာက္ျခင္း စီမံကိန္းႏွင့္ ပတ္သက္၍ '' ၂၁ ရက္ေန႔မွာ စၿပီးေတာ့ လမ္းလႊဲကို လုပ္မွာျဖစ္ပါတယ္။ မဂၤလာဒုံဘက္ကေန ၿမိဳ႕ ထဲပိုင္းကို လာတဲ့သူေတြက လမ္း ၃ လမ္းအသုံးျပဳခြင့္ရမွာျဖစ္ပါတယ္။ အဲဒီအတိုင္းဆက္ ၿပီးသြားမွာပါ။ UnderPass လုပ္တဲ့အတြက္ ယာဥ္ေၾကာက်ပ္တည္းမႈကလည္း ျဖစ္မွာ မဟုတ္ပါဘူး။ ေျမငလ်င္နဲ႔ပတ္သက္ၿပီး Underpass ကို တည္ေဆာက္ထားတာျဖစ္တဲ့အတြက္ စိတ္ခ်လက္ခ်နဲ႔ ႏိုင္ငံတကာအဆင့္မီ Underpass ကို တည္ေဆာက္ေနတာ ျဖစ္ပါတယ္။ အလိုအေလ်ာက္ ထလည္တဲ့ မီးစက္ေတြကိုလည္း တပ္ထားမွာျဖစ္ပါတယ္။ ေလထုညစ္ညမ္းမႈကအစ အားလုံးအဆင္ေျပေအာင္ ေဆာင္႐ြက္မွာျဖစ္ပါတယ္။ Underpass ၿပီးသြားရင္ မၾကာခဏ ျဖစ္ေနတဲ့ ယာဥ္တိုက္မႈေတြလည္း ေလ်ာ့ခ်သြားမွာပါ '' ဟု ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ (၇) ဦး ဝင္းျမင့္သန္းက ေျပာသည္။

 


လက္ရွိတြင္ TTC ဘက္ျခမ္းတြင္ လမ္းလႊဲမ်ား ျပဳလုပ္ေနၿပီး ေျမတူးေဖာ္ေရးႏွင့္ ေျမညွိျခင္းလုပ္ငန္းမ်ား စတင္ေဆာင္ရြက္ေနၿပီး ယခုႏွစ္အကုန္တြင္ အၿပီးသတ္တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

 

Read 7628 times Last modified on Thursday, 20 February 2020 11:22
Rate this item
(0 votes)
Tagged under

Related items