ရန်ကုန်မိုးပျံကားလမ်းစီမံကိန်းကြောင့် ထိခိုက်နစ်နာသူများအား လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး အထောက်အပံ့များက ပေးအပ်သွားမည်

ရန်ကုန်မိုးပျံကားလမ်းစီမံကိန်းကြောင့် ထိခိုက်နစ်နာသူများအား လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး အထောက်အပံ့များက ပေးအပ်သွားမည် google

ရန်ကုန်မိုးပျံအမြန်ကားလမ်းစီမံကိန်းကြောင့် ထိခိုက်နစ်နာသူများအား လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး အထောက်အပံ့များကို တွက်ချက်ပေးသည့်အပြင် လူမှုရေး၊ စီးပွားရေး ထူထောင်ရန် ဆောင်ရွက်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်ကဆိုသည်။

 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကို စီမံကိန်းအကျုံးဝင်သည့်နေ့အဖြစ်သတ်မှတ်ထားကာ ထိုရက်အတွင်း တည်ရှိသည့် အဆောက်အအုံများကို မြေယာလျော် ကြေးပေးမည်ဖြစ်သည်။ စီမံကိန်းသက်ရောက်မည့် ဧရိယာတစ်ခုလုံးကို ဖေဖော်ဝါရီ ၁၀ ရက်မှ မတ်လ ၁၀ ရက်အထိ စစ်တမ်းကောက်ယူရန် လျာထားသည်ဖြစ်ကြောင်း သိရသည်။

 

 

ရန်ကုန်မိုးပျံကားလမ်းစီမံကိန်း အကောင်အထည်ဖော်ရာတွင် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့ရှိ အိမ်နှင့် အဆောက်အအုံများ ထိခိုက်နိုင်မည်ဖြစ်ပြီး မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ အင်းစိန်မြို့နယ်များတွင် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

 

>>>ပဲခူးတိုင်းဒေသကြီးအတွင်း ငွေကျပ်ပေါင်း သိန်း ၇၈၀၀ ကျော် အကုန်ကျခံကာ သဘာဝဘေးဒဏ်ခံနိုင်ရန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့<<<

 

 

စီမံကိန်းအတွင်း အများဆုံး ထိခိုက်နိုင်သော မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောက်ရေတွင်းဝန်းကျင်နှင့် တောင်ဥက္ကလာပမြို့နယ်ရှိ စက်မှုဇုန်ဝန်းကျင်တို့တွင် အများဆုံး ထိခိုက်နိုင်မည်ဖြစ်ပြီး သက်ရောက်မှုရှိသော အဆောက်အအုံများကို မြေပြင်စစ်တမ်းကောက်ယူမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။

 

 

ရေတွင်းတူးရေး လုပ်ငန်းပေါင်း ၇၅ ခုကို ရှာရန်နှိပ်ပါ

 

 

ရန်ကုန်မိုးပျံကားလမ်းစီမံကိန်းကို တည်ဆောက်ချိန် ၃ နှစ်ခွဲကြာမြင့်မည်ဖြစ်ပြီး ယခုနှစ် ဇွန်လကုန်တွင် မြေပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်၍ ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

 

 

ထိုစီမံကိန်းကို ၂၀၂၅ ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ဒေါ်လာသန်း ၈၀၀ မှ ၁ ဘီလီယံကြား ကုန်ကျမည်ဖြစ်ကာ တံတားအသုံးပြုခအဖြစ် ယာဉ်တစ်စီးထံမှ ကျပ် ၁၃၀၀ မှ ၂၈၀၀ ကြားရရှိမည်ဖြစ်ကြောင်း သိရသည်။

 

 

တင်ဒါအောင်ကုမ္ပဏီကလုပ်ကိုင် ခွင့် ၃၅ နှစ် ရရှိမည်ဖြစ်သည်။ '' ကုမ္ပဏီက ငွေအကုန်လုံးကို ယူလာပြီး ဗဟိုဘဏ်ထဲ ထည့်ထားရမယ်။ ဒါမှ ငွေမရှိလို့ ဆက် မလုပ်နိုင်ဘူးဆိုပြီး ရပ်သွားတဲ့ စီ မံကိန်းမဖြစ်အောင်လို့ပါ '' ဟု ဦး ကြည်ဇော်မြင့်က တောင်ဥက္ကလာပမြို့နယ် လူထုတွေ့ဆုံပွဲတွင် ပြောသည်။

 


ယခုဆောင်ရွက်မည့် စီမံကိန်းသည် အပိုင်း (၁)ဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါပုံ တံတားအဆင်းကစတင်ကာ အ ထက်ပုဇွန်တောင်လမ်း၊ သံသုမာ လမ်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာ လမ်းတို့မှ ဖြတ်သန်းပြီး ခရေပင် လမ်းဆုံအထိ ၁၉ ကီလိုမီတာ (၁၁ မိုင်ကျော်)၊ ထို့နောက် တညင်းကုန်းလမ်းဆုံအထိ ၅ ဒသမ ၅ ကီလိုမီတာ (သုံးမိုင်ခွဲခန့်)နှင့် ရန်ကုန်လေဆိပ် အဝင်လမ်းအ ဖြစ် ၂ ဒသမ ၅ ကီလိုမီတာ (တစ် မိုင်ခွဲ)တို့ဖြစ်သည်။ ထိုလမ်းသည် စုစုပေါင်း အရှည် ၂၇ ကီလိုမီတာ (၁၆ မိုင်ကျော်)နှင့် အကျယ်မီတာ ၃၀ (ပေ ၁၀၀ ခန့်) ရှိသည်။

 

 

လက်ရှိတွင် ရန်ကုန်မိုးပျံအမြန်လမ်း အပိုင်း (၁) ၏ စီမံကိန်းဆိုင်ရာ အချက်အလက်များကို စီမံကိန်းအတွင်းကျရောက်သည့် မြို့နယ် ၆ ခုတွင် အများပြည်သူများသို့ ရှင်းလင်း ပြောပြခြင်းများ လုပ်ဆောင်လျက်ရှိပြီး အခမ်းအနားသို့ သက်ဆိုင်ရာမြို့နယ်အလိုက် မည်သူမဆို တက်ရောက်ခွင့်ရှိကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္မိုးပ်ံကားလမ္းစီမံကိန္းေၾကာင့္ ထိခိုက္နစ္နာသူမ်ားအား ေလ်ာ္ေၾကးႏွင့္ ျပန္လည္ေနရာခ်ထားေရး အေထာက္အပံ့မ်ားက ေပးအပ္သြားမည္

 


ရန္ကုန္မိုးပ်ံအျမန္ကားလမ္းစီမံကိန္းေၾကာင့္ ထိခိုက္နစ္နာသူမ်ားအား ေလ်ာ္ေၾကးႏွင့္ ျပန္လည္ေနရာခ်ထားေရး အေထာက္အပံ့မ်ားကို တြက္ခ်က္ေပးသည့္အျပင္ လူမႈေရး၊ စီးပြားေရး ထူေထာင္ရန္ ေဆာင္႐ြက္ေပးမည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္ကဆိုသည္။

 

 

ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ကို စီမံကိန္းအက်ဳံးဝင္သည့္ေန႔အျဖစ္သတ္မွတ္ထားကာ ထိုရက္အတြင္း တည္ရွိသည့္ အေဆာက္အအံုမ်ားကို ေျမယာေလ်ာ္ ေၾကးေပးမည္ျဖစ္သည္။ စီမံကိန္းသက္ေရာက္မည့္ ဧရိယာတစ္ခုလုံးကို ေဖေဖာ္ဝါရီ ၁၀ ရက္မွ မတ္လ ၁၀ ရက္အထိ စစ္တမ္းေကာက္ယူရန္ လ်ာထားသည္ျဖစ္ေၾကာင္း သိရသည္။

 

 

ရန္ကုန္မိုးပ်ံကားလမ္းစီမံကိန္း အေကာင္အထည္ေဖာ္ရာတြင္ ေတာင္ဥကၠလာပ၊ ေျမာက္ဥကၠလာပႏွင့္ မရမ္းကုန္းၿမိဳ႕နယ္တို႔ရွိ အိမ္ႏွင့္ အေဆာက္အအုံမ်ား ထိခိုက္ႏိုင္မည္ျဖစ္ၿပီး မဂၤလာေတာင္ၫြန႔္၊ တာေမြ၊ သဃၤန္းကြၽန္း၊ အင္းစိန္ၿမိဳ႕နယ္မ်ားတြင္ ထိခိုက္မႈမရွိေၾကာင္း သိရသည္။

 

 

စီမံကိန္းအတြင္း အမ်ားဆုံး ထိခိုက္ႏိုင္ေသာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေက်ာက္ေရတြင္းဝန္းက်င္ႏွင့္ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ စက္မႈဇုန္ဝန္းက်င္တို႔တြင္ အမ်ားဆုံး ထိခိုက္ႏိုင္မည္ျဖစ္ၿပီး သက္ေရာက္မႈရွိေသာ အေဆာက္အအုံမ်ားကို ေျမျပင္စစ္တမ္းေကာက္ယူမည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဆိုသည္။

 

 

ရန္ကုန္မိုးပ်ံကားလမ္းစီမံကိန္းကို တည္ေဆာက္ခ်ိန္ ၃ ႏွစ္ခြဲၾကာျမင့္မည္ျဖစ္ၿပီး ယခုႏွစ္ ဇြန္လကုန္တြင္ ေျမျပင္တည္ေဆာက္ျခင္း လုပ္ငန္းမ်ားကို စတင္ေဆာင္ရြက္ႏိုင္မည္ျဖစ္၍ ငလ်င္ဒဏ္ခံႏိုင္ေအာင္ ေဆာက္လုပ္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

ထိုစီမံကိန္းကို ၂၀၂၅ ခုႏွစ္တြင္ စတင္အသံုးျပဳႏိုင္မည္ျဖစ္ၿပီး ေဒၚလာသန္း ၈၀၀ မွ ၁ ဘီလီယံၾကား ကုန္က်မည္ျဖစ္ကာ တံတားအသံုးျပဳခအျဖစ္ ယာဥ္တစ္စီးထံမွ က်ပ္ ၁၃၀၀ မွ ၂၈၀၀ ၾကားရရွိမည္ျဖစ္ေၾကာင္း သိရသည္။

 

 

တင္ဒါေအာင္ကုမၸဏီကလုပ္ကိုင္ ခြင့္ ၃၅ ႏွစ္ ရရွိမည္ျဖစ္သည္။ '' ကုမၸဏီက ေငြအကုန္လုံးကို ယူလာၿပီး ဗဟိုဘဏ္ထဲ ထည့္ထားရမယ္။ ဒါမွ ေငြမရွိလို႔ ဆက္ မလုပ္ႏိုင္ဘူးဆိုၿပီး ရပ္သြားတဲ့ စီ မံကိန္းမျဖစ္ေအာင္လို႔ပါ '' ဟု ဦး ၾကည္ေဇာ္ျမင့္က ေတာင္ဥကၠလာပၿမိဳ႕နယ္ လူထုေတြ႕ဆုံပြဲတြင္ ေျပာသည္။

 


ယခုေဆာင္႐ြက္မည့္ စီမံကိန္းသည္ အပိုင္း (၁)ျဖစ္ၿပီး မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ေဒါပုံ တံတားအဆင္းကစတင္ကာ အ ထက္ပုဇြန္ေတာင္လမ္း၊ သံသုမာ လမ္း၊ ေဝဇယႏၲာလမ္း၊ သုဓမၼာ လမ္းတို႔မွ ျဖတ္သန္းၿပီး ခေရပင္ လမ္းဆုံအထိ ၁၉ ကီလိုမီတာ (၁၁ မိုင္ေက်ာ္)၊ ထို႔ေနာက္ တညင္းကုန္းလမ္းဆုံအထိ ၅ ဒသမ ၅ ကီလိုမီတာ (သုံးမိုင္ခြဲခန႔္)ႏွင့္ ရန္ကုန္ေလဆိပ္ အဝင္လမ္းအ ျဖစ္ ၂ ဒသမ ၅ ကီလိုမီတာ (တစ္ မိုင္ခြဲ)တို႔ျဖစ္သည္။ ထိုလမ္းသည္ စုစုေပါင္း အရွည္ ၂၇ ကီလိုမီတာ (၁၆ မိုင္ေက်ာ္)ႏွင့္ အက်ယ္မီတာ ၃၀ (ေပ ၁၀၀ ခန႔္) ရွိသည္။

 

 

လက္ရွိတြင္ ရန္ကုန္မိုးပ်ံအျမန္လမ္း အပိုင္း (၁) ၏ စီမံကိန္းဆိုင္ရာ အခ်က္အလက္မ်ားကို စီမံကိန္းအတြင္းက်ေရာက္သည့္ ၿမိဳ႕နယ္ ၆ ခုတြင္ အမ်ားျပည္သူမ်ားသို႔ ရွင္းလင္း ေျပာျပျခင္းမ်ား လုပ္ေဆာင္လ်က္ရွိၿပီး အခမ္းအနားသို႔ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ မည္သူမဆိုု တက္ေရာက္ခြင့္ရွိေၾကာင္း သိရသည္။

 

 

Read 13683 times Last modified on Thursday, 27 February 2020 13:38
Rate this item
(1 Vote)
Tagged under

Related items