ငွေကျပ် ၂၈ ဒဿမ ၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်လျက်ရှိသည့် ပုသိမ်တံတားအမှတ် (၂) ကို စက်တင်ဘာတွင် အပြီးသတ်မည်

ငွေကျပ် ၂၈ ဒဿမ ၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်လျက်ရှိသည့် ပုသိမ်တံတားအမှတ် (၂) ကို စက်တင်ဘာတွင် အပြီးသတ်မည် google

ချောင်းသာ၊ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်ရှိကမ်းခြေများကို ချိတ်ဆက်သွားလာနိုင်ရန် ရည်ရွယ်၍ ပုသိမ်တံတားအမှတ ်(၂) ကို ငွေကျပ်၂၈ဒဿမ ၅ဘီလီယံ အကုန်အကျခံ တည်ဆောက်လျက်ရှိသည်။

 

ပုသိမ်တံတားအမှတ် (၂) တည်ဆောက်မှုသည် လက်ရှိတွင် ၆၉ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး လာမည့်စက်တင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

 

 

>>>ဆောင်ရွက်ဆဲလုပ်ငန်းများမှ မတည်ငွေ တိုးမြှင့်ကာ လုပ်ငန်းသစ် ၁၂ ခုအား ခွင့်ပြု<<<

 

 

၂ဝ၁၈ ခုနှစ်အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ အခြေခံဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး တံတားအရှည်မှာ ပေ ၂၃၈၀ရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၈ပေရှိသည်။

 

 

လူသွားလမ်းတစ်ဖက်လျှင် အကျယ် ၅ ပေစီပါဝင်နေကာ ရေလမ်းကင်းလွတ် အကျယ် ၄၁၆ ပေနှင့် အမြင့်ပေ ၆၀ ရှိကြောင်း တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး တံတားအထူးအဖွဲ့(၁၆)၏ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာ ဒေါ်သစ်သစ်အောင်ကပြောသည်။

 

 

ဆိုင်းဘုတ် လုပ်ငန်းပေါင်း ၂၅၄ ခုကို ရှာရန်နှိပ်ပါ

 

 

မူလပုသိမ်ကြိုးတံတား၏ ခံနိုင်ဝန်လျော့နည်းလာခြင်းနှင့် မြို့ပြအိမ်ရာများ တိုးချဲ့ရန် လိုအပ်လာခြင်း အပါအဝင် ပုသိမ်မြို့၏ မြို့ပြလူနေမှုစနစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သွားလာရလွယ်ကူစေရန် ရည်ရွယ်ကာ ပုသိမ်တံတားအမှတ်(၂)ကို တည်ဆောက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေငြက်ပ္ ၂၈ ဒႆမ ၅ ဘီလီယံ အကုန္အက်ခံ တည္ေဆာက္လ်က္ရွိသည့္ ပုသိမ္တံတားအမွတ္ (၂) ကုိ စက္တင္ဘာတြင္ အျပီးသတ္မည္

 

 

ေခ်ာင္းသာ၊ေငြေဆာင္အပါအဝင္ ဧရာဝတီတုိင္းေဒသၾကီး ႏွင့္ ရခုိင္ျပည္နယ္ရွိကမ္းေျခမ်ားကုိ ခ်ိတ္ဆက္သြားလာႏုိင္ရန္ ရည္ရြယ္၍ ပုသိမ္တံတားအမွတ ္(၂) ကုိ ေငြက်ပ္၂၈ဒႆမ ၅ဘီလီယံ အကုန္အက်ခံ တည္ေဆာက္လ်က္ရွိသည္။

 

 

ပုသိမ္တံတားအမွတ္ (၂) တည္ေဆာက္မႈသည္ လက္ရွိတြင္ ၆၉ ရာခုိင္ႏႈန္းျပီးစီးေနျပီျဖစ္ျပီး လာမည့္စက္တင္ဘာလတြင္ ဖြင့္လွစ္ႏုိင္ရန္ ေဆာင္ရြက္လ်က္ရွိသည္။

 

 

၂ဝ၁၈ ခုႏွစ္ေအာက္တုိဘာ ၂၇ ရက္မွ စတင္ကာ အေျခခံေဆာက္လုပ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ျပီး တံတားအရွည္မွာ ေပ ၂၃၈၀ရွိျပီး ယာဥ္သြားလမ္းအက်ယ္ ၂၈ေပရွိသည္။

 

 

လူသြားလမ္းတစ္ဖက္လွ်င္ အက်ယ္ ၅ ေပစီပါဝင္ေနကာ ေရလမ္းကင္းလြတ္ အက်ယ္ ၄၁၆ ေပႏွင့္ အျမင့္ေပ ၆၀ ရွိေၾကာင္း တံတားဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး တံတားအထူးအဖြဲ႕(၁၆)၏ စီမံကိန္းတာဝန္ခံ အင္ဂ်င္နီယာ ေဒၚသစ္သစ္ေအာင္ကေျပာသည္။

 

 

မူလပုသိမ္ၾကိဳးတံတား၏ ခံႏုိင္ဝန္ေလ်ာ့နည္းလာျခင္းႏွင့္ ျမိဳ႕ျပအိမ္ရာမ်ား တုိးခ်ဲ႕ရန္ လုိအပ္လာျခင္း အပါအဝင္ ပုသိမ္ျမိဳ႕၏ ျမိဳ႕ျပလူေနမႈစနစ္ဖြံ႕ျဖိဳးတုိးတက္လာေစရန္ႏွင့္ သြားလာရလြယ္ကူေစရန္ ရည္ရြယ္ကာ ပုသိမ္တံတားအမွတ္(၂)ကုိ တည္ေဆာက္ျခင္းျဖစ္ေၾကာင္း ၎ကဆုိသည္။

 

Read 1333 times Last modified on Thursday, 20 February 2020 11:26
Rate this item
(0 votes)
Tagged under

Related items