ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းပြီးစီးပါက တစ်ရက်လျှင် ခရီးသည် ၂၆၀၀၀၀ ခန့်အထိ သွားလာနိုင်မည်

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းပြီးစီးပါက တစ်ရက်လျှင် ခရီးသည် ၂၆၀၀၀၀ ခန့်အထိ သွားလာနိုင်မည် google

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတစ်ခုလုံးပြီးစီးပါက တစ်ရက်လျှင် ခရီးသည်ဦးရေ ၇၃၀၀၀ ဦးခန့်မှ ၂၆၀၀၀၀ ဦးခန့် သွားလာနိုင်မည်ဖြစ်ပြီး ရထားပြေးဆွဲချိန်သည် ယခင်ကထက် ၂ နာရီ ၅၀ မိနစ်မှ ၁ နာရီ ၅၀ မိနစ်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် စီမံကိန်းတစ်လုံးကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးမည်ဖြစ်၍ မြို့ပတ်ရထားလမ်းပိုင်း ပြင်ဆင်မှု ၈၄ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ တစ်ဆင့် သိရသည်။

 

 

ရထားလမ်းအဆင့်မြှင်တင်ခြင်းလုပ်ငန်းများတွင် ရထားလမ်း၊ အချက်ပြစနစ်၊ လူကူးလမ်း၊ ကားကူးလမ်း၊ ပလက်ဖောင်း၊ ခြံစည်းရိုးတို့ကို ပြင်ဆင်ခြင်းနှင့် ရထားတွဲအသစ်များ ဝယ်ယူခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

 

ဘဏ် (နိုင်ငံခြား) လုပ်ငန်းပေါင်း ၃၇ ခုကိုရှာရန်နှိပ်ပါ

 

 

စီမံကိန်းအတွက် ဘဏ္ဍာငွေအနေဖြင့် မြို့ပြအင်ဂျင်နီယာလုပ်ငန်းအတွက် ငွေကျပ် ၅၄ ဘီလီယံလျာထားပြီး DEMU တွဲဆိုင်းအသစ် ၁၁ ဆိုင်း၊ အချက်ပြ ဆက်သွယ်ရေးစနစ်အတွက် အမေရိကန်ဒေါ်လာ ၂၀၇ သန်းကို ဂျပန် ODA Loan ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ရန်ကုန်မြို့ပတ်ရထားလမ်းတွင် အစုန်အဆန် စုစုပေါင်း ၅၉ မိုင်ရှိပြီး ဘူတာပေါင်း ၃၈ ဘူတာရှိ၍ လက်ရှိတွင် ပုရွက်ဆိတ်ကုန်း-ပုဇွန်တောင်အထိ ဘူတာ ၇ ခုကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ဇူလိုင်လတွင် အပြီးလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမွင့္တင္ေရးစီမံကိန္းၿပီးစီးပါက တစ္ရက္လွ်င္ ခရီးသည္ ၂၆၀၀၀၀ ခန္႔အထိ သြားလာႏိုင္မည္

 

 

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမွင့္တင္ေရးစီမံကိန္းတစ္ခုလံုးၿပီးစီးပါက တစ္ရက္လွ်င္ ခရီးသည္ဦးေရ ၇၃၀၀၀ ဦးခန္႔မွ ၂၆၀၀၀၀ ဦးခန္႔ သြားလာႏိုင္မည္ျဖစ္ၿပီး ရထားေျပးဆြဲခ်ိန္သည္ ယခင္ကထက္ ၂ နာရီ ၅၀ မိနစ္မွ ၁ နာရီ ၅၀ မိနစ္အထိ ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

လက္ရွိတြင္ စီမံကိန္းတစ္လံုးကို ၂၀၂၁-၂၀၂၂ ဘ႑ာေရးႏွစ္တြင္ ၿပီးစီးမည္ျဖစ္၍ ၿမိဳ႕ပတ္ရထားလမ္းပိုင္း ျပင္ဆင္မႈ ၈၄ ရာခုိင္ႏႈန္းခန္႔ ၿပီးစီးၿပီျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ တစ္ဆင့္ သိရသည္။

 

 

ရထားလမ္းအဆင့္ျမွင္တင္ျခင္းလုပ္ငန္းမ်ားတြင္ ရထားလမ္း၊ အခ်က္ျပစနစ္၊ လူကူးလမ္း၊ ကားကူးလမ္း၊ ပလက္ေဖာင္း၊ ျခံစည္းရိုးတို႔ကို ျပင္ဆင္ျခင္းႏွင့္ ရထားတြဲအသစ္မ်ား ဝယ္ယူျခင္းတို႔ကို လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

စီမံကိန္းအတြက္ ဘ႑ာေငြအေနျဖင့္ ၿမိဳ႕ျပအင္ဂ်င္နီယာလုပ္ငန္းအတြက္ ေငြက်ပ္ ၅၄ ဘီလီယံလ်ာထားၿပီး DEMU တြဲဆိုင္းအသစ္ ၁၁ ဆိုင္း၊ အခ်က္ျပ ဆက္သြယ္ေရးစနစ္အတြက္ အေမရိကန္ေဒၚလာ ၂၀၇ သန္းကို ဂ်ပန္ ODA Loan ျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းတြင္ အစုန္အဆန္ စုစုေပါင္း ၅၉ မိုင္ရွိၿပီး ဘူတာေပါင္း ၃၈ ဘူတာရွိ၍ လက္ရွိတြင္ ပုရြက္ဆိတ္ကုန္း-ပုဇြန္ေတာင္အထိ ဘူတာ ၇ ခုကို အဆင့္ျမွင့္တင္ျခင္း လုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ရွိၿပီး ဇူလိုင္လတြင္ အၿပီးလုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

Read 2841 times Last modified on Thursday, 20 February 2020 11:29
Rate this item
(0 votes)
Tagged under

Related items