ရိုးမစင္ထရယ္စုေပါင္းအိမ္ရာစီမံကိန္းတြင္ Westin Yangon ဟိုတယ္စီမံကိန္းကို ၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ အၿပီးသတ္တည္ေဆာက္သြားမည္

ရိုးမစင္ထရယ္စုေပါင္းအိမ္ရာစီမံကိန္းတြင္ Westin Yangon ဟိုတယ္စီမံကိန္းကို ၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ အၿပီးသတ္တည္ေဆာက္သြားမည္ GOOGLE

Yoma Land က တည္ေဆာက္ေနတဲ့ အိမ္ရာစီမံကိန္းေတြထဲက ဘက္စုံသုံးစီမံကိန္းတစ္ခုျဖစ္တဲ့ ရိုးမစင္ထရယ္စုေပါင္းအိမ္ရာ စီမံကိန္းထဲမွာ ထိပ္တန္းဟိုတယ္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Westin Yangon (Marriott International) ကို အၿပီးသတ္ ထည့္သြင္း တည္ေဆာက္သြားမယ္လို႔ သိရပါတယ္။

Westin Yangon ဟိုတယ္စီမံကိန္းႏွင့္ပတ္သက္၍

“စီမံကိန္းကေတာ့ အခုစၿပီး လုပ္ေနၿပီ။ စီမံကိန္းစတာကို ျမင္လည္း ျမင္ရေနပါၿပီ။ ရိုးမစင္ထရယ္ႀကီး တည္ေဆာက္လို႔ ၿပီးစီးမယ့္ လာမယ့္ (၂၀၂၁)ခုႏွစ္မွာပဲ ဖြင့္နိုင္ဖို႔ ႀကိဳးစားေနပါတယ္” လို႔ Yoma Land ရဲ့ Head of Real Estate ျဖစ္သူ Mr. Stephen Purvis က ေျပာပါတယ္။


ရိုးမစင္ထရယ္မွာ Westin Yangon ထည့္သြင္းတည္ေဆာက္ဖို႔ Yoma Land နဲ႔ Westin Yangon (Marriott Internationl) တို႔ရဲ့ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုးျခင္းအခမ္းအနားကို ေအာက္တိုဘာလ (၂၄)ရက္က ရန္ကုန္ၿမိဳ႕က ဆူးေလရွန္ဂရီလာ ဟိုတယ္မွာ ျပဳလုပ္ခဲ့ပါတယ္။

 

သံတြဲျမိဳ႕တြင္ ရခုိင္ျပည္နယ္အစုိးရအဖြဲ႕က စီမံခန္႕ခြဲခြင့္ရွိသည့္ ေျမဧကေပၚတြင္ ရင္းႏွီးျမွပ္ႏွံမႈျပဳလုပ္ရန္ တင္ဒါေခၚ


အဆိုပါ ဟိုတယ္စီမံကိန္းကို ရိုးမစင္ထရယ္အိမ္ရာစီမံကိန္းဧရိယာ စတုရန္းေပ ၂ ဒသမ ၄ သန္းေပၚမွာ Westin Yangon အတြက္ စုစုေပါင္းခန႔္မွန္းၾကမ္းခင္း ဧရိယာ (၂)သိန္းခြဲေပၚမွာ ေနရာယူ တည္ေဆာက္သြားမွာျဖစ္တယ္လို႔ သိရွိရပါတယ္။


ရိုးမစင္ထရယ္ရဲ့ ဧရိယာထဲမွာ ထည့္သြင္းတည္ေဆာက္မယ့္ Westin Yangon မွာ ဟိုတယ္ခန္းနဲ႔ Suites အခန္းေပါင္း (၂၈၁)ခန္းနဲ႔ ဝန္ေဆာင္မႈအျပည့္ပါ ငွားရမ္းနိုင္တဲ့ လူေနအိမ္ခန္းေပါင္း (၉၀) ပါရွိမွာျဖစ္ျပီးရန္ကုန္ျမိဳ႕လယ္ရွဳခင္းႏွင့္ျမန္မာႏိုင္ငံရဲ႕အထင္ကရ ေရြွတိဂုံဘုရားကိုျမင္ေတြ႕ႏိုင္မွာျဖစ္ေၾကာင္းသိရွိရပါသည္

ထို႕အျပင္အဆိုပါဟိုတယ္သည္အထပ္ေပါင္း၂၆ထပ္ပါရွိမည္ျဖစ္ကာ နာမည္ေက်ာ္ဗိသုကာပညာရွင္ Cecil Balmond OBD ကဒီဇိုင္းေရးဆြဲထားျခင္းျဖစ္ပါသည္


Westin Yangon(Marriott Internationl) Asia Pacific ရဲ့ Chief Development Officer ျဖစ္သူ Paul Foskey က “ျမန္မာ နိုင္ငံမွာ အေကာင္းဆုံးဟိုတယ္ျဖစ္ေအာင္လုပ္ဖို႔ ေမၽွာ္လင့္ထားပါတယ္။ ဒီဟာကလည္း Yoma Land နဲ႔ မိတ္ဖက္ပူးေပါင္းၿပီး လုပ္တဲ့အခါက်ေတာ့ ေကာင္းရင္ ေကာင္းသလို အမ်ားႀကီး တိုးခ်ဲ႕ဖြင့္သြားဖို႔ စီစဥ္ထားပါတယ္” လို႔ ေျပာပါတယ္။


လက္ရွိမွာ Westin အေနနဲ႔ နိုင္ငံေပါင္း (၄၀)မွာ ဟိုတယ္ေပါင္း ၂၂၀ ေက်ာ္ကို တည္ေဆာက္ထားၿပီး ရန္ကုန္ၿမိဳ႕မွာ တည္ေဆာက္မယ့္ Westin Yangon ကို ဆူးေလဘုရား၊ ကုန္သည္လမ္းနဲ႔ စီးပြားေရးအခ်က္အခ်ာက်တဲ့ ေနရာအနီးမွာ တည္ရွိၿပီး ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္နဲ႔ (၁၈)ကီလိုမီတာခန႔္မွာ တည္ရွိတယ္လို႔ သိရပါတယ္။


ရိုးမစင္ထရယ္စီမံကိန္းမွာ Grade A တာဝါႏွစ္လုံး၊ စီးပြားေရးသုံးဟိုတယ္တစ္ခုနဲ႔ လူေနအိမ္ခန္းမ်ား ပါဝင္မည္ျဖစ္ၿပီး အဲ့ဒီ အေဆာက္အအုံကို ေစ်းဝယ္စင္တာနဲ႔ ခ်ိတ္ဆက္ေပးထားမယ္လို႔ သိရပါတယ္။
ရိုးမစင္ထရယ္စီမံကိန္းကို Yoma Strategic မွ (၄၈)ရာခိုင္ႏႈန္း၊ First Myanmar Investment(FMI) က (၁၂)ရာခိုင္ႏႈန္း၊ မစ္ဆူဘီရွီကုမၸဏီအုပ္စုက (၃၀)ရာခိုင္ႏႈန္း၊ International Finance Corporation (IFC)က (၅)ရာခိိုင္ႏႈန္းနဲ႔ Asia Development Bank (ADB) က (၅)ရာခိုင္ႏႈန္းစီ ရွယ္ယာထည့္ဝင္ထားၾကတဲ့ Meeyahta Development Limited တို႔ ရင္းႏွီးျမႇုပ္ႏွံထားတယ္လို႔ သိရပါတယ္။

<<<UNICODE>>>

 

Yoma Land က တည်ဆောက်နေတဲ့ အိမ်ရာစီမံကိန်းတွေထဲက ဘက်စုံသုံးစီမံကိန်းတစ်ခုဖြစ်တဲ့ ရိုးမစင်ထရယ်စုပေါင်းအိမ်ရာ စီမံကိန်းထဲမှာ ထိပ်တန်းဟိုတယ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Westin Yangon (Marriott International) ကို အပြီးသတ် ထည့်သွင်း တည်ဆောက်သွားမယ်လို့ သိရပါတယ်။


Westin Yangon ဟိုတယ်စီမံကိန်းနှင့်ပတ်သက်၍
“စီမံကိန်းကတော့ အခုစပြီး လုပ်နေပြီ။ စီမံကိန်းစတာကို မြင်လည်း မြင်ရနေပါပြီ။ ရိုးမစင်ထရယ်ကြီး တည်ဆောက်လို့ ပြီးစီးမယ့် လာမယ့် (၂၀၂၁)ခုနှစ်မှာပဲ ဖွင့်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ Yoma Land ရဲ့ Head of Real Estate ဖြစ်သူ Mr. Stephen Purvis က ပြောပါတယ်။


ရိုးမစင်ထရယ်မှာ Westin Yangon ထည့်သွင်းတည်ဆောက်ဖို့ Yoma Land နဲ့ Westin Yangon (Marriott Internationl) တို့ရဲ့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို အောက်တိုဘာလ (၂၄)ရက်က ရန်ကုန်မြို့က ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

 

ရန္ကုန္တိုင္းအစိုးရေဖာ္ေဆာင္ေနသည့္ သိန္း ၃ဝ တန္ ေနအိမ္အလံုး ၂ဝဝ ေက်ာ္ ဒီဇင္ဘာတြင္ အၿပီးတည္ေဆာက္ၿပီးေနထိုင္ခြင့္ပါရရွိမည္


အဆိုပါ ဟိုတယ်စီမံကိန်းကို ရိုးမစင်ထရယ်အိမ်ရာစီမံကိန်းဧရိယာ စတုရန်းပေ ၂ ဒသမ ၄ သန်းပေါ်မှာ Westin Yangon အတွက် စုစုပေါင်းခန့်မှန်းကြမ်းခင်း ဧရိယာ (၂)သိန်းခွဲပေါ်မှာ နေရာယူ တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။


ရိုးမစင်ထရယ်ရဲ့ ဧရိယာထဲမှာ ထည့်သွင်းတည်ဆောက်မယ့် Westin Yangon မှာ ဟိုတယ်ခန်းနဲ့ Suites အခန်းပေါင်း (၂၈၁)ခန်းနဲ့ ဝန်ဆောင်မှုအပြည့်ပါ ငှားရမ်းနိုင်တဲ့ လူနေအိမ်ခန်းပေါင်း (၉၀) ပါရှိမှာဖြစ်ပြီးရန်ကုန်မြို့လယ်ရှုခင်းနှင့်မြန်မာနိုင်ငံရဲ့အထင်ကရ ရွှေတိဂုံဘုရားကိုမြင်တွေ့နိုင်မှာဖြစ်ကြောင်းသိရှိရပါသည်

ထို့အပြင်အဆိုပါဟိုတယ်သည်အထပ်ပေါင်း၂၆ထပ်ပါရှိမည်ဖြစ်ကာ နာမည်ကျော်ဗိသုကာပညာရှင် Cecil Balmond OBD ကဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပါသည်


Westin Yangon(Marriott Internationl) Asia Pacific ရဲ့ Chief Development Officer ဖြစ်သူ Paul Foskey က “မြန်မာ နိုင်ငံမှာ အကောင်းဆုံးဟိုတယ်ဖြစ်အောင်လုပ်ဖို့ မျှော်လင့်ထားပါတယ်။ ဒီဟာကလည်း Yoma Land နဲ့ မိတ်ဖက်ပူးပေါင်းပြီး လုပ်တဲ့အခါကျတော့ ကောင်းရင် ကောင်းသလို အများကြီး တိုးချဲ့ဖွင့်သွားဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။


လက်ရှိမှာ Westin အနေနဲ့ နိုင်ငံပေါင်း (၄၀)မှာ ဟိုတယ်ပေါင်း ၂၂၀ ကျော်ကို တည်ဆောက်ထားပြီး ရန်ကုန်မြို့မှာ တည်ဆောက်မယ့် Westin Yangon ကို ဆူးလေဘုရား၊ ကုန်သည်လမ်းနဲ့ စီးပွားရေးအချက်အချာကျတဲ့ နေရာအနီးမှာ တည်ရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ (၁၈)ကီလိုမီတာခန့်မှာ တည်ရှိတယ်လို့ သိရပါတယ်။


ရိုးမစင်ထရယ်စီမံကိန်းမှာ Grade A တာဝါနှစ်လုံး၊ စီးပွားရေးသုံးဟိုတယ်တစ်ခုနဲ့ လူနေအိမ်ခန်းများ ပါဝင်မည်ဖြစ်ပြီး အဲ့ဒီ အဆောက်အအုံကို ဈေးဝယ်စင်တာနဲ့ ချိတ်ဆက်ပေးထားမယ်လို့ သိရပါတယ်။
ရိုးမစင်ထရယ်စီမံကိန်းကို Yoma Strategic မှ (၄၈)ရာခိုင်နှုန်း၊ First Myanmar Investment(FMI) က (၁၂)ရာခိုင်နှုန်း၊ မစ်ဆူဘီရှီကုမ္ပဏီအုပ်စုက (၃၀)ရာခိုင်နှုန်း၊ International Finance Corporation (IFC)က (၅)ရာခိုင်နှုန်းနဲ့ Asia Development Bank (ADB) က (၅)ရာခိုင်နှုန်းစီ ရှယ်ယာထည့်ဝင်ထားကြတဲ့ Meeyahta Development Limited တို့ ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

Source:BETV + Daily Eleven

Myanamr Builders Guide

Read 4010 times
Rate this item
(0 votes)

Related items