ရန္ကုန္-ဘူတာႀကီးစီမံကိန္းလုပ္ကိုင္မည့္ ဂ်ပန္ကုမၸဏီ နင့္ ယခုႏွစ္မကုန္မီ စာခ်ဳပ္ခ်ဳပ္မည္

ရန္ကုန္-ဘူတာႀကီးစီမံကိန္းလုပ္ကိုင္မည့္ ဂ်ပန္ကုမၸဏီ နင့္ ယခုႏွစ္မကုန္မီ စာခ်ဳပ္ခ်ဳပ္မည္ GOOGLE

ရန္ကုန္ဘူတာႀကီး အဆင့္ျမႇင့္တင္မည့္ စီမံကိန္းအတြက္ တ႐ုတ္ Sino Great wall ကုမၸဏီႏုတ္ထြက္သျဖင့္ အစားဝင္လာေသာ ဂ်ပန္ Sumitomo ေကာ္ပိုေရးရွင္းသည္ ေငြေရးေၾကးေရးခုိင္မာမႈရိွၿပီး ယခုႏွစ္မကုန္မီ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

ရန္ကုန္ဘူတာျကီး နယ္ေျမဘက္စုံဖြံ႕ျဖိဳးေရးစီမံကိန္းကို ၂၀၁၈ကတည္းကအစိုးရက တရုတ္နိုင္ငံမွ Sino Great Wall ကုမၸဏီ စင္ကာပူနိုင္ငံမွ Oxley ကုမၸဏီ နွင့္ ျမန္မာနိုင္ငံမွ မင္းဓမၼကုမၸဏီတို႔ို႔ပူးေပါင္းထားသည့္ Consortium (လုပ္ငန္းစု)ကို တင္ဒါေရြးခ်ယ္ထားေသာ္လည္း တ႐ုတ္ကုမၸဏီမွာ ေဒဝါလီခံသြားသျဖင့္ ဂ်ပန္ကုမၸဏီျဖစ္သည့္ Sumitomo ေကာ္ပိုေရးရွင္းကုိ ျမန္မာ့မီးရထားက အစားထိုးေရြးခ်ယ္ထားၿပီး ယင္းကုမၸဏီမွာလည္း ေငြေရးေၾကးေရးအရ ခုိင္မာေၾကာင္းႏွင့္ ယခုႏွစ္မကုန္မီစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထား၊ အေထြေထြမန္ေနဂ်ာ ဦးေအာင္ဝင္းက ေျပာသည္။

 

''ကုမၸဏီကေတာ့ တကယ့္ခုိင္မာတဲ့ကုမၸဏီပါပဲ။ ကုမၸဏီကေတာ့ ေကာင္းပါတယ္။ ကြၽန္ေတာ္တုိ႔ကလည္း နာမည္ေျပာင္းတဲ့ကိစၥကုိ အထက္ဝန္ႀကီးဌာန အဆင့္ဆင့္တင္ၿပီးေတာ့ အတည္ျပဳခ်က္ယူထားၿပီးပါၿပီ''ဟု ၎က ေျပာသည္။

 

သဘင္အနပညာရွင္မ်ားအတြက္ သဘင္အိမ္ရာ

 

လတ္တေလာတြင္ လုပ္ငန္းစု ကုမၸဏီအခ်င္းအခ်င္း နဂုိအစီအစဥ္အတုိင္း စီမံကိန္းေဆာင္ရြက္ေရး၊ ေငြေရး ေၾကးေရးအပုိင္းကိစၥ၊ လုပ္ငန္းလုပ္ကုိင္မည့္ plan မ်ား ညိႇႏႈိင္းေနၾကျခင္းျဖစ္ၿပီး ဂ်ပန္ကုမၸဏီအမည္ျဖင့္ ျပန္လည္ဖြဲ႕စည္းထားသည့္ ဖြဲ႕စည္းပုံျဖင့္ ျမန္မာ့မီးရထားသုိ႔ အဆုိျပဳလႊာ (proposal) တင္ရမည္ျဖစ္ေၾကာင္း သိရွိရသည္။

 

''ကြၽန္ေတာ္တုိ႔ဘက္က စာခ်ဳပ္ခ်ဳပ္ဖုိ႔ေစာင့္ေနတာ။ သူတုိ႔ဘက္က စာရြက္စာတမ္းေတြ ျပည့္စုံေအာင္ ျပန္တင္ရမယ္။ တင္ၿပီး နဂုိဟာနဲ႔ကုိက္ညီမႈရိွ၊ မရိွ ျပန္စစ္မယ္။ စစ္ၿပီးရင္ စာခ်ဳပ္ခ်ဳပ္မွာေပါ့။ ဒီႏွစ္အတြင္းမွာေတာ့ သူတုိ႔ရဲ႕တင္ျပခ်က္ကုိေတာ့ ၿပီးျပတ္ေအာင္ညိႇေနတာေပါ့။ ေခၚထားတာလည္း ၾကာၿပီဆုိေတာ့ စာခ်ဳပ္က ျမန္ျမန္ခ်ဳပ္ခ်င္ၿပီ။ ဒီႏွစ္အတြင္းေတာ့ ႀကိဳးစားေနတယ္။ ေတာ္ေတာ္ေတာ့ လုပ္ရမွာေပါ့။ ႏွစ္ဘက္စလုံးေပါ့။ သူတုိ႔ကုမၸဏီ ၃ ခုကလည္း ညီၫြတ္ဖုိ႔ရယ္၊ ကြၽန္ေတာ္တုိ႔ကလည္း သူတုိ႔ တင္ျပတာေတြက အရင္အခ်က္အလက္ေတြနဲ႔ ကုိက္ညီမႈရိွ၊ မရိွစိစစ္ဖုိ႔ ေစာင့္ေနတာပါ''ဟု ဦးေအာင္ဝင္းက ေျပာသည္။

 

စီမံကိန္းအက်ယ္အဝန္း ၆၃ ဒသမ ၅ ဧကခန႔္ရွိၿပီး ၾကမ္းခင္းဧရိယာစတုရန္း မီတာ ၁ ဒသမ ၁၉ သန္း ေဖာ္ေဆာင္သြားမည္ျဖစ္ကာ ယင္းစီမံကိန္းတြင္ ဇုန္ ၆ ခုပါဝင္မည္ျဖစ္သည္။ ဇုန္မ်ားတြင္ အထင္ကရ ညီေနာင္တာဝါ႐ုံးခန္း အေဆာက္အဦမ်ား၊ လူေနအိမ္ရာ အေဆာက္အဦမ်ား၊ ဟုိတယ္မ်ား၊ ပန္းၿခံ၊ ျပတိုက္ႏွင့္ စီးပြားေရးအေဆာက္အဦမ်ား၊ ထည့္သြင္းထားသည္။

 

စီမံကိန္းတခုလုံးကုိ အေမရိကန္ေဒၚလာ ၂ ဒသမ ၅ ဘီလီယံခန႔္အကုန္က်ခံကာ ၈ ႏွစ္အတြင္း အၿပီးတည္ေဆာက္သြားရန္ လ်ာထားခဲ့ျခင္းျဖစ္ၿပီး စာခ်ဳပ္ခ်ဳပ္ဆုိၿပီးစီးပါက ၂ဝ၂ဝ တြင္ စတင္ႏုိင္မည္ဟု ခန္႔မွန္းထားေၾကာင္း သိရသည္။

 

<<<UNICODE>>>

 

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်းအတွက် တရုတ် Sino Great wall ကုမ္ပဏီနုတ်ထွက်သဖြင့် အစားဝင်လာသော ဂျပန် Sumitomo ကော်ပိုရေးရှင်းသည် ငွေရေးကြေးရေးခိုင်မာမှုရှိပြီး ယခုနှစ်မကုန်မီ စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ရန်ကုန်ဘူတာကြီး နယ်မြေဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၈ကတည်းကအစိုးရက တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီ စင်ကာပူနိုင်ငံမှ Oxley ကုမ္ပဏီ နှင့် မြန်မာနိုင်ငံမှ မင်းဓမ္မကုမ္ပဏီတို့ို့ပူးပေါင်းထားသည့် Consortium (လုပ်ငန်းစု)ကို တင်ဒါရွေးချယ်ထားသော်လည်း တရုတ်ကုမ္ပဏီမှာ ဒေဝါလီခံသွားသဖြင့် ဂျပန်ကုမ္ပဏီဖြစ်သည့် Sumitomo ကော်ပိုရေးရှင်းကို မြန်မာ့မီးရထားက အစားထိုးရွေးချယ်ထားပြီး ယင်းကုမ္ပဏီမှာလည်း ငွေရေးကြေးရေးအရ ခိုင်မာကြောင်းနှင့် ယခုနှစ်မကုန်မီစာချုပ် ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက ပြောသည်။

 

''ကုမ္ပဏီကတော့ တကယ့်ခိုင်မာတဲ့ကုမ္ပဏီပါပဲ။ ကုမ္ပဏီကတော့ ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း နာမည်ပြောင်းတဲ့ကိစ္စကို အထက်ဝန်ကြီးဌာန အဆင့်ဆင့်တင်ပြီးတော့ အတည်ပြုချက်ယူထားပြီးပါပြီ''ဟု ၎င်းက ပြောသည်။

 

ရန္ကုန္-ပုသိမ္ကားလမ္းကို ေငြက်ပ္(၂၉)ဘီလီယံေက်ာ္သုံးၿပီး တစ္ႏွစ္အတြင္း အၿပီးခင္းမယ္

 

လတ်တလောတွင် လုပ်ငန်းစု ကုမ္ပဏီအချင်းအချင်း နဂိုအစီအစဉ်အတိုင်း စီမံကိန်းဆောင်ရွက်ရေး၊ ငွေရေး ကြေးရေးအပိုင်းကိစ္စ၊ လုပ်ငန်းလုပ်ကိုင်မည့် plan များ ညှိနှိုင်းနေကြခြင်းဖြစ်ပြီး ဂျပန်ကုမ္ပဏီအမည်ဖြင့် ပြန်လည်ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံဖြင့် မြန်မာ့မီးရထားသို့ အဆိုပြုလွှာ (proposal) တင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

 

''ကျွန်တော်တို့ဘက်က စာချုပ်ချုပ်ဖို့စောင့်နေတာ။ သူတို့ဘက်က စာရွက်စာတမ်းတွေ ပြည့်စုံအောင် ပြန်တင်ရမယ်။ တင်ပြီး နဂိုဟာနဲ့ကိုက်ညီမှုရှိ၊ မရှိ ပြန်စစ်မယ်။ စစ်ပြီးရင် စာချုပ်ချုပ်မှာပေါ့။ ဒီနှစ်အတွင်းမှာတော့ သူတို့ရဲ့တင်ပြချက်ကိုတော့ ပြီးပြတ်အောင်ညှိနေတာပေါ့။ ခေါ်ထားတာလည်း ကြာပြီဆိုတော့ စာချုပ်က မြန်မြန်ချုပ်ချင်ပြီ။ ဒီနှစ်အတွင်းတော့ ကြိုးစားနေတယ်။ တော်တော်တော့ လုပ်ရမှာပေါ့။ နှစ်ဘက်စလုံးပေါ့။ သူတို့ကုမ္ပဏီ ၃ ခုကလည်း ညီညွတ်ဖို့ရယ်၊ ကျွန်တော်တို့ကလည်း သူတို့ တင်ပြတာတွေက အရင်အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိ၊ မရှိစိစစ်ဖို့ စောင့်နေတာပါ''ဟု ဦးအောင်ဝင်းက ပြောသည်။

 

စီမံကိန်းအကျယ်အဝန်း ၆၃ ဒသမ ၅ ဧကခန့်ရှိပြီး ကြမ်းခင်းဧရိယာစတုရန်း မီတာ ၁ ဒသမ ၁၉ သန်း ဖော်ဆောင်သွားမည်ဖြစ်ကာ ယင်းစီမံကိန်းတွင် ဇုန် ၆ ခုပါဝင်မည်ဖြစ်သည်။ ဇုန်များတွင် အထင်ကရ ညီနောင်တာဝါရုံးခန်း အဆောက်အဦများ၊ လူနေအိမ်ရာ အဆောက်အဦများ၊ ဟိုတယ်များ၊ ပန်းခြံ၊ ပြတိုက်နှင့် စီးပွားရေးအဆောက်အဦများ၊ ထည့်သွင်းထားသည်။

 

စီမံကိန်းတခုလုံးကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့်အကုန်ကျခံကာ ၈ နှစ်အတွင်း အပြီးတည်ဆောက်သွားရန် လျာထားခဲ့ခြင်းဖြစ်ပြီး စာချုပ်ချုပ်ဆိုပြီးစီးပါက ၂ဝ၂ဝ တွင် စတင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

SOURCE:New Watch

Myanmar Builders Guide

Read 8575 times Last modified on Friday, 25 October 2019 12:12
Rate this item
(0 votes)

Related items