M Tower

M Tower

M Tower အထပ္ျမင့္ ရုံးခန္း အေဆာက္အဦးသည္ အမွတ္ ၅၂၇ ျပည္လမ္းမႀကီး ကမာရြတ္ၿမိဳ႕နယ္တြင္ လွည္းတန္းစင္တာ ႏွင့္ အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳးေရးဘဏ္ (ADG Bank) ၾကားတြင္ တည္ေဆာက္သည့္ စီမံကိန္းျဖစ္ပါသည္။

ထိုအေဆာက္အဦးကို ၂၀၁၃ ခုႏွစ္က AMC Office Tower ဟု ေခၚဆို၍ ေဆာက္လုပ္ရန္ စီစဥ္ခဲ့ေသာ္လည္း ထိုအခ်ိန္က ဒီဇိုင္းမွာ ၃၀ ထပ္ရွိသျဖင့္ စည္ပင္သာယာအျမင့္ေပ ကန္႔သတ္ခ်က္ ေက်ာ္လြန္သည္ဟု ဆိုကာ ဆိုင္းငံ့ခံခဲ့ရေသာ စီမံကိန္းျဖစ္ပါသည္။

ထို႔ေနာက္တြင္ အထပ္ေလ်ာ့ၿပီးေသာအခါတြင္ ၂၀၁၅ ခုႏွစ္တြင္ ခြင့္ျပဳခ်က္ျပန္လည္ရရွိခဲ့ၿပီး ဆက္လက္လုပ္ေဆာင္ခဲ့ပါသည္။

အေဆာက္အဦးႏွင့္ဒီဇိုင္း

M Tower သည္ ၂၆ ထပ္ရွိ စတီးဖရိန္ အထပ္ျမင့္ အေဆာက္အဦးျဖစ္ၿပီး  ေျမေအာက္ ၄ လႊာကို ခိုင္ခံ့ေအာင္ သံကူကြန္ကရစ္ျဖင့္ တည္ေဆာက္မည္ျဖစ္သည္။

အေဆာက္အဦးကို တရုတ္ျပည္မွ Sino Great Wall International Engineering မွ တာ၀န္ယူ ေဆာက္လုပ္မည္ျဖစ္ၿပီး ေဒၚလာသန္း ၈၀ ခန္႔ ကုန္က်မည္ျဖစ္သည္။  အဆိုပါေဆာက္လုပ္ေရး စာခ်ဳပ္ကို Sino Great Wall က ၂၀၁၆ ခုႏွစ္ ဇန္နဝါရီတြင္ developer ျဖစ္သည့္ Maha Land Development  ရရွိခဲ့ပါသည္။

ထိုအေဆာက္အဦး၏ ေျမေနရာမွာ ၃၈၀၀ စတုရန္းမီတာရွိၿပီး ၾကမ္းခင္းဧရိယာေပါင္း ၇၀၀၀၀ စတုရန္းမီတာ ရွိသည္ဟု သိရသည္။

Company Country of Origin

Role

Mottama Holdings Myanmar Developer and landowner
Sino Great Wall China Construction
SURV China Architecture design
MAA China Project management and BIM

ေဆာက္လုပ္ေရးကို ၂၀၁၆ ခုႏွစ္ ဇြန္လ မွ စတင္ေဆာက္လုပ္ခဲ့ၿပီး ၂၀၂၀ ၿပီးမည္ဟု သိရသည္။  အေဆာက္အအံု၏  ေျမေပၚအျမင့္မွာ ၁၁၁.၂ မီတာႏွင့္ ေျမေအာက္အနက္ ၁၁.၂ မီတာ နက္ပါသည္။

စီမံကိန္း အင္ဂ်င္နီယာပိုင္းဆိုင္ရာကို MAA Group က အဓိကတာ၀န္ယူခဲ့ပါသည္။ MAA လုပ္္ရသည့္အလုပ္မ်ားမွာ ဒီဇိုင္းဆြဲျခင္း၊ စီမံကိန္းစီမံခန္႔ခြဲျခင္းႏွင့္ BIM ေရးဆြဲေပးျခင္းတို႔ျဖစ္ပါသည္။

ဗီသုကာဒီဖိုင္းကို MMA’s ကုမၸဏီ၏ ညီေနာင္ကုမၸဏီတစ္ခုျဖစ္သည့္ တရုတ္ျပည္မွ SURV မွ ဆြဲေပးခဲ့ပါသည္။

Maha Land Development ကုမၸဏီသည္ Mottama Holding ၏ အိမ္ၿခံေျမလုပ္ငန္းလုပ္ရန္အတြက္ အသစ္တည္ေထာင္ထားသည့္ လက္ခြဲ ကုမဏီတစ္ခုျဖစ္သည္။

Source: MAA Group, Sino Great Wall, Myanmar Times, The Voice Daily

<<< Unicode >>>

M Tower အထပ်မြင့် ရုံးခန်း အဆောက်အဦးသည် အမှတ် ၅၂၇ ပြည်လမ်းမကြီး ကမာရွတ်မြို့နယ်တွင် လှည်းတန်းစင်တာ နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (ADG Bank) ကြားတွင် တည်ဆောက်သည့် စီမံကိန်းဖြစ်ပါသည်။

ထိုအဆောက်အဦးကို ၂၀၁၃ ခုနှစ်က AMC Office Tower ဟု ခေါ်ဆို၍ ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ထိုအချိန်က ဒီဇိုင်းမှာ ၃၀ ထပ်ရှိသဖြင့် စည်ပင်သာယာအမြင့်ပေ ကန့်သတ်ချက် ကျော်လွန်သည်ဟု ဆိုကာ ဆိုင်းငံ့ခံခဲ့ရသော စီမံကိန်းဖြစ်ပါသည်။

ထို့နောက်တွင် အထပ်လျော့ပြီးသောအခါတွင် ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုချက်ပြန်လည်ရရှိခဲ့ပြီး ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။

အဆောက်အဦးနှင့်ဒီဇိုင်း

M Tower သည် ၂၆ ထပ်ရှိ စတီးဖရိန် အထပ်မြင့် အဆောက်အဦးဖြစ်ပြီး မြေအောက် ၄ လွှာကို ခိုင်ခံ့အောင် သံကူကွန်ကရစ်ဖြင့် တည်ဆောက်မည်ဖြစ်သည်။

အဆောက်အဦးကို တရုတ်ပြည်မှ Sino Great Wall International Engineering မှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ပြီး ဒေါ်လာသန်း ၈၀ ခန့် ကုန်ကျမည်ဖြစ်သည်။ အဆိုပါဆောက်လုပ်ရေး စာချုပ်ကို Sino Great Wall က ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် developer ဖြစ်သည့် Maha Land Development ရရှိခဲ့ပါသည်။

ထိုအဆောက်အဦး၏ မြေနေရာမှာ ၃၈၀၀ စတုရန်းမီတာရှိပြီး ကြမ်းခင်းဧရိယာပေါင်း ၇၀၀၀၀ စတုရန်းမီတာ ရှိသည်ဟု သိရသည်။

Company Country of Origin
Role

Mottama Holdings Myanmar Developer and landowner
Sino Great Wall China Construction
SURV China Architecture design
MAA China Project management and BIM

ဆောက်လုပ်ရေးကို ၂၀၁၆ ခုနှစ် ဇွန်လ မှ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြီးမည်ဟု သိရသည်။ အဆောက်အအုံ၏ မြေပေါ်အမြင့်မှာ ၁၁၁.၂ မီတာနှင့် မြေအောက်အနက် ၁၁.၂ မီတာ နက်ပါသည်။

စီမံကိန်း အင်ဂျင်နီယာပိုင်းဆိုင်ရာကို MAA Group က အဓိကတာဝန်ယူခဲ့ပါသည်။ MAA လုပ်ရသည့်အလုပ်များမှာ ဒီဇိုင်းဆွဲခြင်း၊ စီမံကိန်းစီမံခန့်ခွဲခြင်းနှင့် BIM ရေးဆွဲပေးခြင်းတို့ဖြစ်ပါသည်။

ဗီသုကာဒီဖိုင်းကို MMA’s ကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီတစ်ခုဖြစ်သည့် တရုတ်ပြည်မှ SURV မှ ဆွဲပေးခဲ့ပါသည်။

Maha Land Development ကုမ္ပဏီသည် Mottama Holding ၏ အိမ်ခြံမြေလုပ်ငန်းလုပ်ရန်အတွက် အသစ်တည်ထောင်ထားသည့် လက်ခွဲ ကုမ္ပဏီတစ်ခုဖြစ်သည်။

Myanmar Builders Guide

Read 17210 times Last modified on Saturday, 19 October 2019 11:31
Rate this item
(14 votes)