Sanchaung Garden Residence

Sanchaung Garden Residence Sanchaung Garden Residence website












<<< Unicode >>>

ထိုစီမံကိန်းကို အမှတ် ၁၀၄၊ စမ်းချောင်းလမ်း၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းမြို့နယ်ရှိ မြေ ၂ ဧက ပေါ်တွင် တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

စီမံကိန်းကို Sanchaung Garden မှ တာဝန်ယူ၍ တည်ဆောက်လျက်ရှိကြောင်း သိရပါသည်။

ယင်းစီမံကိန်းကို ၂၀၁၄ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ပြီး ယခုတွင်နေထိုင်ခွင့်ကျပြီဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်း၏ ဗိသုကာကို စင်္ကာပူတွင် အကောင်းဆုံးဟိုတယ်ကို ဒီဇိုင်းရေးဆွဲခဲ့သည် Aedas မှရေးဆွဲထားကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် အဆောက်အအုံ ၃ လုံးပါဝင်ပြီး Main Building တွင် အထပ် ၁၂ ထပ်ခွဲ ၊ အခန်းပေါင်း ၃၂၀ ပါဝင်ပြီး ကျန်သည့် အဆောက်အအုံ ၂ ခုဖြစ်သည့် East Wing Condo နှင့် Luxury Condo တွင်လည်း

အထပ်ပေါင်း ၁၂ ထပ်ခွဲစီပါဝင်မည်ဖြစ်ကြောင်းသိရသည်။

Main Building အဆောက်အအုံ၏ အခန်းအကျယ်အဝန်းမှာ ၁၀၅၆ စတုရန်းပေ ရှိပြီး တစ်လွှာတွင် ၂၈ ခန်းပါဝင်ပါသည်။

ပထမထပ်တွင် အားကစားခန်းမ၊ ရေကူးကန်တို့ ပါဝင်မည်ဟု သိရသည်။

ကားပါကင် ၃ ထပ် ပါဝင်ပြီး Basement တွင် ကားအစီးရေ ၁၅၀ စီး၊ Ground တွင် ကားအစီးရေ ၁၄၇ စီး နှင့် Mezzanine တွင် ကားအစီးရေ ၁၁၄ စီး ရပ်နားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုအဆောက်အအုံတွင် ကားဓာတ်လှေကား တစ်ခုနှင့် အခြား ဓာတ်လှေကား ၆ ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

iGreen Construction- 01-655685, 01-656482, 01-653449

Read 10505 times Last modified on Wednesday, 23 October 2019 15:17
Rate this item
(1 Vote)