တစ်ဦးလျှင် ၃၀၀၀၀ ကျပ်ထောက်ပံ့ရာတွင် ဆောက်လုပ်ရေး၊ နေ့စား၊ ယာယီ၊ ပုပ်ပြတ်လုပ်ငန်းများ လတ်တလောအစီအစဉ်တွင်မပါရှိသေး

တစ်ဦးလျှင် ၃၀၀၀၀ ကျပ်ထောက်ပံ့ရာတွင် ဆောက်လုပ်ရေး၊ နေ့စား၊ ယာယီ၊ ပုပ်ပြတ်လုပ်ငန်းများ လတ်တလောအစီအစဉ်တွင်မပါရှိသေး

ဖူလုံရေးအကျုံးမဝင် အလုပ်သမားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်ထောက်ပံ့ရာတွင် နေ့စား၊ ယာယီ၊ပုပ်ပြတ်လုပ်ငန်း၊

ဆောက်လုပ်ရေး၊ ကုန်တင်ကုန်ချ၊ မော်တော်ဆိုင်ကယ် တက္ကစီ အလုပ်သမားများ၊ အနှေးယာဉ်ဆိုက္ကားဆရာများလတ်တလောအစီအစဉ်တွင်မပါရှိသေးဟု ဆိုသည်။

ဖူလုံရေးအကျုံးမဝင်သောအလုပ်သမားများအားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်ထောက်ပံ့ရာတွင် နေ့စား၊ ယာယီ၊ ပုပ်ပြတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်တင်ကုန်ချ၊ မော်တော်ဆိုင်ကယ် တက္ကစီ အလုပ်သမားများ၊ အနှေးယာဉ်ဆိုက္ကား အလုပ်သမားများသည် လတ်တလောအစီအစဉ်တွင်မပါရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေ အနေများ လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်း များအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ၁၆ရက်တွင်
Video Conference စနစ်ဖြင့် ကျင်းပခဲ့ရာတွင် ဝန်ကြီးကအဆိုပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
"အခုတိုင်းအစိုးရကကြေညာတာမှာ ကနဲ့ခပေါ့။ဂအစီအစဉ်ကျန်နေသေးတယ်။မနေ့ကလုပ်တဲ့သုံးပွင့်ဆိုင်အစည်းအဝေးမှာ ဝန်ကြီးအနေနဲ့ သူတို့ ကနဲ့ခကိုလုပ်ဦးမယ်။ဒီဟာမှာကိုသူတို့အနေနဲ့အခက်အခဲတွေရှိတယ်။လျှောက်ထားတဲ့လူနည်းတယ်ပြောတယ်။ဂ အမျိုးအစားဆိုတာဆောက်လုပ်ရေးလုပ်သားတို့ ဆိုက်ကားဆရာ၊နေ့စား၊ယာယီ၊ပုတ်ပြတ်လုပ်ငန်းကအလုပ်သမားတွေပြောတာပါ။ကနဲ့ခပြီးတော့မှသူတို့အလှည့့်လာမှာ။ဂ အပိုင်းကဘယ်တော့လာမလဲ ပြောတက်သေးဘူး။သူတို့ကစောင့်ပေးပါပြောတော့အမတို့အနေနဲ့ အစည်းအဝေးမှာတော့ပြောခဲ့တယ်။အလုပ်သမားတွေသွားတင်တယ် ။ထွေအုပ်ကတော့လက်မခံဘူး။သူတို့အဆင်သင့်မဖြစ်သေးလို့လို့ပြောတယ်"ဟုအဆိုပါအစည်းအဝေးပွဲတွင်ပါဝင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုးကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်တိုဘာ၁၅ ရက်တွင်ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် (က)စက်မှုဇုန်အတွင်း စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများသည် သက်ဆိုင်ရာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့တင်ပြလျှောက်ထားရန်၊(ခ)စက်မှုဇုန်ပြင်ပ စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများသည် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အလုပ်သမား စာရင်းပြုစုစစ်ဆေးရေးအဖွဲ့သို့. Online(သို့)offlineမှ hard copyများဖြင့်လျှောက်ထားနိုင်ကြောင်းပါရှိပါတယ်။
"ဒီအစီအစဉ်ကတော့ ကနဲ့ခပေါ့။စက်ရုံ၊အလုပ်ရုံ၊ကုမ္ပဏီဘဲဖြစ်ဖြစ်အလုပ်ဌာနတွေပေါ့ အဲ့ဒီထဲကဖူလုံရေးအကြုံးမဝင်တဲ့အလုပ်သမားတွေကို အလုပ်ရှင်က ကိုယ်တိုင်လျှောက်ပေးရမှာ။မနေ့ကဝန်ကြီးပြောတာတော့ သူတို့ဆီမှာလာလျှောက်တဲ့လူက တစ်သောင်းသုံးထောင်ဘဲရှိတယ်။ဘာလို့လဲဆို အွန်လိုင်းစနစ်ထားလိုက်လို့တဲ့။အဲ့ဒါနဲ့ပူးပေါင်းအစည်းအဝေး ပြန်ထိုင်ပြီး offline ကိုပါလက်ခံမယ်ဆိုပြီး ဒီညွှန်ကြားချက်ထွက်ပေးတာ"ဟုဒေါ်ဖြိုးစန္ဒာစိုးကပြောပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ ရည်ရွယ်ချက်မှာ ရသင့် ရထိုက်သည့် အလုပ်သမားများရဖို့၊ မရသင့်မရထိုက်သည့် အလုပ်သမားများ မရစေရန် သေချာစွာ စီစစ် သွားရန် အချိန်ယူဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထောက်ပံ့မည့် ငွေကြေးစုစုပေါင်းမှာ ၂၀.၅၆၃ ဘီလီယံ ကျပ် ဖြစ်ပြီး အဆိုပါငွေကြေးကို လူမှုဖူလုံရေး အကျုံးမဝင်သည့် အလုပ်သမားများကို ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှစက်တင်ဘာလ Eleven Broadcasting နှင့်အင်တာဗျူးတွင်ဖြေဆိုထား တာကိုတွေ့ရပါတယ်။
Myanmar Labour News

applicant.png

 

Read 390 times
Rate this item
(0 votes)