သေမင်းတမန် မီးရထားလမ်း ရင်နင့်ဖွယ်ဆောက်လုပ်ခဲ့ခြင်း

သေမင်းတမန် မီးရထားလမ်း ရင်နင့်ဖွယ်ဆောက်လုပ်ခဲ့ခြင်း

ဒီမီရထားလမ်းဟာ ယခုဆို ၇၈ နှစ်သက်တမ်းပတ်ဝန်းကျင်ရှိပါပြီ အမှန်တော့ ဂျပန်တွေဟာ ထိုင်းမြန်မာ မီရထားလမ်းဖောက်လုပ်တာဟာ မြန်မာပြည်က သူတို့ဂျပန်တပ်ကို ယိုးဒယားဂျပန်တပ်ဘက်မှ လက်နက်ကိရိယာ တန်ဆာပလာပို့ရအောင်ရည်ရွယ်ပြီးထိုရထားလမ်းကြီးကိုဖောက်လုပ်ခဲ့တာပါ။

 

ဂျပန် တပ်မတော် General Tojo က မြန်မာ - ထိုင်း မီးရထားလမ်း ဖောက်လုပ်ရန် အမိန့် ထုတ်လိုက်ချင်းပဲဖြစ်ပြီး ဂျပန်တွေဟာ ၁၉၄၂ ခုနှစ် ဇွန်လ မှာမီးရထားလမ်း ဖောက်လုပ်ရန် plan ချခဲ့ကြတယ်သိရပါတယ်။

 

၁၉၄၂ ဖေဖော်ဝါရီလ မှာစင်္ကာပူနိုင်ငံရှိ အင်္ဂလိပ်ခံတပ်ဟာ ဂျပန်လက်အောက်ကျရောက်ခဲ့ရတယ် ဂျပန်တွေဟာ စင်္ကာပူ နိုင်ငံကို သိမ်းပိုက်ပြီး စက်ယန္တယားတွေ ၊ လက်နက်တွေ ၊ အသုံးအဆောင်အချို့ရယ်နှင့် အင်္ဂလိပ်အရှေ့ခံတပ်မှစစ်သားထောင်ချီကိုလည်းရလိုက်ပါတယ် ထို့ကြောင့်ပိုပြီးအာဏာရှိလာခဲ့ပါတယ်။

 

မြန်မာဘက်မှာဆို သံဖြူဇရပ်ဟာတည်နေရာအချက်အချာကျတဲ့ နေရာပါ ထို့ကြောင့်လဲဂျပန်တွေက အကွက်မြင်တာပေါ့။ သံဖြူဇရပ်မှာလဲဂျပန်တွေဟာ ထိုင်းမြန်မာ မီးရထားလမ်းဖောက်လုပ်ဖို့အတွက် စစ်သုံပန်းတစ်စုကိုထားထားကာအလုပ်လုပ်စေတယ် မြန်မာလူမျိုးအလုပ်သမားတွေရော ပါခဲ့ပါတယ် အဲ့ခေတ်အဲ့အခါက သံဖြူဇရပ်ကိုပါသွားပြီးရင်အသက်ရှင်ရက်ပြန်လာတဲ့ လူရှိကိုမရှိခဲ့တာတဲ့။

 

ထိုမီးရထားလမ်းကို ထိုင်းနိုင်ငံ နန်ပလာဒန်း က စတင်တဲ့ ထိုရထားလမ်းဟာ ကန်ချနာပူရီမှာ စခန်းတခုတည်ကာဖြတ်၍ဆောက်လုပ်ပြီး မြန်မာ့နယ်စပ်ရှိ ခနွိုင်မြစ်ကိုဖြတ်သန်းကာဆောက်လုပ်ထားပြီး ဘုရားသုံးဆူကိုဖြတ်ကာ အင်္ဂလိပ်တွေဖောက်လုပ်ထားတဲ့ သံဖြူဇရပ်ရှိရထားလမ်းဟောင်းနဲ့ဆက်သွယ်ထားသည်။

 

ထိုရထားလမ်းဖောက်လုပ် ဖို့ အလုပ်ပိုမြန်ဆန်အောင် ဂျပန်တွေဟာ အင်္ဂလိပ် , သြစတြေးလျ , အမေရိကန် , နယ်သာလန် , နယူးဇီလန်နဲ့ ကနေဒါ အပြင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှ နိုင်ငံများမှ စစ်သုံပန်းတွေရော အချို့အရပ်သားတွေကိုပါဖမ်းစီးခေါ်ဆောင်ကာရထားလမ်းကိုဆောက်စေခဲ့တယ်။

 

ထိုရထားလမ်းဆောက်ရာမှာ ထိမိခိုက်မိလို့သေတဲ့လူရော နှိပ်ဆက်ခံရလို့သေတဲ့လူကော နောက်အစာရေစာပျက်လက်သေတဲ့လူရော များစွာရှိခဲ့တဲ့အပြင်ရေစပ်တွေမှာပါဆောက်လုပ်သောကြောင့်ငှက်ဖျားရောဂါ , ကာလဝမ်းရောဂါပါရပြီးသေဆုံးခဲ့ကြရတဲ့လူ့အသက်အများကြီးပါ။

 

ထိုရထားလမ်း ဖောက်တဲ့လမ်းကြောင်းဟာ တောတွေတောင်တွေ ရေစပ်တွေအပြင် ဂူတွေကိုပါဖြိုခွဲဖောက်လုပ်ထားတာဖြစ်တယ်ထိုရထားလမ်းဆောက်တဲ့ အလုပ်ကြမ်းသမားတွေဟာ အစာမစားရတဲ့ကြားမနားမနေခိုင်းစေခံရမှု့ကြောင့် တဖြုတ်ဖြုတ်သေကြတာများခဲ့ပါတယ်။ထိုခေတ်ကဂျပန်တွေဟာကိုယ်ကျိုးသာကြည့်ပြီးလူတွေရဲ့အသက်ကိုအလေးမထားတဲ့ လူမျိုးတစ်စုသာဖြစ်ခဲ့ပါတယ်။

 

ထိုမီးရထားလမ်း ကို မြန်မာဘက်မှအခြေချစခန်းအဖြစ်သံဖြူဇရပ်တွင် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှစတင်ခဲ့သည် ထိုင်းဘက်မှ အခြေချ စခန်းကို ကန်ချနပူရီ မှစတင်ခဲ့သည် မြန်မာနိုင်ငံ ဘက်မှ မီးရထားလမ်း အရှည်က သံဖြူဇရပ် မှ ဘုရားသုံးဆူ အထိ ၆၉ မိုင်ပါ မီးရထားလမ်း အရှည်စုစုပေါင်းမှာ သံဖြူဇရပ် မှ ထိုင်းနိုင်ငံဘန်ပေါင်အထိ ၄၁၅ ကီလိုမီတာ ပါ။

 

မီးရထားလမ်း တစ်ကီလိုမီတာကို သေသူ ရထားလမ်းဆောက်လုပ် အလုပ်သမား အယောက် ၃၀ နဲ့ညီမျှသည် ထို့ကြောင့် ပညာရှင်အချို့က ထိုမီးရထားလမ်း ကို သေမင်းတမန် မီးရထားလမ်းဟုခေါ်ဆိုခဲ့တယ်သိရပါတယ်။ဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာ မဟာမိတ်တွေဟာ မီးရထားလမ်းဖောက်လုပ်ရင်းသေဆုံးသွားတဲ့ လူတွေရဲ့အလောင်းတွေကိုပြန်ဖော်ယူပြီး စစ်သချိ ၤုင်းအသီးသီး လုပ်ကာ ဂူများပြုလုပ်ပေးခဲ့ကြပါတယ်တဲ့။

 

Ref : Asia Nekkei

Read 879 times
Rate this item
(0 votes)