APAC ရှိထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ ၁၀ ခု

APAC ရှိထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ ၁၀ ခု google

Keppel Corporation 

 

စင်ကာပူ အခြေခံအဆောက်အအုံများနှင့် ပိုင်ဆိုင်မှုများအပြင် ကမ်းလွန်၊ရေကြောင်းနှင့် ပိုင်ဆိုင်မှုဆိုင်ရာစီမံခန့်ခွဲမှုတို့တွင် ပါဝင်လုပ်ကိုင်လျက်ရှိသော Keppel သည်

စင်ကာပူ၏ အကြီးဆုံးကုမ္ပဏီတစ်ခု ဖြစ်သည်။ ဝန်ထမ်းဦးရေ ၃၀,၀၀၀ ကျော် အလုပ်ခန့်ထားသည်။

 

ပုံမှန်အားဖြင့် စီးပွားရေးဆက်လက်လုပ်ကိုင်ခြင်းကို ကျေနပ်တင်းတိမ်နေခြင်း မပြုဘဲ ကုမ္ပဏီသည် ၎င်း Data Centre လက်တံမှတစ်ဆင့် အစွမ်းထက်သည့်

 

ကွန်ပျူတာဆိုင်ရာ စွမ်းဆောင်ရည်များ၌ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းကို ၂၁ ရာစုတွင်ဝင်ရောက်သည်။ 

 

ADCO Constructions Pty Ltd, သြစတြေးလျ

 

၁၉၇၂ ခုနှစ်တွင် တည်ထောင်ခဲ့သော ADCO သည် စီးပွားရေးကျင့်ဝတ်ကောင်းများနှင့် မိသားစုဆိုင်ရာတန်ဖိုးများဖြစ်သော ယုံကြည်မှုနှင့်ရိုးသားမှုတို့အပေါ်

 

အခိုင်အမာ ရပ်တည်ခြင်းကို တစ်ပြားသားမှ မလျှော့ခြင်းဖြင့် ကြီးမားသောအောင်မြင်မှု (ဒေါ်လာ ၁ ဘီလီယံနီးပါး ၀ င်ငွေ)ကို ဆွတ်ခူးသည်။

 

သြစတြေးလျရှိ ပုဂ္ဂလိကပိုင် ထိပ်တန်းကုမ္ပဏီကြီး ၁၀၀ တွင် စာရင်းဝင်သော ADCO သည် စုစုပေါင်း ဒေါ်လာ ၁၄ ဘီလီယံရှိသော စီမံကိန်း ၃၅၀၀ တို့

 

ရင်းနှီးမြှုပ်နှံမှုများ ပြုထားပြီး လက်ရှိတွင်ဝန်ထမ်း ၅၀၀ ကိုအလုပ်ခန့်ထားသည်။

 

Fulton Hogan, နယူးဇီလန် 

 

ဝင်ငွေဒေါ်လာ ၃.၆ ဘီလီယံနှင့် ဝန်ထမ်း ၅၅၀၀ ကျော်ရှိသည့် Fulton Hogan သည် သြစတြေးလျားယားနိုင်ငံတစ်ဝှမ်းတွင် လုပ်ငန်းများ

 

ဆောင်ရွက်နေသော အထင်ရှားဆုံး အခြေခံအဆောက်အအုံကုမ္ပဏီတစ်ခုဖြစ်သည်။

 

Fulton Hogan မှ ပြီးစီးခဲ့သော စီမံကိန်းများတွင် Adelaide Airport T2 Apron & Taxiway Overlay, New Brighton Pier နှင့် the Ardmore Water Treatment Plant တို့ ပါဝင်သည်။ 

 

John Holland Group သြစတြေးလျ 

 

၁၉၄၉ တွင် ဂျွန်ဟော်လန်က တည်ထောင်ခဲ့သည့် ၎င်းကုမ္ပဏီသည် China Communications Construction Company၏ လက်အောက်ခံဖြစ်သည်။

 

APAC ဒေသရှိမြို့ပြအင်ဂျင်နီယာကန်ထရိုက်တာများအနက် John Holland သည် အခြေခံအဆောက်အအုံ၊ ပိုင်ဆိုင်မှုဖွံ့ဖြိုးတိုးတက်မှု၊ ရထားလမ်းနှင့်

 

အခြားအရာများရှိ ရှုပ်ထွေးသော ပြဿနာများအတွက်ပြေပြစ်သော ဖြေရှင်းနည်းများကို ပေးအပ်သည်။ 

 

Hutchinson Builders သြစတြေးလျ 

 

Hutchinson Builders သည် ရာစုနှစ်တစ်ခုကျော်ကြာအောင် တည်ဆောက်ခဲ့သောအစဉ်အလာများစွာ ရှိသည်။

 

၁၉၁၂ ခုနှစ်တွင်ကုမ္ပဏီ၏ ပထမဆုံးစီမံကိန်းသည် Fort Lytton ရှိ အစိုးရအဆောက်အအုံတစ်ခုအတွက် မီးဖိုချောင်အသစ်တစ်ခုဖြစ်သည်။

 

၎င်းလုပ်ကိုင်ခဲ့သော စီမံကိန်းများတွင် ဒေါ်လာ ၁.၇ ဘီလီယံကျော်သည့် မြို့ပြအင်ဂျင်နီယာနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးတို့ ပါဝင်သည်။

 

Australia Pacific LNG, Melbourne Jet Base နှင့် ဆစ်ဒနီမြို့ရှိ Metro Residences မိုးထိတိုက်တာ အဆောက်အဦးတို့ ပါဝင်သည်။ 

 

Lendlease သြစတြေးလျ

 

Lendlease သည် သြစတြေးလျဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ဝင်ငွေဒေါ်လာ ၁၅.၆ ဘီလီယံရ ရှိခဲ့သည်။

 

ထိုကုမ္ပဏီသည် သူမတူထူးခြားဆန်းသစ်သော တွေးခေါ်မှုအပေါ် ဂုဏ်ယူသည်။

 

၎င်း၏ မြို့ပြဒီဇိုင်းများကို ၎င်း၏ တီထွင်ဖန်တီးနိုင်မှုနှင့် ရေရှည်တည်တံ့မှုရှိခြင်းတို့အပေါ် အခြေခံထားသည်။

 

Lendlease ၏ ရင်းနှီးမြှုပ်နှံမှု အစုစုတို့တွင် ဆေးရုံများ၊ တက္ကသိုလ်များနှင့် အားကစားရုံများ ပါဝင်သည်။

 

CPB Contractors Pty Limited သြစတြေးလျ ပိုမိုကြီးမားသော CIMIC Group ၏ ဆောက်လုပ်ရေးကဏ္ဍကို ကိုယ်စားပြုသော CPBC သည်

 

၎င်း၏အရည်အသွေးမြင့်မားသော မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုများအတွက် ခိုင်မာသောဆက်ဆံရေးဖောက်သည်များနှင့်

 

မိတ်ဖက်ကုမ္ပဏီများတည်ထောင်ရန်အတွက် နှစ်ကာလတစ်လျှောက် ဂရုတစိုက်လုပ်ဆောင်ခဲ့သည်။

 

CPBC ၏ မတူကွဲပြားသောစီမံကိန်းများမှာ အော့ကလန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဂူယာယာပန်းခြံနှင့်ခ ရစ္စချာ့ဆေးရုံတို့ဖြစ်သည်။ 

 

L&T Constructions 

 

အိန္ဒိယ ဆောက်လုပ်ရေးတွင် အင်အားကြီးမားသော L&T Construction သည် နည်းပညာအဆင့်မြင့်သော စီမံကိန်းများအတွက် အချက်အချာဖြစ်သည်။

 

လက်ရှိ ဤကဏ္ဍတွင် အိန္ဒိယ၏ အကြီးဆုံးကုမ္ပဏီအဖြစ် သတ်မှတ်ခံရပြီး ၎င်းသည် ကမ္ဘာပေါ်ရှိထိပ်ဆုံး ၃၀ စာရင်းတွင်လည်း ပါဝင်သည်။

 

L&T သည် နိုင်ငံ၏ အထင်ရှားဆုံး တည်ဆောက်မှုအချို့ကို လုပ်ကိုင်ခဲ့ရာ၌ Lotus Temple၊ နယူးဒေလီလေဆိပ်နှင့် Hyderabad ရှိ Cyber Tower တို့ပါဝင်သည်။ 

 

China State Construction Engineering China တရုတ် 

 

၁၉၅၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး CSCEC သည် ကမ္ဘာပေါ်တွင်အကြီးမားဆုံးဆောက်လုပ်ရေး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။

 

ဖွဲ့စည်းထားသော စက်မှုလုပ်ငန်းများစာရင်းတွင် ဝင်ငွေအားဖြင့် ထိပ်ဆုံးဖြစ်သည်။

 

ကုမ္ပဏီသည် နိုင်ငံတကာသို့ ချဲ့ထွင်လုပ်ကိုင်နိုင်မှုကို အမှန်တကယ်ရရှိခဲ့ပြီး Algiers မဟာဗလီ၊ အာဂျင်တီးနားရှိ အဓိကလမ်းများ၊ နယူးယောက်ရှိ Alexander Hamilton တံတားနှင့်

 

မော်စကိုရှိ Federation Tower အပါအဝင် ဒေသဆိုင်ရာ အရေးအပါဆုံးစီမံကိန်းကြီးများစွာတို့ကိုဆောင်ရွက်ခဲ့သည်။

 

China Railway Group, တရုတ် 

 

Fortune 500 စာရင်းတင် နံပါတ် ၅၇ ၌ ရောက်ရှိနေသည်။

 

ဆာဗေး၊ ဒီဇိုင်း၊ ကုန်ထုတ်လုပ်မှု၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု၊ အရင်းအနှီးစီမံခန့်ခွဲမှုနှင့်နည်းပညာဆိုင်ရာအတိုင်ပင်ခံနှင့် အခြားသောလုပ်ငန်းဆောင်တာများကို လုပ်ကိုင်သည်။

 

ကမ္ဘာအနှံ့တွင် ဝန်ထမ်း ၃၀၀,၀၀၀ နီးပါးနှင့် လက်အောက်ခံ လုပ်ငန်း၂၅ ခုရှိသည်။

 

လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ ကျော်ကစတင်ခဲ့သော CREC သည် ယခုအခါ ရီမင်ဘီ် ၉၄၂ ဘီလီယံကျော်သော ပိုင်ဆိုင်မှုများ ရရှိထားသည်။

 

Myanmar Builders Guide

<<<Zawgyi>>>

 

Keppel Corporation 

 


 


 


 


 

ADCO Constructions Pty Ltd, ၾသစေၾတးလ်

 


 


 


 


 


 


 


 


 

John Holland Group ၾသစေၾတးလ် 

 


 


 


 

Hutchinson Builders ၾသစေၾတးလ် 

 


 


 


 


 

Lendlease ၾသစေၾတးလ်

 


 


 


 


 


 


 


 


 

L&T Constructions 

 


 


 


 


 


 


 


 


 


 


 


 


 


 

 

 

 


Keppel Corporation


ADCO Constructions Pty Ltd, ၾသစေၾတးလ်




John Holland Group ၾသစေၾတးလ်


Hutchinson Builders ၾသစေၾတးလ်


Lendlease ၾသစေၾတးလ်


L&T Constructions





 

 

 

Read 1215 times
Rate this item
(0 votes)
Tagged under