ကွန်ကရစ်တိုင်များ ပြန်လည်ပြုပြင်ခြင်းအတွက်အရေးကြီးသည့်အချက်များ

ကွန်ကရစ်တိုင်များ ပြန်လည်ပြုပြင်ခြင်းအတွက်အရေးကြီးသည့်အချက်များ google

ကွန်ကရစ်တိုင်များ ပျက်စီးခြင်းဆိုသည်မှာ အများအားဖြင့် ပုံစံခွာပြီး တွေ့ရှိရတတ်သည့် ပျက်စီးချို့ယွင်းမှုများကို ဆိုလိုခြင်းဖြစ်ပါသည်။


ထိုပြုပြင်မှု ဆောင်ရွက်သည့်အခါ အရေးကြီးသည့်အချက်လေးချက်ကိုဖော်ပြပေးလိုက်ပါတယ်။


(၁) Expediency လို့ခေါ်တဲ့ ပြုပြင်မှုကို ချက်ချင်းမလုပ်ပါက ကြာလာသည်နှင့်အမျှ ပျက်စီးမှုများလာမှာဖြစ်ပြီး အလုပ်လည်း ပိုလာမှာဖြစ်ပါတယ်။

 

ထိုကြောင့် ချက်ချင်းပြုပြင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။


(၂) သန့်ရှင်းအောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကွန်ကရစ်များကို ဖာထေးပြုပြင်တော့မည်ဆိုပါက အမှိုက်သရိုက်များ၊ ဖုန်များ၊ အခြားဓာတုပစ္စည်းများကင်းရှင်းအောင် သန့်စင်ပေးရန်အထူးလိုအပ်ပါတယ်။

 

ထိုမှသာလျှင် ရှိပြီးသားကွန်ကရစ်နှင့် ကုပ်တွဲပေါင်းစည်းမှုအား Bonding ကောင်းမှာဖြစ်ပါတယ်။


(၃) ထိုကွန်ကရစ်များ ပြုပြင်ဖာထေးရန်အတွက် အရေးကြီးသည့် ကွန်ကရစ်နည်းပညာနှင့် အသုံးပြုမယ့် ကိရိယာများကို ရွေးချယ်ခြင်းဖြစ်ပါတယ်။


(၄) နောက်ဆုံးအနေနှင့် အသုံးပြုမည့် ပစ္စည်း material ၏ ကြာရှည်ခိုင်ခံမှု Durable ပဲ ဖြစ်ပါတယ်။


ကွန်ကရစ်များကို ပြုပြင်ဖာထေးတဲ့အခါ ကွန်ကရစ်သက်တမ်းနုတဲ့အချိန်မှာ လုပ်တာအကောင်းဆုံးဖြစ်ပါတယ်။

 

ထို့အပြင် အထက်ကပြောသလို သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်ပြီးမှသာလျှင် ပြုပြင်ဖာထေးမှုကို လုပ်မှ တသားတည်းဖြစ်ပြီး ရှိပြီးသားကွန်ကရစ်နှင့် ကုပ်တွယ်မှုကောင်းမှာ ဖြစ်ပါတယ်။

 

<<<Zawgyi>>>

 






 




 








 


 

Myanmar Builders Guide

 

Read 760 times Last modified on Friday, 03 April 2020 14:36
Rate this item
(0 votes)
Tagged under