ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများ ချက်ချင်းပိတ်သိမ်းမည့် အစီအစဉ်မရှိသေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများ ချက်ချင်းပိတ်သိမ်းမည့် အစီအစဉ်မရှိသေး google

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်တလော Lockdown ပြုလုပ်ခြင်းဖြင့်စက်ရုံ၊ အလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းများကို ပိတ်သိမ်းမည့် အစီအစဉ်များ ချက်ချင်းဆောင်ရွက်ရန် မရှိသေးကြောင်း မတ် ၃၁ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသော အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

ယင်းဆွေးနွေးပွဲ၌ လတ်တလော ရန်ကုန်တိုင်းဒေသကြီးအတွင်း Lockdown ပြုလုပ်ပြီး စက်ရုံ၊ အလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပိတ်သိမ်းမည့်အစီအစဉ်များ ချက်ချင်းဆောင်ရွက်ရန် မရှိသေးလဲ လိုအပ်ပါက ဒေသအလိုက်ယာယီထိန်းချုပ် ပိတ်သိမ်းခြင်းများကိုသာ အဆင့်ဆင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Lockdown ပြုလုပ်မည်ဆိုပါက ပြည်သူများ စားဝတ်နေရေးအခက်အခဲမရှိစေရန် ဆက်လက်လုပ်ကိုင်လည်ပတ်သင့်သည့် လုပ်ငန်းများရှိကြောင်း သိရသည်။

 

လုံခြုံရေးနှင့် စီစီတီဗွီစက်ကိရိယာများ လုပ်ငန်းပေါင်း ၃၇၁ ခုကို ရှာရန်နှိပ်ပါ

 

ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်စုံဆိုင်၊ သယ်ယူပို့ဆောင်ရေး၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း စသည့်လုပ်ငန်းကဏ္ဍ ၁၆ ခုကို မရှိမဖြစ်လုပ်ငန်းများအဖြစ် သတ်မှတ်၍ Lockdown ပြုလုပ်ရာတွင် ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။

 

ယခုအခါ COVID-19 ရောဂါပျံ့နှံ့နေသည့်အခြေအနေတွင် အလုပ်ရှင်၊ အလုပ်သမား အတူတကွရှင်သန်နေထိုင်နိုင်ရေး၊ အလုပ်သမားများ အလုပ်အကိုင်များ ဆက်လက်ရရှိရေး၊ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် လုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ရသော်လည်း စီးပွားရေး ပြန်လည်ဦးမော့နိုင်ရေးအတွက် UMFCCI မှ တိုင်းဒေသကြီးအစိုးရထံ တင်ပြညှိနှိုင်း ဆွေးနွေးထားကြောင်း သိရသည်။

 

Source: Myawady

 

 

 

---Zawgyi---

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္ရံု၊ အလုပ္ရံုႏွင့္ စီးပြားေရးလုပ္ငန္းမ်ား ခ်က္ခ်င္းပိတ္သိမ္းမည့္ အစီအစဥ္မရွိေသး

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း လက္တေလာ Lockdown ျပဳလုပ္ျခင္းျဖင့္စက္ရံု၊ အလုပ္ရံုမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ားကို ပိတ္သိမ္းမည့္ အစီအစဥ္မ်ား ခ်က္ခ်င္းေဆာင္ရြက္ရန္ မရွိေသးေၾကာင္း မတ္ ၃၁ ရက္က ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) ၌ က်င္းပေသာ အစည္းေဝးတြင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးအရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

 

ယင္းေဆြးေႏြးပြဲ၌ လတ္တေလာ ရန္ကုန္တိုင္းေဒသႀကီးအတြင္း Lockdown ျပဳလုပ္ၿပီး စက္ရံု၊ အလုပ္ရံုမ်ားနွင့္ စီးပြားေရးလုပ္ငန္္းရွင္မ်ား ပိတ္သိမ္းမည့္အစီအစဥ္မ်ား ခ်က္ခ်င္းေဆာင္ရြက္ရန္ မရွိေသးလဲ လိုအပ္ပါက ေဒသအလိုက္ယာယီထိန္းခ်ဳပ္ ပိ္တ္သိမ္းျခင္းမ်ားကိုသာ အဆင့္ဆင့္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

 

Lockdown ျပဳလုပ္မည္ဆိုပါက ျပည္သူမ်ား စားဝတ္ေနေရးအခက္အခဲမရွိေစရန္ ဆက္လက္လုပ္ကိုင္လည္ပတ္သင့္သည့္ လုပ္ငန္းမ်ားရွိေၾကာင္း သိရသည္။

 

က်န္းမာေရးဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ ကုန္စံုဆိုင္၊ သယ္ယူပို႔ေဆာင္ေရး၊ စားေသာက္ကုန္ထုတ္လုပ္သည့္လုပ္ငန္း စသည့္လုပ္ငန္းက႑ ၁၆ ခုကို မရွိမျဖစ္လုပ္ငန္းမ်ားအျဖစ္ သတ္မွတ္၍ Lockdown ျပဳလုပ္ရာတြင္ ဆက္လက္ျပဳလုပ္ရန္ လိုအပ္သည္။

 

ယခုအခါ COVID-19 ေရာဂါပ်ံ႕ႏွံ႕ေနသည့္အေျခအေနတြင္ အလုပ္ရွင္၊ အလုပ္သမား အတူတကြရွင္သန္ေနထုိင္ႏိုင္ေရး၊ အလုပ္သမားမ်ား အလုပ္အကိုင္မ်ား ဆက္လက္ရရွိေရး၊ COVID-19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႕မႈေၾကာင့္ လုပ္ငန္းမ်ား ယာယီရပ္ဆိုင္းခဲ့ရေသာ္လည္း စီးပြားေရး ျပန္လည္ဦးေမာ့ႏုိင္ေရးအတြက္ UMFCCI မွ တိုင္းေဒသႀကီးအစိုးရထံ တင္ျပညွိႏႈိင္း ေဆြးေႏြးထားေၾကာင္း သိရသည္။

 

Source: Myawady

 

Read 1618 times Last modified on Wednesday, 01 April 2020 10:15
Rate this item
(0 votes)
Tagged under