ရွှေပြည်သာနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် အိမ်ရာများဆောက်ရန် စိတ်ပါဝင်စားမှု အဆိုပြုလွှာများတင်သွင်းရမည့်ရက်ရွှေ့ဆိုင်း

ရွှေပြည်သာနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် အိမ်ရာများဆောက်ရန် စိတ်ပါဝင်စားမှု အဆိုပြုလွှာများတင်သွင်းရမည့်ရက်ရွှေ့ဆိုင်း google

ရွှေပြည်သာနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မှ မြေကွက်များနှင့် ကိုယ်ပိုင်မြေကွက်များတွင် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာများ တည်ဆောက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စိတ်ပါဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူထားမှုမှ ပြန်လည်တင်သွင်းရက်ကို ယခင်က မတ် ၃၀ ရက်တွင် ပြန်လည်တင်သွင်းရန် ကြေညာထားသော်လည်း လက်ရှိတွင် တစ်လရွှေ့ဆိုင်းကာ ဧပြီ ၃၀ ရက်က ကြေညာချက်ထုတ်ပြန်သည်။

 

ရွှေပြည်သာနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မှ မြေကွက်များနှင့် ကိုယ်ပိုင်မြေကွက်များတွင် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာများ တည်ဆောက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက စိတ်ပါဝင်စားမှု အဆိုပြုလွှာများကို ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်တွင် ခေါ်ယူခဲ့သည်။

 

>>>ရန်ကုန်မြို့ပတ် ရထားလမ်းပြေးဆွဲမှုကို အခေါက်ရေလျှော့ချ ပြေးဆွဲမည်<<<

 

ရွှေပြည်သာမြို့နယ်၊ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ဗိုလ်ရန်ပြေလမ်းကြား၊ မြေတိုင်းရပ်ကွက်အမှတ် (၉+၁၀) ရှိ ၁၀ ဧကခန့်ရှိသော မြေနေရာ (သာဓုကန်ဘူတာအနီး)၊ ဒဂုံမြို့သစ် (တောင်ပိုင်းမြို့နယ်)၊ ရတနာပုံလမ်း၊ မြေတိုင်းရပ်ကွက်အမှတ် (၁၄၅) ရှိ ၈ ဒသမ ၈၅၆ ဧကရှိသော မြေနေရာနှင့် ၁၀ ဧကနှင့်အထက် မြေကွက်များ (တစ်ဦးတည်းပိုင် (သို့) ပူးတွဲပိုင် (သို့) အစိုးရပိုင်) ပေါ်တွင် တန်ဖိုးနည်းအိမ်ရာများ၊ တန်ဖိုးမျှတအိမ်ရာများ တည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့ရုံး၊ တိုင်းဒေသကြီးတင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးသော တိုင်းရင်းသားပိုင် ပြည်တွင်းကုမ္ပဏီများအား စိတ်ပါဝင်စားမှုဖော်ပြခြင်း (EOI) အဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

 

ရေချိုးခန်းနှင့်အိမ်သာဆက်စပ်ပစ္စည်းများ လုပ်ငန်းပေါင်း ၁၈၅ ခုကို ရှာရန်နှိပ်ပါ

 

EOI အဆိုပြုလွှာများကို မတ်လ ၃ ရက်နေ့မှစ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဆယ်ထပ်ရုံး၊ ရှစ်လွှာရှိ အင်ဂျင်နီယာဌာနတွင် ရုံးချိန်အတွင်း ဝယ်ယူပြီး စာရွက်စာတမ်းအပြည့်အစုံကို မတ် ၃၁ ရက် ညနေ ၃ နာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရန် ကြေညာခဲ့မှုအစား လက်ရှိတွင် ဧပြီ ၃၀ ရက်သို့ ရွေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

 

Source: Dailyeleven

 

 

---Zawgyi---

 

ေရႊျပည္သာႏွင့္ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) တြင္ အိမ္ရာမ်ားေဆာက္ရန္ စိတ္ပါဝင္စားမႈ အဆိုျပဳလႊာမ်ားတင္သြင္းရမည့္ရက္ေရႊ႕ဆိုင္း

 

ေရႊျပည္သာႏွင့္ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) မွ ေျမကြက္မ်ားႏွင့္ ကိုယ္ပိုင္ေျမကြက္မ်ားတြင္ တန္ဖိုးနည္းႏွင့္ တန္ဖိုးမွ်တအိမ္ရာမ်ား တည္ေဆာက္ရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက စိတ္ပါဝင္စားမႈ အဆိုျပဳလႊာမ်ား ေခၚယူထားမႈမွ ျပန္လည္တင္သြင္းရက္ကို ယခင္က မတ္ ၃၀ ရက္တြင္ ျပန္လည္တင္သြင္းရန္ ေၾကညာထားေသာ္လည္း လက္ရွိတြင္ တစ္လေရႊ႕ဆိုင္းကာ ဧၿပီ ၃၀ ရက္က ေၾကညာခ်က္ထုတ္ျပန္သည္။

 

ေရႊျပည္သာႏွင့္ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) မွ ေျမကြက္မ်ားႏွင့္ ကုိယ္ပိုင္ေျမကြက္မ်ားတြင္ တန္ဖိုးနည္းႏွင့္ တန္ဖိုးမွ်တအိမ္ရာမ်ား တည္ေဆာက္ရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ တင္ဒါလက္ခံေရးႏွင့္ စိစစ္ေရးေကာ္မတီက စိတ္ပါဝင္စားမႈ အဆိုျပဳလႊာမ်ားကုိ ေဖေဖာ္ဝါရီ ၂၈ ရက္ႏွင့္ မတ္ ၁ ရက္တြင္ ေခၚယူခဲ့သည္။

 

ေရႊျပည္သာၿမိဳ႕နယ္၊ ရန္ကုန္-ျပည္ မီးရထားလမ္းႏွင့္ ဗိုလ္ရန္ေျပလမ္းၾကား၊ ေျမတိုင္းရပ္ကြက္အမွတ္ (၉+၁၀) ရွိ ၁၀ ဧကခန္႔ရွိေသာ ေျမေနရာ (သာဓုကန္ဘူတာအနီး)၊ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္းၿမိဳ႕နယ္)၊ ရတနာပံုလမ္း၊ ေျမတိုင္းရပ္ကြက္အမွတ္ (၁၄၅) ရွိ ၈ ဒသမ ၈၅၆ ဧကရွိေသာ ေျမေနရာႏွင့္ ၁၀ ဧကႏွင့္အထက္ ေျမကြက္မ်ား (တစ္ဦးတည္းပိုင္ (သို႔) ပူးတြဲပိုင္ (သို႔) အစိုးရပိုင္) ေပၚတြင္ တန္ဖိုးနည္းအိမ္ရာမ်ား၊ တန္ဖိုးမွ်တအိမ္ရာမ်ား တည္ေဆာက္ရန္အတြက္ ရန္ကုန္တို္င္းေဒသႀကီး အစိုးအဖြဲ႕ရံုး၊ တိုင္းေဒသႀကီးတင္ဒါစိစစ္ႀကီးၾကပ္ေရးအဖြဲ႕တြင္ မွတ္ပံုတင္ၿပီးေသာ တိုင္းရင္းသားပိုင္ ျပည္တြင္းကုမၸဏီမ်ားအား စိတ္ပါဝင္စားမႈေဖာ္ျပျခင္း (EOI) အဆိုျပဳလႊာမ်ား တင္သြင္းရန္ ဖိတ္ေခၚခဲ့ျခင္း ျဖစ္သည္။

 

EOI အဆိုျပဳလႊာမ်ားကို မတ္လ ၃ ရက္ေန႔မွစ၍ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ဆယ္ထပ္ရံုး၊ ရွစ္လႊာရွိ အင္ဂ်င္နီယာဌာနတြင္ ရံုးခ်ိန္အတြင္း ဝယ္ယူၿပီး စာရြက္စာတမ္းအျပည့္အစံုကို မတ္ ၃၁ ရက္ ညေန ၃ နာရီ ေနာက္ဆံုးထား၍ ျပန္လည္တင္သြင္းရန္ ေၾကညာခဲ့မႈအစား လက္ရွိတြင္ ဧၿပီ ၃၀ ရက္သို႔ ေရြ႕ဆိုင္းလိုက္ျခင္းျဖစ္သည္။

 

Source: Dailyeleven

 

Read 594 times
Rate this item
(0 votes)
Tagged under