ရန်ကုန်မြို့ပတ် ရထားလမ်းပြေးဆွဲမှုကို အခေါက်ရေလျှော့ချ ပြေးဆွဲမည်

ရန်ကုန်မြို့ပတ် ရထားလမ်းပြေးဆွဲမှုကို အခေါက်ရေလျှော့ချ ပြေးဆွဲမည် google

ကူးစက်လွယ်ကူသော (COVID-19) ရောဂါကြောင့် မြို့ပတ်ရထားစီးနင်းသူ လျော့နည်းလာသည့်အတွက် မတ်လ ၂၉ ရက်မှ စတင်၍ မြို့ပတ်ရထားပြေးဆွဲမှုကို အခေါက်ရေ လျှော့ချပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထားတိုင်းအမှတ် (၇) ပို့ဆောင်ရေးမှ အထွေထွေ မန်နေဂျာ ဦးဇော်လွင်၏ ပြောကြားချက်အရ သိရသည်။

 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အခေါက်ရေ ၁၆၈ ကြိမ်ပြေးဆွဲလျက်ရှိရာ ၆၉ ကြိမ်ကို ယာယီရပ်နားခြင်းဖြစ်သည်။

 

ယခင်က နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ရန်ကုန်-အင်းစိန်-လှော်ကား၊ ရန်ကုန်မြို့ပတ်၊ ရန်ကုန်-မင်္ဂလာဒုံ၊ ရန်ကုန်-တိုးကြောင်ကလေး-ရန်ကုန်-ရွာသာကြီး၊ ရန်ကုန်-ဒဂုံတက္ကသိုလ်၊ ရန်ကုန်-အရှေ့ပိုင်းတက္ကသိုလ် စသည့် လမ်းပိုင်းအသီးသီး ပြေးဆွဲလျက်ရှိရာ နေ့လယ်ပိုင်းအချိန်များတွင် ရထားစီးနင်းသူ နည်းပါးသည့်အတွက် အခေါက်ရေ လျှော့ချပြေးဆွဲခြင်းဖြစ်သည်။

 

'' နေ့လယ်ပိုင်းဆိုရင် ရထားစီးတဲ့သူ မရှိသလောက်ပဲ။ ဒါကြောင့် ကျွန်တော်တို့က ခရီးသည်စီးနင်းမှုနည်းတဲ့ ရထားတွေကို ခေတ္တနားတဲ့ သဘောပါ။ ခရီးသည်များတဲ့ အချိန်တွေမှာ ပြေးဆွဲတဲ့ ရထားတွေက ပုံမှန်ပါပဲ '' ဟု ဦးဇော်လွင်က ပြောသည်။

 

ကတ္တရာလုပ်ငန်းပေါင်း ၁၆ ခုကို ရှာရန်နှိပ်ပါ

 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ယခင်က နေ့စဉ်ခရီးသည် ငါးသောင်းခန့် စီးနင်းသော်လည်း (COVID-19) ရောဂါကြောင့် လက်ရှိတွင် ခရီးသည် သုံးသောင်းခန့်သာ စီးနင်းမှုရှိသည်။

 

ယာယီရပ်နားမည့်ရထားများနှင့် ပြေးဆွဲမည့်ရထားများကို သက်ဆိုင်ရာဘူတာများတွင် အသေးစိတ်ကြေညာထားမည် ဖြစ်သည်။

 

Source: Myawady

 

 

---Zawgyi---

 

ရန္ကုန္ၿမိဳ႕ပတ္ ရထားလမ္းေျပးဆြဲမႈကို အေခါက္ေရေလွ်ာ့ခ် ေျပးဆြဲမည္

 

ကူးစက္လြယ္ကူေသာ (COVID-19) ေရာဂါေၾကာင့္ ၿမိဳ႕ပတ္ရထားစီးနင္းသူ ေလ်ာ့နည္းလာသည့္အတြက္ မတ္လ ၂၉ ရက္မွ စတင္၍ ၿမိဳ႕ပတ္ရထားေျပးဆြဲမႈကို အေခါက္ေရ ေလွ်ာ့ခ်ေျပးဆြဲလ်က္ရွိေၾကာင္း ျမန္မာ့မီးရထားတိုင္းအမွတ္ (၇) ပို႔ေဆာင္ေရးမွ အေထြေထြ မန္ေနဂ်ာ ဦးေဇာ္လြင္၏ ေျပာၾကားခ်က္အရ သိရသည္။

 

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းကို အေခါက္ေရ ၁၆၈ ႀကိမ္ေျပးဆြဲလ်က္ရွိရာ ၆၉ ႀကိမ္ကို ယာယီရပ္နားျခင္းျဖစ္သည္။

 

ယခင္က နံနက္ ၄ နာရီမွ ည ၁၀ နာရီအထိ ရန္ကုန္-အင္းစိန္-ေလွာ္ကား၊ ရန္ကုန္ၿမိဳ႕ပတ္၊ ရန္ကုန္-မဂၤလာဒုံ၊ ရန္ကုန္-တိုးေၾကာင္ကေလး-ရန္ကုန္-႐ြာသာႀကီး၊ ရန္ကုန္-ဒဂုံတကၠသိုလ္၊ ရန္ကုန္-အေရွ႕ပိုင္းတကၠသိုလ္ စသည့္ လမ္းပိုင္းအသီးသီး ေျပးဆြဲလ်က္ရွိရာ ေန႔လယ္ပိုင္းအခ်ိန္မ်ားတြင္ ရထားစီးနင္းသူ နည္းပါးသည့္အတြက္ အေခါက္ေရ ေလွ်ာ့ခ်ေျပးဆြဲျခင္းျဖစ္သည္။

 

'' ေန႔လယ္ပိုင္းဆိုရင္ ရထားစီးတဲ့သူ မရွိသေလာက္ပဲ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ခရီးသည္စီးနင္းမႈနည္းတဲ့ ရထားေတြကို ေခတၱနားတဲ့ သေဘာပါ။ ခရီးသည္မ်ားတဲ့ အခ်ိန္ေတြမွာ ေျပးဆြဲတဲ့ ရထားေတြက ပုံမွန္ပါပဲ '' ဟု ဦးေဇာ္လြင္က ေျပာသည္။

 

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းတြင္ ယခင္က ေန႔စဥ္ခရီးသည္ ငါးေသာင္းခန႔္ စီးနင္းေသာ္လည္း (COVID-19) ေရာဂါေၾကာင့္ လက္ရွိတြင္ ခရီးသည္ သုံးေသာင္းခန႔္သာ စီးနင္းမႈရွိသည္။

 

ယာယီရပ္နားမည့္ရထားမ်ားႏွင့္ ေျပးဆြဲမည့္ရထားမ်ားကို သက္ဆိုင္ရာဘူတာမ်ားတြင္ အေသးစိတ္ေၾကညာထားမည္ ျဖစ္သည္။

 

Source: Myawady

 

 

Read 317 times
Rate this item
(0 votes)
Tagged under