ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အတိုးနှုန်းများ ပိုမိုလျှော့ချရန် ထပ်မံတောင်းဆို

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အတိုးနှုန်းများ ပိုမိုလျှော့ချရန် ထပ်မံတောင်းဆို google

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ထုတ်ချေးငွေပမာဏ တိုးမြှင့်ပေးရန်နှင့် အတိုးနှုန်းထားများ လျှော့ချပေးရန်အတွက် ထပ်မံတောင်းဆိုလိုကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

 

အစိုးရအနေနှင့် လတ်တလောစီးပွားရေး ကျဆင်းမှုများကြောင့် အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေး လုပ်ငန်းရှင်များအတွက် အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးယူနိုင်မည့် ချေးငွေဘီလီယံ ၁၀၀ ချထားပေးသော်လည်း ယင်းလုပ်ငန်းများထဲတွင် ဆောက်လုပ်ရေးလုပ်ငန်း မပါဝင်သည့်အတွက် အတိုးနှုန်းလျှော့ချမှုနှင့် ချေးငွေပမာဏ တိုးမြှင့်ရန်အတွက် တောင်းဆိုလိုကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) မှ အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောကြားသည်။

 

 

>>>သဲ / ရွံ့စေးတူးယူခွင့် (အုတ်) ထုတ်လုပ်ခွင့် လိုင်စင်လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ<<<

 

 

'' ဆောက်လုပ်ရေးဈေးကွက်က ပိုခက်နေတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်မှာဆို ဘဏ်ချေးငွေပြန်မဆပ်လို့ တရားစွဲတာတွေ ဖြစ်ခဲ့တယ်။ အဲဒီအတွက် ဗဟိုဘဏ်က တင်းကျပ်လိုက်တာတွေရှိတယ်။ နိုင်ငံတကာမှာတော့ များများချေးနိုင်အောင်၊ ဘဏ်မှာကျန်တဲ့ငွေပမာဏ များများကျန်အောင် လျှော့ချပေးတာ၊ အခွင့်အလမ်း ဖန်တီးပေးတာတွေ၊ သတ်မှတ်အချိုးနဲ့ ကိုက်ညီအောင် လုက်တာတွေရှိနေတယ်။ နိုင်ငံတော်အနေနဲ့လည်း ဒီအချိန်မှာ အဲဒီလိုလျှော့ချပြီး ထုတ်ချေးငွေ များများချေးနိုင်အောင် လုပ်ပေးမယ်ဆိုရင် ဘဏ်တွေအနေနဲ့ရော၊ လုပ်ငန်းရှင်တွေအတွက်ပါ တစ်ဖက်တစ်လမ်းက အဆင်ပြေမယ်။ နောက်ပြီးအတိုးနှုန်းလျှော့ပေးမယ်ဆိုရင်လည်း အဆင်ပြေတယ် '' ဟု ၎င်းကပြောသည်။

 

 

နိုင်ငံခြားဘဏ်လုပ်ငန်းပေါင်း ၃၇ ခုကို ရှာရန်နှိပ်ပါ

 

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီလ ၁ ရက်နေ့မှ စတင်လျှော့ချမည့် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ၏ လက်ရှိသတ်မှတ်ထားသည့် အတိုးနှုန်းအတွက် ထိရောက်မှု အားနည်းကြောင်း၊ ယင်းအတွက်ကြောင့် ထပ်မံတောင်းဆိုလိုခြင်းဖြစ်ကြောင်း MCEF ထံမှ သိရသည်။

 

 

Source: The Voice

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ အတိုးႏႈန္းမ်ား ပိုမိုေလွ်ာ့ခ်ရန္ ထပ္မံေတာင္းဆို

 

 

ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ ထုတ္ေခ်းေငြပမာဏ တုိးျမွင့္ေပးရန္ႏွင့္ အတိုးႏႈန္းထားမ်ား ေလွ်ာ့ခ်ေပးရန္အတြက္ ထပ္မံေတာင္းဆိုလိုေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

 

 

အစိုးရအေနႏွင့္ လတ္တေလာစီးပြားေရး က်ဆင္းမႈမ်ားေၾကာင့္ အေသးစား၊ အလတ္စားႏွင့္ အငယ္စားစီးပြားေရး လုပ္ငန္းရွင္မ်ားအတြက္ အတိုးႏႈန္း ၁ ရာခုိင္ႏႈန္းျဖင့္ ေခ်းယူႏုိုင္မည့္ ေခ်းေငြဘီလီယံ ၁၀၀ ခ်ထားေပးေသာ္လည္း ယင္းလုပ္ငန္းမ်ားထဲတြင္ ေဆာက္လုပ္ေရးလုပ္ငန္း မပါဝင္သည့္အတြက္ အတိုးႏႈန္းေလွ်ာ့ခ်မႈႏွင့္ ေခ်းေငြပမာဏ တိုးျမွင့္ရန္အတြက္ ေတာင္းဆိုလိုေၾကာင္း ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ (MCEF) မွ အတြင္းေရးမွဴး ဦးမ်ိဳးျမင့္က ေျပာၾကားသည္။

 

 

'' ေဆာက္လုပ္ေရးေစ်းကြက္က ပိုခက္ေနတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ႏွစ္ကုန္မွာဆို ဘဏ္ေခ်းေငြျပန္မဆပ္လို႔ တရားစြဲတာေတြ ျဖစ္ခဲ့တယ္။ အဲဒီအတြက္ ဗဟိုဘဏ္က တင္းက်ပ္လိုက္တာေတြရွိတယ္။ ႏိုင္ငံတကာမွာေတာ့ မ်ားမ်ားေခ်းႏိုင္ေအာင္၊ ဘဏ္မွာက်န္တဲ့ေငြပမာဏ မ်ားမ်ားက်န္ေအာင္ ေလွ်ာ့ခ်ေပးတာ၊ အခြင့္အလမ္း ဖန္တီးေပးတာေတြ၊ သတ္မွတ္အခ်ိဳးနဲ႔ ကိုက္ညီေအာင္ လုက္တာေတြရွိေနတယ္။ ႏိုင္ငံေတာ္အေနနဲ႔လည္း ဒီအခ်ိန္မွာ အဲဒီလိုေလွ်ာ့ခ်ၿပီး ထုတ္ေခ်းေငြ မ်ားမ်ားေခ်းႏိုင္ေအာင္ လုပ္ေပးမယ္ဆိုရင္ ဘဏ္ေတြအေနနဲ႔ေရာ၊ လုပ္ငန္းရွင္ေတြအတြက္ပါ တစ္ဖက္တစ္လမ္းက အဆင္ေျပမယ္။ ေနာက္ၿပီးအတိုးႏႈန္းေလွ်ာ့ေပးမယ္ဆိုရင္လည္း အဆင္ေျပတယ္ '' ဟု ၎ကေျပာသည္။

 

 

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဧၿပီလ ၁ ရက္ေန႔မွ စတင္ေလွ်ာ့ခ်မည့္ အတိုးႏႈန္း ၁ ဒသမ ၅ ရာခိုင္ႏႈန္းသည္ ျမန္မာႏိုင္ငံ၏ လက္ရွိသတ္မွတ္ထားသည့္ အတိုးႏႈန္းအတြက္ ထိေရာက္မႈ အားနည္းေၾကာင္း၊ ယင္းအတြက္ေၾကာင့္ ထပ္မံေတာင္းဆိုလိုျခင္းျဖစ္ေၾကာင္း MCEF ထံမွ သိရသည္။

 

 

Source: The Voice

 

 

Read 852 times
Rate this item
(0 votes)
Tagged under