စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီး google

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမျိုးအစားခြောက်မျိုးပါ လမ်းများခင်းကျင်းဖောက်လုပ်မှု ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း AC လမ်း ၉ မိုင် ၇ ဒသမ ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၂ မိုင် ၇ ဖာလုံ၊

 

ကတ္တရာလမ်း ၁၅ မိုင် ၃ ဒသမ ၅ ဖာလုံ၊ ကျောက်ချောလမ်း ၁၅ မိုင် ၇ ဖာလုံ၊

 

အမာခံလမ်း ၃၀ မိုင် ၆ ဒသမ ၅ ဖာလုံ၊ မြေသားလမ်း ၃၁ မိုင် ၅ ဖာလုံအား ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

'' လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်ဖို့ တိုင်းဒေသကြီးအတွင်းက ခရိုင် ကိုးခရိုင်မှာ တည်ဆောက်ပေးနေတာဖြစ်ပါတယ်။

 

ပြည်ထောင်စုအစိုးရအဖွဲ့ရန်ပုံငွေတွေနဲ့ လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ အခုအခြေအနေမှာတော့ လုပ်ငန်းအားလုံးရဲ့ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။

 

ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ လမ်းအမျိုးအစားအလိုက် အရည်အသွေးကောင်းမွန်ဖို့အတွက်

 

 

ဂက်စ်ပိုက်တပ်ဆင်ရေး လုပ်ငန်းပေါင်း ၁၀ ခုကို ရှာရန်နှိပ်ပါ

 

 

ဌာနအနေနဲ့ ကွင်းဆင်းစစ်ဆေးမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စစ်ဆေးကြပ်မတ် လုပ်ဆောင်နေပါတယ် '' ဟု

 

စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်အထိ AC လမ်း ၇၂ မိုင် ၃ ဒသမ ၀၅ ဖာလုံ၊

 

ကွန်ကရစ်လမ်း ၂၃၀ မိုင် ၃ ဒသမ ၇၆ ဖာလုံ၊ ကတ္တရာလမ်း ၁၅၇၆ မိုင် ၂ ဒသမ ၁၇၄ ဖာလုံ၊

 

ကျောက်ချောလမ်း ၄၂၆ မိုင် ၁ ဒသမ ၃၂၅ ဖာလုံ၊ အမာခံလမ်း ၄၂၄ မိုင် ၃ ဒသမ ၃ ဖာလုံ၊

 

မြေသားလမ်း ၂၂၁ မိုင် ၃ ဒသမ ၉ ဖာလုံအား ဖောက်လုပ်ပေးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

Source: Myawady

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

စစ္ကိုင္းတိုင္းအတြင္းရွိ လမ္းမ်ားဖြံ႔ၿဖိဳးတိုးတက္ေရး လုပ္ေဆာင္ေနမႈ ၅၀ ရာခိုင္ႏႈန္းၿပီးစီး

 

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း အမ်ိဳးအစားေျခာက္မ်ိဳးပါ လမ္းမ်ားခင္းက်င္းေဖာက္လုပ္မႈ ၅၀ ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။

 

လမ္းဦးစီးဌာနမွ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း AC လမ္း ၉ မိုင္ ၇ ဒသမ ၅ ဖာလံု၊ ကြန္ကရစ္လမ္း ၃၂ မိုင္ ၇ ဖာလံု၊

 

ကတၱရာလမ္း ၁၅ မိုင္ ၃ ဒသမ ၅ ဖာလံု၊ ေက်ာက္ေခ်ာလမ္း ၁၅ မိုင္ ၇ ဖာလံု၊

 

အမာခံလမ္း ၃၀ မိုင္ ၆ ဒသမ ၅ ဖာလံု၊ ေျမသားလမ္း ၃၁ မိုင္ ၅ ဖာလံုအား ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလအတြင္း စတင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 

'' လမ္းပန္းဆက္သြယ္ေရးေတြ ေကာင္းမြန္ဖို႔ တိုင္းေဒသႀကီးအတြင္းက ခရိုင္ ကိုးခရုိုင္မွာ တည္ေဆာက္ေပးေနတာျဖစ္ပါတယ္။

 

ျပည္ေထာင္စုအစိုးရအဖြဲ႔ရန္ပံုေငြေတြနဲ႔ လုပ္ေဆာင္ေပးတာျဖစ္ပါတယ္။ အခုအေျခအေနမွာေတာ့ လုပ္ငန္းအားလံုးရဲ႕ ၅၀ ရာခိုင္ႏႈန္း ၿပီးစီးေနပါၿပီ။

 

ဘ႑ာေရးႏွစ္အတြင္းမွာ အၿပီးတည္ေဆာက္သြားမွာ ျဖစ္ပါတယ္။ လမ္းအမ်ိဳးအစားအလိုက္ အရည္အေသြးေကာင္းမြန္ဖို႔အတြက္

 

ဌာနအေနနဲ႔ ကြင္းဆင္းစစ္ေဆးမႈေတြကို သက္ဆိုင္ရာတာဝန္ရွိသူေတြနဲ႔ ပူးေပါင္းၿပီး စစ္ေဆးၾကပ္မတ္ လုပ္ေဆာင္ေနပါတယ္ '' ဟု

 

စစ္ကိုင္းတိုင္းေဒသႀကီး လမ္းဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒၚမိုးမိုးျမင့္က ေျပာသည္။

 

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ကုန္အထိ AC လမ္း ၇၂ မိုင္ ၃ ဒသမ ၀၅ ဖာလံု၊

 

ကြန္ကရစ္လမ္း ၂၃၀ မိုင္ ၃ ဒသမ ၇၆ ဖာလံု၊ ကတၱရာလမ္း ၁၅၇၆ မိုင္ ၂ ဒသမ ၁၇၄ ဖာလံု၊

 

ေက်ာက္ေခ်ာလမ္း ၄၂၆ မိုင္ ၁ ဒသမ ၃၂၅ ဖာလံု၊ အမာခံလမ္း ၄၂၄ မိုင္ ၃ ဒသမ ၃ ဖာလံု၊

 

ေျမသားလမ္း ၂၂၁ မိုင္ ၃ ဒသမ ၉ ဖာလံုအား ေဖာက္လုပ္ေပးႏိုင္ခဲ့ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး လမ္းဦးစီးဌာန၏ မွတ္တမ္းမ်ားအရ သိရသည္။

 

Source: Myawady

 

 

Read 1282 times Last modified on Wednesday, 25 March 2020 18:02
Rate this item
(0 votes)
Tagged under