သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နေပြည်တော်-ရန်ကုန်ခရီးစဉ် ပြေးဆွဲမည်

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နေပြည်တော်-ရန်ကုန်ခရီးစဉ် ပြေးဆွဲမည် google

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း သွားလာရေးအဆင်ပြေစေရန် ကုန်းလမ်းပို့ဆောင်ရေးဌာန၏ အစီအစဉ်ဖြင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါခရီးစဉ်တွင် စုစုပေါင်းယာဉ် ၁၀ စီး လူ ၄၀၀ အတွက် ပြေးဆွဲသွားမည်ဖြစ်ပြီး နေပြည်တော်-ရန်ကုန် (အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁ သောင်း ၅ ထောင်နှင့် ငွေကျပ် ၁ သောင်း ၁ ထောင် ဟူ၍ ကားအမျိုးအစား နှစ်မျိုးဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။

 

 

ကားလက်မှတ်များကို ဧပြီ ၂ ရက်မှ ၆ ရက်‌အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေပြည်တော် မြို့မဈေး က.ပ.ရ (ဂိတ်)တွင် ရောင်းချပေးသွားမည်ဖြစ်သည်။

 

 

အဆိုခရီးစဉ်ကို ဧပြီ ၉ ရက် ညနေ ၆ နာရီတွင်စတင်ထွက်ရှိမည်ဖြစ်ပြီး ဧပြီ ၁၉ ရက် ညနေ ၆ နာရီတွင် ပြန်လည်ထွက်ရှိမည်ဖြစ်သည်။

 

 

သံတံခါး လုပ်ငန်းပေါင်း ၈၃၂ ခုကို ရှာရန် နှိပ်ပါ

 

 

ကားလက်မှတ်ရောင်းချပေးနိုင်မည့် အရေအတွက်ထက် ခရီးသွားဝန်ထမ်း ပိုမိုများပြားနေပါက ဝန်ကြီးဌာနအလိုက် အချိုးချကန့်သတ် ရောင်းချပေးသွားမည်‌ဖြစ်သည်။

 

 

'' ကျွန်တော်တို့ ဌာနအနေနဲ့ ဒီနှစ်မှလုပ်တာ မဟုတ်ပါဘူး။ နှစ်စဉ်သင်္ကြန်ကာလရုံးပိတ်ရက်နဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင် အခါကြီးရက်ကြီး ရုံးပိတ်ရက်ရှည်တိုင်းမှာ ဒီလိုဆောင်ရွက်ပေးတာ ဒီနှစ်နဲ့ဆိုရင် လေးနှစ်ရှိပါပြီ။ အမှန်ကတော့ ဒီကားတွေက ပိုလို့တော့မဟုတ်ပါဘူး။ တခြားဌာနခွဲက လိုင်းတွေကိုလျှော့လိုက်ပြီးတော့မှ ကျွန်တော်တို့ ဝန်ထမ်းတွေ သွားရေးလာရေး လွယ်ကူအောင်ဆိုပြီးတော့ စီစဉ်ပေးတာဖြစ်ပါတယ် '' ဟု နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးဌာန(ရုံးချုပ်)မှ ဌာနမှူး လက်ထောက်အထွေထွေမန်နေဂျာ ဦးအေးဝင်းက ပြောသည်။

 

 

နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း မောင်းနှင်၍ ရန်ကုန်ဘူတာကြီးတွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယ လမ်းကြောင်းအဖြစ် အမှတ် (၃) လမ်းမကြီးမှ မောင်းနှင်၍ အောင်မင်္ဂလာ အဝေးပြေးဂိတ်၊ မြောက်ဥက္ကလာပအဝိုင်း၊ တံတားလေးလမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်းတို့မှတစ်ဆင့် ရန်ကုန်ဘူတာကြီးတွင် ခရီးစဉ် အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

သၾကၤန္႐ုံးပိတ္ရက္ကာလအတြင္း ေနျပည္ေတာ္-ရန္ကုန္ခရီးစဥ္ ေျပးဆြဲမည္

 

 

သၾကၤန္႐ုံးပိတ္ရက္ကာလအတြင္း သြားလာေရးအဆင္ေျပေစရန္ ကုန္းလမ္းပို႔ေဆာင္ေရးဌာန၏ အစီအစဥ္ျဖင့္ ေနျပည္ေတာ္တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါခရီးစဥ္တြင္ စုစုေပါင္းယာဥ္ ၁၀ စီး လူ ၄၀၀ အတြက္ ေျပးဆြဲသြားမည္ျဖစ္ၿပီး ေနျပည္ေတာ္-ရန္ကုန္ (အသြား/အျပန္) ယာဥ္စီးခ ေငြက်ပ္ ၁ ေသာင္း ၅ ေထာင္ႏွင့္ ေငြက်ပ္ ၁ ေသာင္း ၁ ေထာင္ ဟူ၍ ကားအမ်ိဳးအစား ႏွစ္မ်ိဳးျဖင့္ ေျပးဆြဲသြားမည္ျဖစ္သည္။

 

 

ကားလက္မွတ္မ်ားကို ဧၿပီ ၂ ရက္မွ ၆ ရက္‌အထိ နံနက္ ၇ နာရီမွ ညေန ၆ နာရီအတြင္း ေနျပည္ေတာ္ ၿမိဳ႕မေဈး က.ပ.ရ (ဂိတ္)တြင္ ေရာင္းခ်ေပးသြားမည္ျဖစ္သည္။

 

 

အဆိုခရီးစဥ္ကို ဧၿပီ ၉ ရက္ ညေန ၆ နာရီတြင္စတင္ထြက္ရွိမည္ျဖစ္ၿပီး ဧၿပီ ၁၉ ရက္ ညေန ၆ နာရီတြင္ ျပန္လည္ထြက္ရွိမည္ျဖစ္သည္။

 

 

ကားလက္မွတ္ေရာင္းခ်ေပးႏိုင္မည့္ အေရအတြက္ထက္ ခရီးသြားဝန္ထမ္း ပိုမိုမ်ားျပားေနပါက ဝန္ႀကီးဌာနအလိုက္ အခ်ိဳးခ်ကန႔္သတ္ ေရာင္းခ်ေပးသြားမည္‌ျဖစ္သည္။

 

 

'' ကြၽန္ေတာ္တို႔ ဌာနအေနနဲ႔ ဒီႏွစ္မွလုပ္တာ မဟုတ္ပါဘူး။ ႏွစ္စဥ္သၾကၤန္ကာလ႐ုံးပိတ္ရက္နဲ႔ သီတင္းကြၽတ္၊ တန္ေဆာင္တိုင္ အခါႀကီးရက္ႀကီး ႐ုံးပိတ္ရက္ရွည္တိုင္းမွာ ဒီလိုေဆာင္႐ြက္ေပးတာ ဒီႏွစ္နဲ႔ဆိုရင္ ေလးႏွစ္ရွိပါၿပီ။ အမွန္ကေတာ့ ဒီကားေတြက ပိုလို႔ေတာ့မဟုတ္ပါဘူး။ တျခားဌာနခြဲက လိုင္းေတြကိုေလွ်ာ့လိုက္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔ ဝန္ထမ္းေတြ သြားေရးလာေရး လြယ္ကူေအာင္ဆိုၿပီးေတာ့ စီစဥ္ေပးတာျဖစ္ပါတယ္ '' ဟု ေနျပည္ေတာ္ကုန္းလမ္းပို႔ေဆာင္ေရးဌာန(႐ုံးခ်ဳပ္)မွ ဌာနမႉး လက္ေထာက္အေထြေထြမန္ေနဂ်ာ ဦးေအးဝင္းက ေျပာသည္။

 

 

ေနျပည္ေတာ္-ရန္ကုန္ခရီးစဥ္ကို ေထာက္ၾကန႔္လမ္းဆုံမွ ျပည္လမ္းအတိုင္း ေမာင္းႏွင္၍ ရန္ကုန္ဘူတာႀကီးတြင္ ခရီးစဥ္ၿပီးဆုံးမည္ျဖစ္ၿပီး ဒုတိယ လမ္းေၾကာင္းအျဖစ္ အမွတ္ (၃) လမ္းမႀကီးမွ ေမာင္းႏွင္၍ ေအာင္မဂၤလာ အေဝးေျပးဂိတ္၊ ေျမာက္ဥကၠလာပအဝိုင္း၊ တံတားေလးလမ္းဆုံ၊ ကမာၻေအးဘုရားလမ္းတို႔မွတစ္ဆင့္ ရန္ကုန္ဘူတာႀကီးတြင္ ခရီးစဥ္ အဆုံးသတ္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

Read 242 times Last modified on Wednesday, 25 March 2020 13:52
Rate this item
(0 votes)
Tagged under