လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၇၁၀၀ ကျော်ထုတ်လုပ်နိုင်မည့် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်း ၇၀ ကျော် အဆိုပြုထား

လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၇၁၀၀ ကျော်ထုတ်လုပ်နိုင်မည့် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်း ၇၀ ကျော် အဆိုပြုထား google

လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၇၁၀၉ ဒသမ ၃၇ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်း ၇၄ ခု အဆိုပြုထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 

'' ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းတွေ ဆောင်ရွက်ရာမှာ လျှပ်စစ်ဥပဒေနဲ့ လိုက်လျောညီထွေရှိမှုအပေါ် သုံးသပ်ပြီးဆောင်ရွက်မှာ ဖြစ်ပါတယ် ''ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

 

ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ၏ အဆိုပြုချက်များ လက်ခံရရှိမှုအရ ဆိုလာအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတွင် စီမံကိန်း ၆၁ ခုမှ စုစုပေါင်း တပ်ဆင်အား ၅၇၄၆ ဒသမ ၃၇ မဂ္ဂါဝပ်၊ လေအားအတွက် တိုင်းဒေသကြီး လေးခုတွင် အဆိုပြုစီမံကိန်း ခုနှစ်ခုမှ စုစုပေါင်း ၁၁၆၃ မဂ္ဂါဝပ်နှင့် Biomass အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတွင် စီမံကိန်းခြောက်ခုမှ ၂၀၀ မဂ္ဂါဝပ်ကို ဆောင်ရွက်ရန် အဆိုပြုထားကြောင်း သိရသည်။

 

 

ဆိုလာစီမံကိန်းအဆိုပြုချက်များတွင် ဆန်းသစ်တီထွင်အစီအစဉ်များဖြင့် အဆိုပြုထားပြီး တစ်ယူနစ်ရောင်းဈေးကိုလည်း ဌာန၏ မျှော်မှန်းချက်နှင့် နီးစပ်စွာ အဆိုပြုတင်ထားကြောင်း သိရသည်။

 

 

နေစွမ်းအင်သုံးလျှပ်စစ်စက်ကိရိယာများ လုပ်ငန်းပေါင်း ၇၁ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုစီမံကိန်းများကို နေရာ၊ နည်းပညာ၊ ဒီဇိုင်းနှင့် installed capacity အနီးဆုံးနေရာတွင် တည်ရှိသည့် ဓာတ်အားခွဲရုံ၊ ဆိုလာစီမံကိန်းမှ ဓာတ်အားထုတ်လုပ်မှုကို လိုက်လံထိန်းညှိရန် အသုံးပြုမည့် အနီးဆုံး Based Load စက်ရုံ၊ ESIA အရ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှုတို့အပေါ် မူတည်သုံးသပ်ကြောင်း သိရသည်။

 

 

ထို့ပြင် တိုင်းပြည်၏ တိုးမြှင့်လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လက်ရှိဆောင်ရွက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများအနက်မှ လာမည့်သုံးနှစ်အတွင်း မဂ္ဂါဝပ် ၅၀၀ ခန့်ရရှိမည်ဖြစ်ပြီး ရေတိုအစီအမံအနေဖြင့် ဆောင်ရွက်နေသည့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ခုနှစ်ရုံမှ စုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် မကြာမီ လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

 

Source: Pyimyanmar

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္ ၇၁၀၀ ေက်ာ္ထုတ္လုပ္ႏိုင္မည့္ ျပန္ျပည့္ၿမဲစြမ္းအင္စီမံကိန္း ၇၀ ေက်ာ္ အဆိုျပဳထား

 

 

လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္ ၇၁၀၉ ဒသမ ၃၇ မဂၢါဝပ္ ထုတ္လုပ္ႏိုင္မည့္ ျပန္ျပည့္ၿမဲစြမ္းအင္ စီမံကိန္း ၇၄ ခု အဆိုျပဳထားေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။

 

 

'' ျပန္ျပည့္ၿမဲစြမ္းအင္စီမံကိန္းေတြ ေဆာင္ရြက္ရာမွာ လွ်ပ္စစ္ဥပေဒနဲ႔ လုိက္ေလ်ာညီေထြရွိမႈအေပၚ သံုးသပ္ၿပီးေဆာင္ရြက္မွာ ျဖစ္ပါတယ္ ''ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

 

 

ျပန္ျပည့္ၿမဲစြမ္းအင္စီမံကိန္းမ်ား၏ အဆိုျပဳခ်က္မ်ား လက္ခံရရွိမႈအရ ဆိုလာအတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ရွစ္ခုတြင္ စီမံကိန္း ၆၁ ခုမွ စုစုေပါင္း တပ္ဆင္အား ၅၇၄၆ ဒသမ ၃၇ မဂၢါဝပ္၊ ေလအားအတြက္ တိုင္းေဒသႀကီး ေလးခုတြင္ အဆိုျပဳစီမံကိန္း ခုနွစ္ခုမွ စုစုေပါင္း ၁၁၆၃ မဂၢါဝပ္ႏွင့္ Biomass အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ေလးခုတြင္ စီမံကိန္းေျခာက္ခုမွ ၂၀၀ မဂၢါဝပ္ကို ေဆာင္ရြက္ရန္ အဆိုျပဳထားေၾကာင္း သိရသည္။

 

 

ဆိုလာစီမံကိန္းအဆိုျပဳခ်က္မ်ားတြင္ ဆန္းသစ္တီထြင္အစီအစဥ္မ်ားျဖင့္ အဆိုျပဳထားၿပီး တစ္ယူနစ္ေရာင္းေစ်းကိုလည္း ဌာန၏ ေမွ်ာ္မွန္းခ်က္နွင့္ နီးစပ္စြာ အဆိုျပဳတင္ထားေၾကာင္း သိရသည္။

 

 

အဆိုစီမံကိန္းမ်ားကို ေနရာ၊ နည္းပညာ၊ ဒီဇိုင္းနွင့္ installed capacity အနီးဆံုးေနရာတြင္ တည္ရွိသည့္ ဓာတ္အားခြဲရံု၊ ဆိုလာစီမံကိန္းမွ ဓာတ္အားထုတ္လုပ္မႈကို လိုက္လံထိန္းညွိရန္ အသံုးျပဳမည့္ အနီးဆံုး Based Load စက္ရံု၊ ESIA အရ သဘာဝပတ္ဝန္းက်င္ႏွင့္ လူမႈပတ္ဝန္းက်င္အေပၚ သက္ေရာက္ႏိုင္မႈတို႔အေပၚ မူတည္သံုးသပ္ေၾကာင္း သိရသည္။

 

 

ထို႔ျပင္ တိုင္းျပည္၏ တိုးျမွင့္လာသည့္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ရန္အတြက္ လက္ရွိေဆာင္ရြက္ဆဲ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားအနက္မွ လာမည့္သံုးႏွစ္အတြင္း မဂၢါဝပ္ ၅၀၀ ခန္႔ရရွိမည္ျဖစ္ၿပီး ေရတိုအစီအမံအေနျဖင့္ ေဆာင္ရြက္ေနသည့္ အပူစြမ္းအင္သံုး ဓာတ္အားေပးစက္ရံု ခုႏွစ္ရံုမွ စုစုေပါင္း ၁၁၆၆ မဂၢါဝပ္ မၾကာမီ လည္ပတ္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

 

 

Source: Pyimyanmar

Read 1818 times
Rate this item
(0 votes)
Tagged under