ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) အား ယနေ့စတင် ပိတ်မည်

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) အား ယနေ့စတင် ပိတ်မည် google

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) အား မတ်လ ၂၃ ရက်တွင် စတင်ပိတ်ရန် စီစဉ်ထားသော်လည်း ထိုင်းမှပြန်လာမည့် မြန်မာနိုင်ငံသားများ ထိုင်းလမ်းဘက်ခြမ်းတွင် ကျန်ရှိနေသေးသောကြောင့် မတ်လ ၂၄ ရက်တွင် ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

'' မတ်လ ၂၃ ရက် တစ်ရက်တော့ အဝင်ကို လက်ခံပေးသွားဦးမှာပါ။ ကိုယ့်နိုင်ငံ ပြန်လာမည့် နိုင်ငံသားတွေ ထိုင်းဘက်ခြမ်းလမ်းတွေမှာ ရှိနေသေးတယ်လို့ ကြားသိရတဲ့အတွက် တစ်ရက်တော့ စောင့်ကြည့်သွားမယ်။ အမှန်ဆို မတ်လ ၂၃ ရက် ပိတ်ရမှာပါ။ တကယ်လို့ ၂၃ ရက် ပိတ်ချလိုက်ရင် လမ်းပေါ်မှာ ရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေက ဒီဘက်လည်းကူးမရ၊ ပြန်တက်လို့လည်း မဖြစ်နဲ့ ဒုက္ခရောက်ကုန်မှာပါ။ ဒါကြောင့်စီစဉ်ပေးရတာပါ။ ဒီရက်ပိုင်းမှာ ပြန်ဝင်လာတဲ့နိုင်ငံသားတွေ တော်တော်များတယ်။ တစ်ပတ်အတွင်းမှာ ၂ သောင်းကျော်လောက်ရှိမယ် '' ဟု မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ကပြောသည်။

 

 

ပန်းဥယျာဉ်နှင့် မြေကြီးအလှအပများ လုပ်ငန်းပေါင်း ၅၈ ခုကို ရှာရန်နှိပ်ပါ

 

 

မြန်မာနိုင်ငံဘက်သို့ ပြန်ဝင်လာသော နိုင်ငံသားများကို Corona Virus ရှိ၊ မရှိ စစ်ဆေးခြင်းအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ကျန်းမာရေးတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကာ ကောင်တာရှစ်ခုဖွင့်လှစ်ပြီး စနစ်တကျ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

 

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၁) ကိုလည်း Corona Virus အခြေအနေကြောင့် မတ်လ ၂၁ ရက်နေ့ကစတင်ကာ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ထိုင္း-ျမန္မာခ်စ္ၾကည္ေရးတံတား အမွတ္ (၂) အား ယေန႔စတင္ ပိတ္မည္

 

 

ထိုင္း-ျမန္မာခ်စ္ၾကည္ေရးတံတား အမွတ္ (၂) အား မတ္လ ၂၃ ရက္တြင္ စတင္ပိတ္ရန္ စီစဥ္ထားေသာ္လည္း ထိုင္းမွျပန္လာမည့္ ျမန္မာႏိုင္ငံသားမ်ား ထိုင္းလမ္းဘက္ျခမ္းတြင္ က်န္ရွိေနေသးေသာေၾကာင့္ မတ္လ ၂၄ ရက္တြင္ ပိတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

'' မတ္လ ၂၃ ရက္ တစ္ရက္ေတာ့ အဝင္ကို လက္ခံေပးသြားဦးမွာပါ။ ကိုယ့္ႏိုင္္ငံ ျပန္လာမည့္ ႏိုင္ငံသားေတြ ထိုင္းဘက္ျခမ္းလမ္းေတြမွာ ရွိေနေသးတယ္လို႔ ၾကားသိရတဲ့အတြက္ တစ္ရက္ေတာ့ ေစာင့္ၾကည့္သြားမယ္။ အမွန္ဆို မတ္လ ၂၃ ရက္ ပိတ္ရမွာပါ။ တကယ္လို႔ ၂၃ ရက္ ပိတ္ခ်လိုက္ရင္ လမ္းေပၚမွာ ေရာက္ေနတဲ့ ကိုယ့္ႏိုင္္ငံသားေတြက ဒီဘက္လည္းကူးမရ၊ ျပန္တက္လို႔လည္း မျဖစ္နဲ႔ ဒုကၡေရာက္ကုန္မွာပါ။ ဒါေၾကာင့္စီစဥ္ေပးရတာပါ။ ဒီရက္ပိုင္းမွာ ျပန္ဝင္လာတ့ဲႏိုင္ငံသားေတြ ေတာ္ေတာ္မ်ားတယ္။ တစ္ပတ္အတြင္းမွာ ၂ ေသာင္းေက်ာ္ေလာက္ရွိမယ္ '' ဟု ျမဝတီခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္ ကေျပာသည္။

 

 

ျမန္မာႏိုင္ငံဘက္သို႔ ျပန္ဝင္လာေသာ ႏိုင္ငံသားမ်ားကို Corona Virus ရွိ၊ မရွိ စစ္ေဆးျခင္းအတြက္ က်န္းမာေရးဝန္ႀကီးဌာန၏ လမ္းညႊန္ခ်က္အတိုင္း က်န္းမာေရးတာဝန္ရွိသူမ်ားက ပူးေပါင္းေဆာင္ရြက္ကာ ေကာင္တာရွစ္ခုဖြင့္လွစ္ၿပီး စနစ္တက် စစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

 

 

ထိုင္း-ျမန္မာခ်စ္ၾကည္ေရးတံတား အမွတ္ (၁) ကိုလည္း Corona Virus အေျခအေနေၾကာင့္ မတ္လ ၂၁ ရက္ေန႔ကစတင္ကာ ျဖတ္သန္းသြားလာခြင့္မျပဳဘဲ ပိတ္ထားခဲ့ျခင္းျဖစ္သည္။

Read 817 times
Rate this item
(0 votes)
Tagged under

Related items