မန္တလေးမြို့ရှိ အဆောက်အဦများတွင် မီးငြှိမ်းသတ်ရေးစနစ်များ ထည့်သွင်းရန် လိုက်နာမှု အားနည်း

မန္တလေးမြို့ရှိ အဆောက်အဦများတွင် မီးငြှိမ်းသတ်ရေးစနစ်များ ထည့်သွင်းရန် လိုက်နာမှု အားနည်း google

မန္တလေးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဆောက်အဦများ ဆောက်လုပ်သည့်အခါ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ အကြံပြုချက်ရယူပြီး တည်ဆောက်လာကြသော်လည်း မီးငြှိမ်းသတ်ရေးစနစ်များ ထည့်သွင်းရန် လိုက်နာမှုအားနည်းနေသေးကြောင်း သိရသည်။

 

'' မန္တလေးမြို့မှာ အဆောက်အဦဆောက်လုပ်တဲ့အခါမှာ မီးငြှိမ်းသတ်ရေးစနစ် ထားရမယ့်စနစ်တွေ၊ အရေးပေါ်ထွက်ပေါက်စနစ်တွေ၊ မီးလောင်လွယ်တဲ့ပစ္စည်း ရောင်းချတာတွေကို မီးသတ်ဦးစီးဌာနရဲ့ အကြုံပြုချက်ရယူတဲ့ အဆောက်အဦတွေ အရင်က နည်းတယ်။ မီးသတ်ဦးစီးဌာနရဲ့ အကြံပြုချက်ယူပြီး ဆောက်တာတွေများလာတယ်။ ဒါပေမဲ့ အကြုံပြုချက်အတိုင်း မီးငြှိမ်းသတ်ပစ္စည်းတွေထည့်သွင်းတဲ့စနစ်ကတော့ အားနည်းတာတွေ့ရပါတယ်။ စစ်ဆေးတဲ့အခါမှာ လိုက်နာတဲ့ အဆောက်အအုံရှိသလို မလိုက်နာတဲ့အဆောက်အအုံတွေက ပိုများပါတယ် ''ဟု မီးသတ်ဦးစီးဌာနမှူး ဦးသန်းဇော်ဦးက ပြောသည်။

 

 

အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ မီးသတ်ဦးစီးဌာနရဲ့ အကြံပြုချက်ရပြီး တည်ဆောက်သော်လည်း မီးသတ်ပစ္စည်းတွေ ထည့်ဖို့ အကုန်ကျမခံနိုင်သောကြောင့့်် အရည်အသွေးညံသော ဈေးနှုန်းသက်သာသည့် ပစ္စည်းများကို ရွေးချယ်အသုံးပြုလျက်ရှိကြသည်။

 

 

'' မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာနည်းတူ မီးငြှိမ်းသတ်ရေးပစ္စည်းတွေကို ထည့်သင့်တယ်လို့ အကြုံပြုချင်ပါတယ် '' ဟု ဦးသန်းဇော်ဦးက ပြောသည်။

 

 

ကြွေထည်ပစ္စည်းများ လုပ်ငန်းပေါင်း ၁၁၉ ခုကို ရှာရန်နှိပ်ပါ

 

 

မြန်မာနိုင်ငံတွင် ထိရောက်လုံခြုံသော မီးဘေးစနစ်ရရှိရန်အတွက် သုံးထပ်နှင့်အထက် အဆောက်အဦများ ဆောက်လုပ်သည့်အခါ မီးသတ်တပ်ဖွဲ့၏ အကြံပြုချက်ဖြင့် မီးငြှိမ်းသတ်ရေးစနစ်များ စနစ်တကျထည့်သွင်းမှသာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ထုတ်ပေးသည့် မီးဘေးလုံခြုံရေးလက်မှတ် ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ လက်မှတ်ရရှိမှသာ သက်ဆိုင်ရာဌာနမှ အဆောက်အအုံအသုံးချခွင့်လက်မှတ် ထုတ်ပေးသည့်စနစ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

မႏၱေလးၿမိဳ႕ရွိ အေဆာက္အဦမ်ားတြင္ မီးၿငိွမ္းသတ္ေရးစနစ္မ်ား ထည့္သြင္းရန္ လိုက္နာမႈ အားနည္း

 

 

မႏၱေလးၿမိဳ႕တြင္ မီးေဘးအႏၱရာယ္ႀကိဳတင္ကာကြယ္ႏိုင္ရန္အတြက္ အေဆာက္အဦမ်ား ေဆာက္လုပ္သည့္အခါ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ အၾကံျပဳခ်က္ရယူၿပီး တည္ေဆာက္လာၾကေသာ္လည္း မီးၿငွိမ္းသတ္ေရးစနစ္မ်ား ထည့္သြင္းရန္ လိုက္နာမႈအားနည္းေနေသးေၾကာင္း သိရသည္။

 

 

'' မႏၱေလးၿမိဳ႕မွာ အေဆာက္အဦေဆာက္လုပ္တဲ့အခါမွာ မီးၿငွိမ္းသတ္ေရးစနစ္ ထားရမယ့္စနစ္ေတြ၊ အေရးေပၚထြက္ေပါက္စနစ္ေတြ၊ မီးေလာင္လြယ္တဲ့ပစၥည္း ေရာင္းခ်တာေတြကို မီးသတ္ဦးစီးဌာနရဲ႕ အႀကံဳျပဳခ်က္ရယူတဲ့ အေဆာက္အဦေတြ အရင္က နည္းတယ္။ မီးသတ္ဦးစီးဌာနရဲ႕ အႀကံျပဳခ်က္ယူၿပီး ေဆာက္တာေတြမ်ားလာတယ္။ ဒါေပမဲ့ အႀကံဳျပဳခ်က္အတိုင္း မီးၿငွိမ္းသတ္ပစၥည္းေတြထည့္သြင္းတဲ့စနစ္ကေတာ့ အားနည္းတာေတြ႔ရပါတယ္။ စစ္ေဆးတဲ့အခါမွာ လိုက္နာတဲ့ အေဆာက္အအံုရွိသလို မလိုက္နာတဲ့အေဆာက္အအံုေတြက ပုိမ်ားပါတယ္ ''ဟု မီးသတ္ဦးစီးဌာနမွဴး ဦးသန္းေဇာ္ဦးက ေျပာသည္။

 

 

အထပ္ျမင့္အေဆာက္အအံုေတြ ေဆာက္လုပ္တဲ့အခါ မီးသတ္ဦးစီးဌာနရဲ႕ အႀကံျပဳခ်က္ရၿပီး တည္ေဆာက္ေသာ္လည္း မီးသတ္ပစၥည္းေတြ ထည့္ဖို႔ အကုန္က်မခံႏိုင္ေသာေၾကာင့့္္ အရည္အေသြးညံေသာ ေစ်းႏႈန္းသက္သာသည့္ ပစၥည္းမ်ားကို ေရြးခ်ယ္အသံုးျပဳလ်က္ရွိၾကသည္။

 

 

'' ျမန္မာႏိုင္ငံမွာလည္း ႏိုင္ငံတကာနည္းတူ မီးၿငိွမ္းသတ္ေရးပစၥည္းေတြကို ထည့္သင့္တယ္လို႔ အႀကံဳျပဳခ်င္ပါတယ္ '' ဟု ဦးသန္းေဇာ္ဦးက ေျပာသည္။

 

 

ျမန္မာႏိုင္ငံတြင္ ထိေရာက္လံုၿခံဳေသာ မီးေဘးစနစ္ရရွိရန္အတြက္ သံုးထပ္ႏွင့္အထက္ အေဆာက္အဦမ်ား ေဆာက္လုပ္သည့္အခါ မီးသတ္တပ္ဖြဲ႕၏ အႀကံျပဳခ်က္ျဖင့္ မီးၿငိွမ္းသတ္ေရးစနစ္မ်ား စနစ္တက်ထည့္သြင္းမွသာ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္က ထုတ္ေပးသည့္ မီးေဘးလံုၿခံဳေရးလက္မွတ္ ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါ လက္မွတ္ရရွိမွသာ သက္ဆိုင္ရာဌာနမွ အေဆာက္အအံုအသံုးခ်ခြင့္လက္မွတ္ ထုတ္ေပးသည့္စနစ္ကို ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

 

Read 149 times Last modified on Monday, 23 March 2020 12:49
Rate this item
(0 votes)
Tagged under