ဟားခါးမြို့သစ်စီမံကိန်းဧရိယာအတွင်း မြေကွက် ၇၀၀ ကျော်ကို အကွက်ရိုက် ရောင်းချပေးမည်

ဟားခါးမြို့သစ်စီမံကိန်းဧရိယာအတွင်း မြေကွက် ၇၀၀ ကျော်ကို အကွက်ရိုက် ရောင်းချပေးမည် google

ဟားခါးမြို့သစ်စီမံကိန်းကို သက်ဆိုင်ရာအဖွဲ့အစည်းများ ဦးဆောင်၍ ဖော်ဆောင်လျက်ရှိကာ မြေ ၃၇၂ ဧကအတွင်းရှိ မြေကွက် ၇၁၇ ကွက်ကို အကွက်ရိုက်၍ မကြာမီရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟားခါးမြို့သစ်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၇ ခုနှစ်က စီမံကိန်းမြေ ၆၇၆ ဧကတွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ယခု မြေ ၃၇၂ ဧကကို မြေကွက်များရိုက်၍ ရောင်းချရန်စီစဉ်လျက်ရှိပြီး ကျန်ရှိသောမြေ ၃၀၄ ဧကကိုလည်း ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ယခုရောင်းချမည့် မြေကွက်ဈေးနှုန်းများမှာ ပေ ၁၀၀ ပတ်လည်ကို ငွေကျပ်သိန်း ၅၀၊ ပေ ၈၀ ပတ်လည်ကို ငွေကျပ် ၃၅ သိန်း၊ (၆၀ × ၈၀) ပေကို ငွေကျပ်သိန်း ၂၅ သိန်း၊ (၄၀ × ၆၀) ပေကို ငွေကျပ်သိန်း ၁၀ သိန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

 

 

ဆောက်လုပ်ရေး အတိုင်ပင်ခံလုပ်ငန်းပေါင်း ၁၃ ခုကို ရှာရန်နှိပ်ပါ

 

 

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဟားခါးမြို့သစ်စီမံကိန်းတွင် အိမ်နေရာများကို မြေကွက်အနေအထားအလိုက် အတန်းအစား ၃ ပိုင်းခွဲ၍ အိမ်နေရာများကို ရောင်းချပေးသွားမည်ဖြစ်ပြီး ဟားခါးမြို့သစ်စီမံကိန်းလုပ်ငန်းတွင် စာသင်ကျောင်း၊ အားကစားကွင်း၊ ဘာသာရေးအဆောက်အအုံ၊ အပန်းဖြေကွင်း၊ ပန်းခြံ၊ လမ်းတံတား၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

Read 348 times
Rate this item
(0 votes)
Tagged under