ဘိလပ်မြေ အတုနဲ့ အစစ် ဘယ်လိုခွဲခြားမလဲ ?

ဘိလပ်မြေ အတုနဲ့ အစစ် ဘယ်လိုခွဲခြားမလဲ ? google

မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ် ဘိလပ်မြေများ ပိုမိုများပြာလာတာနဲ့အညီ ဘိလပ်မြေ အတု နဲ့အစစ်ကို ခွဲခြားသိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

 

အတုဆိုသည်မှာ လုံးဝအတုပြုလုပ်ခြင်းမဟုတ်ဘဲ အစစ်အိတ်ကို အိတ်ရေတိုး အောင်ပြုလုပ် ခြင်းသာဖြစ်၍ ဘိလပ်မြေအတုအိတ် စစ်စစ် မဟုတ်ပဲ အစစ်တစ်ဝက် အတုတစ်ဝက် ရောစပ်ထားသော အိတ်သာဖြစ်ပါတယ်။

 

 

ဘိလပ်မြေအတုပြုလုပ်ရာတွင် ကျောက်မှုန့် ၊ ဂေါ်ဒန်မှုန့် ၊ မီးသွေးပြာမှုန့်တို့ကို အဓိကရောစပ်၍ အသုံးပြုကြပါတယ်။

 

 

ထို့ကြောင့် ဘိလပ်မြေအတုအိတ်၏ အရည်အသွေးသည် အတုမှုန့်များရောစပ်ထားသော ပမာဏရှိသလောက် အရည်အသွေးကျဆင်းလာကြပါတယ်။

 

 

>>>မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူး (စကု) မြို့နယ်တွင် လူနေအိမ် အလုံး ၇၀ ခန့် မီးလောင်မှုဖြစ်ပွား<<<

 

 

ဘိလပ်မြေအတုလုပ်သူများသည် ဘိလပ်မြေအစစ်ကို ကျောက်မှုန့်၊ ဂေါ်ဒန်မှုန့် ၊မီးသွေးပြာမှုန့်များရောစပ်ပြီး အတုပြုလုပ်ကြ ပါတယ်။

 

 

ဘိလပ်မြေ အိတ်ကိုဖောက်၍ အတုမှုန့်များထည့်ကာ အိတ်ကိုပြည်လည်ချုပ်ထားခြင်း၊ (သို့) ဘိလပ်မြေအိတ်၏ ထောင့်စွန်းတစ်နေရာရာကိုဖောက်ကာ အတုမှုန့်များ ထည့်သွင်း၍ ဖောက်ထားသောနေရာကို ပြန်လည်ပိတ်ထားခြင်းတို့ ပြုလုပ်ကြပါသည်။

 

 

ကျောက်မှုန့်ရောစပ်ထားသော ဘိလပ်မြေ၏ မှုန့်ညက်မှု ပမာဏသည် လက်ဖြင့် ပွတ်ကြည့်လျှင် သတ်မှတ်ထားသော စံချိန်စံညွှန်းထက် ပိုပြီး ရှတတ ကြမ်းတမ်းနေမှာဖြစ်ပါတယ်။

 

 

ဂေါ်ဒန်မှုန့်ရောစပ်ထားသော ဘိလပ်မြေ၏ မှုန့်ညက်မှု ပမာဏသည် လက်ဖြင့်ပွတ်ကြည့်လျှင် သတ်မှတ်စံချိန်စံညွှန်း မပြောင်းလဲသော်လည်း အရောင်ဖျော့ကျကာ မာခဲချိန် မှားယွင်းပါတယ်။

 

 

မီးသွေးပြာမှုန့်ရောစပ်ထားသော ဘိလပ်မြေသည် မှုန့်ညက်မှုနှင့် မာခဲချိန် မပြောင်းလဲသွားသော်လည်း အရောင်ပိုမိုရင့်သွားကာ ခံနိုင်ဝန်အား လျော့ကျသွားပါတယ်။

 

 

ဘိလပ်မြေအတုနှင့်အစစ်ကို အမှန်ကန်ဆုံးနှင့် အမြန်ဆုံး သိရှိလိုပါလျှင် သက်ဆိုင်ရာ ဘိလပ်မြေ တံဆိပ်များမှ Fineness ၊ Soundness ၊ Setting Time ၊ Compressive Strength တို့ကို စမ်းသပ်ထားသော Physical Test Result နှင့် ညီ၊ မညီ ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။

 

 

သင်္ဘောဆေး လုပ်ငန်းပေါင်း ၅၁၉ ခုကို ရှာရန်နှိပ်ပါ

 

 

ဓါတ်ခွဲခန်းသို့ပို့ရန်အဆင်မပြေပါက

 

 

(၁) ဘိလပ်မြေအမှုန့်ကို ကြမ်းတမ်းပြီးရှတတ ဖြစ်၊ မဖြစ် လက်ဖြင့်ပွတ်ကြည့်ပါက ကြမ်းတမ်းပြီးရှတတဖြစ်လျှင် ဘိလပ်မြေအတုဟု ယူဆရပါမယ်။

 

 

(၂) ဘိလပ်မြေ အမှုန့် တစ်ဆကို ရေသန့်သန့်ဖြင့် သင့်တော်သလောက် မွှေပြီးဖျော်စပ်ပါ (သို့) ဘိလပ်မြေ 5Kg ကို ရေသန့် 2Kg ဖြင့် သမအောင်မွှေပြီး ဖျော်စပ်ထားပါ။ ဖျော်စပ်ထားသော ဘိလပ်မြေကို မှန်ပြားပေါ်တွင် ပေါင်မုန့်ပုံစံဖြစ်အောင် တင်ထားပါ။

 

 

ပေါင်မုန့်ပုံစံ ဘိလပ်မြေအတုံး၏ မာခဲချိန်ကို နာရီဝက်ကြာအောင် စောင့်ကြည့်ပြီး ပုံစံပျက်မပျက် ကြည့်ပါ။ ပုံစံပျက်သွားလျှင် ရောစပ်ထားသော ဘိလပ်မြေအတုဖြစ်ပါတယ်။

 

 

(၃) ဘိလပ်မြေအမှုန့်ကို ဖန်ခွက် ထဲတွင် (၃)လက်မခန့် ထည့်ပါ။ ရေသန့်သန့်ကို အမှုန့် အမြင့်နဲ့ ဆတူရောစပ်ပြီး သမအောင် မွှေပြီးဖျော်ထားပါ။

 

 

တစ်နာရီခန့်ကြာအောင်စောင့်ကြည့်ပြီး ရောစပ်ထားသော ကျောက်မှုန့် ၊ဂေါ်ဒန်မှုန့် ၊ပြာမှုန့်များကြောင့် အလွှာပါးကလေးများ ပေါ်လာလျှင် ဘိလပ်မြေအတုသာဖြစ်ပါတယ်။

 

 

အထက်ပါ နည်းလမ်းများဖြင့် ဘိလပ်မြေအတုနှင့်အစစ်ကို အမြန်ဆုံးခွဲခြားသိရှိနိုင်ပါတယ်။

 

 

Source: YELLO Myanmar

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ဘိလပ္ေျမ အတုနဲ႔ အစစ္ ဘယ္လိုခြဲျခားမလဲ ?

 

 

ျမန္မာႏိုင္ငံတြင္ ျပည္တြင္းထုတ္ ဘိလပ္ေျမမ်ား ပိုမိုမ်ားျပာလာတာနဲ႔အညီ ဘိလပ္ေျမ အတု နဲ႔အစစ္ကို ခြဲျခားသိရွိႏိုင္ရန္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

 

 

အတုဆိုသည္မွာ လုံးဝအတုျပဳလုပ္ျခင္းမဟုတ္ဘဲ အစစ္အိတ္ကို အိတ္ေရတိုး ေအာင္ျပဳလုပ္ ျခင္းသာျဖစ္၍ ဘိလပ္ေျမအတုအိတ္ စစ္စစ္ မဟုတ္ပဲ အစစ္တစ္ဝက္ အတုတစ္ဝက္ ေရာစပ္ထားေသာ အိတ္သာျဖစ္ပါတယ္။

 

 

ဘိလပ္ေျမအတုျပဳလုပ္ရာတြင္ ေက်ာက္မႈန႔္ ၊ ေဂၚဒန္မႈန႔္ ၊ မီးေသြးျပာမႈန႔္တို႔ကို အဓိကေရာစပ္၍ အသုံးျပဳၾကပါတယ္။

 


ထို႔ေၾကာင့္ ဘိလပ္ေျမအတုအိတ္၏ အရည္အေသြးသည္ အတုမႈန႔္မ်ားေရာစပ္ထားေသာ ပမာဏရွိသေလာက္ အရည္အေသြးက်ဆင္းလာၾကပါတယ္။

 

 

ဘိလပ္ေျမအတုလုပ္သူမ်ားသည္ ဘိလပ္ေျမအစစ္ကို ေက်ာက္မႈန႔္၊ ေဂၚဒန္မႈန႔္ ၊မီးေသြးျပာမႈန႔္မ်ားေရာစပ္ၿပီး အတုျပဳလုပ္ၾက ပါတယ္။

 

 

ဘိလပ္ေျမ အိတ္ကိုေဖာက္၍ အတုမႈန႔္မ်ားထည့္ကာ အိတ္ကိုျပည္လည္ခ်ဳပ္ထားျခင္း၊ (သို႔) ဘိလပ္ေျမအိတ္၏ ေထာင့္စြန္းတစ္ေနရာရာကိုေဖာက္ကာ အတုမႈန႔္မ်ား ထည့္သြင္း၍ ေဖာက္ထားေသာေနရာကို ျပန္လည္ပိတ္ထားျခင္းတို႔ ျပဳလုပ္ၾကပါသည္။

 

 

ေက်ာက္မႈန႔္ေရာစပ္ထားေသာ ဘိလပ္ေျမ၏ မႈန႔္ညက္မႈ ပမာဏသည္ လက္ျဖင့္ ပြတ္ၾကည့္လွ်င္ သတ္မွတ္ထားေသာ စံခ်ိန္စံၫႊန္းထက္ ပိုၿပီး ရွတတ ၾကမ္းတမ္းေနမွာျဖစ္ပါတယ္။

 

 

ေဂၚဒန္မႈန႔္ေရာစပ္ထားေသာ ဘိလပ္ေျမ၏ မႈန႔္ညက္မႈ ပမာဏသည္ လက္ျဖင့္ပြတ္ၾကည့္လွ်င္ သတ္မွတ္စံခ်ိန္စံၫႊန္း မေျပာင္းလဲေသာ္လည္း အေရာင္ေဖ်ာ့က်ကာ မာခဲခ်ိန္ မွားယြင္းပါတယ္။

 

 

မီးေသြးျပာမႈန႔္ေရာစပ္ထားေသာ ဘိလပ္ေျမသည္ မႈန႔္ညက္မႈႏွင့္ မာခဲခ်ိန္ မေျပာင္းလဲသြားေသာ္လည္း အေရာင္ပိုမိုရင့္သြားကာ ခံႏိုင္ဝန္အား ေလ်ာ့က်သြားပါတယ္။

 

 

ဘိလပ္ေျမအတုႏွင့္အစစ္ကို အမွန္ကန္ဆုံးႏွင့္ အျမန္ဆုံး သိရွိလိုပါလွ်င္ သက္ဆိုင္ရာ ဘိလပ္ေျမ တံဆိပ္မ်ားမွ Fineness ၊ Soundness ၊ Setting Time ၊ Compressive Strength တို႔ကို စမ္းသပ္ထားေသာ Physical Test Result ႏွင့္ ညီ၊ မညီ ဓါတ္ခြဲခန္းသို႔ ပို႔ေဆာင္စစ္ေဆးျခင္းျဖင့္ သိရွိႏိုင္ပါတယ္။

 

 

ဓါတ္ခြဲခန္းသို႔ပို႔ရန္အဆင္မေျပပါက

 

 

(၁) ဘိလပ္ေျမအမႈန႔္ကို ၾကမ္းတမ္းၿပီးရွတတ ျဖစ္၊ မျဖစ္ လက္ျဖင့္ပြတ္ၾကည့္ပါက ၾကမ္းတမ္းၿပီးရွတတျဖစ္လွ်င္ ဘိလပ္ေျမအတုဟု ယူဆရပါမယ္။

 

 

(၂) ဘိလပ္ေျမ အမႈန႔္ တစ္ဆကို ေရသန႔္သန႔္ျဖင့္ သင့္ေတာ္သေလာက္ ေမႊၿပီးေဖ်ာ္စပ္ပါ (သို႔) ဘိလပ္ေျမ 5Kg ကို ေရသန႔္ 2Kg ျဖင့္ သမေအာင္ေမႊၿပီး ေဖ်ာ္စပ္ထားပါ။ ေဖ်ာ္စပ္ထားေသာ ဘိလပ္ေျမကို မွန္ျပားေပၚတြင္ ေပါင္မုန႔္ပုံစံျဖစ္ေအာင္ တင္ထားပါ။

 

 

ေပါင္မုန႔္ပုံစံ ဘိလပ္ေျမအတုံး၏ မာခဲခ်ိန္ကို နာရီဝက္ၾကာေအာင္ ေစာင့္ၾကည့္ၿပီး ပုံစံပ်က္မပ်က္ ၾကည့္ပါ။ ပုံစံပ်က္သြားလွ်င္ ေရာစပ္ထားေသာ ဘိလပ္ေျမအတုျဖစ္ပါတယ္။

 

 

(၃) ဘိလပ္ေျမအမႈန႔္ကို ဖန္ခြက္ ထဲတြင္ (၃)လက္မခန႔္ ထည့္ပါ။ ေရသန႔္သန႔္ကို အမႈန႔္ အျမင့္နဲ႔ ဆတူေရာစပ္ၿပီး သမေအာင္ ေမႊၿပီးေဖ်ာ္ထားပါ။

 

 

တစ္နာရီခန႔္ၾကာေအာင္ေစာင့္ၾကည့္ၿပီး ေရာစပ္ထားေသာ ေက်ာက္မႈန႔္ ၊ေဂၚဒန္မႈန႔္ ၊ျပာမႈန႔္မ်ားေၾကာင့္ အလႊာပါးကေလးမ်ား ေပၚလာလွ်င္ ဘိလပ္ေျမအတုသာျဖစ္ပါတယ္။

 

 

အထက္ပါ နည္းလမ္းမ်ားျဖင့္ ဘိလပ္ေျမအတုႏွင့္အစစ္ကို အျမန္ဆုံးခြဲျခားသိရွိႏိုင္ပါတယ္။

 

 

Source: YELLO Myanmar

 

Read 550 times
Rate this item
(0 votes)