နိုင်ငံတကာအဆင့်မီ သန်လျင်-သီလဝါလမ်းမကြီးကိုတည်ဆောက်ရာတွင် ဘီလီယံ ၅ဝသုံးစွဲခဲ့ရ

နိုင်ငံတကာအဆင့်မီ သန်လျင်-သီလဝါလမ်းမကြီးကိုတည်ဆောက်ရာတွင် ဘီလီယံ ၅ဝသုံးစွဲခဲ့ရ Max Myanmar

 

 

 


ရန်ကုန်တိုင်းဒေသကြီး သန်လျင်-သီလဝါလမ်းမကြီးကို နိုင်ငံတကာစံချိန် စံနှုန်းများဖြင့် တည်ဆောက်ထားပြီး ဘီလီယံ ၅ဝသုံးစွဲခဲ့ရကြောင်း

 

 

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

 

011

 


လေးလမ်းသွားကတ္တရာကွန်ကရစ် AC လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ခင်းခြင်းနှင့် လမ်းပိုင်းဆက်စပ် လုပ်ငန်းများ ဆောင်ရွက်မှုသည်

 

 

ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ သိရသည်။

 


အဆိုပါလမ်းပိုင်းသည် ဂျပန်နိုင်ငံ (JICA ODA LOAN) ချေးငွေဖြင့် ဆောင်ရွက်နေသော လမ်းမကြီး ဖြစ်သည်။

 

012

 


“ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာစံချိန်မီတဲ့ လမ်းမကြီးတစ်ခုကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလမ်းမကြီးအတွက် ဘီလီယံ ၅ဝသုံးစွဲခဲ့ရပါတယ်။လူသွားလမ်းကအစ

 

 

သေသေချာချာလေး လုပ်ထားပါတယ်”ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

 

 

ေရတိုင္ကီ လုပ္ငန္းေပါင္း ၁၅၀ ခုကို ရွာရန္ႏွိပ္ပါ

 


သန်လျင်- သီလဝါလမ်းမကြီးသည် လမ်းအရှည် ၅ မိုင် ၄ ဖာလုံရှိပြီး ယာဉ်သွားလမ်း အကျယ် ၄၆ ပေ လေးလမ်းသွားနှင့် လမ်းပခုံးနှစ်ဖက်အကျယ် ၆ ဒသမ ၆ ပေရှိသည်။

 


လမ်းဘေး ဝဲ/ယာတွင် ရေမြောင်းနှင့် Cable Line ထည့်မည့် Box အကျယ် နှစ်ဖက် ၂၆ ပေပါရှိကြောင်း သိရသည်။ လက်ရှိတွင် လုပ်ငန်းများကို အပိုင်းလိုက်

 

 

ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းအားလုံးပြီးစီးနေပြီဖြစ်သည်။

 

013

 

 


ထိုလမ်းပိုင်းပြီးစီးလျှင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုအပေါ် အခြေခံကာ သန်လျင်-ကျောက်တန်း ဒေသသည် ယခင်ထက် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊

 

 

လက်ရှိတွင် သန်လျင်-ကျောက်တန်းဒေသရှိ သီလဝါ အထူးစီးပွားရေးဇုန်မှ ထွက်ရှိလာသော ကုန်စည်အမျိုးမျိုးကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးသို့

 

 

လွယ်ကူစွာ ပို့ဆောင်နိုင်မည့်အပြင် သွားလာရေး၊ ကုန်စည်စီးဆင်းမှုနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမှုသည်လည်း ယခင်ထက် ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။

 

014

 

 

Myanmar Builders Guide

 

ႏုိင္ငံတကာအဆင့္မီ သန္လ်င္-သီလဝါလမ္းမၾကီးကုိတည္ေဆာက္ရာတြင္ ဘီလီယံ ၅ဝသုံးစြဲခဲ့ရ

 

 

ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္-သီလဝါလမ္းမႀကီးကို ႏိုင္ငံတကာစံခ်ိန္ စံႏႈန္းမ်ားျဖင့္ တည္ေဆာက္ထားျပီး ဘီလီယံ ၅ဝသုံးစြဲခဲ့ရေၾကာင္း ရန္ကုန္တုိင္းဝန္ၾကီးခ်ဳပ္

 

 

ဦးျဖိဳးမင္းသိန္းကေျပာသည္။

 

 

ေလးလမ္းသြားကတၱရာကြန္ကရစ္ AC  လမ္းမႀကီးအျဖစ္ အဆင့္ျမႇင့္တင္ခင္းျခင္းႏွင့္  လမ္းပိုင္းဆက္စပ္ လုပ္ငန္းမ်ား ေဆာင္ရြက္မႈသည္ ရာခိုင္ႏႈန္းျပည့္ ၿပီးစီးၿပီျဖစ္ေၾကာင္း 

 

 

ေဆာက္လုပ္ေရးဝန္ႀကီးဌာန လမ္းဦးစီးဌာနမွ သိရသည္။

 

 

 အဆုိပါလမ္းပိုင္းသည္ ဂ်ပန္ႏိုင္ငံ (JICA ODA LOAN) ေခ်းေငြျဖင့္ ေဆာင္ရြက္ေနေသာ လမ္းမႀကီး ျဖစ္သည္။

 

 

“ကြ်န္ေတာ္တုိ႕ အေနနဲ႕ ႏုိင္ငံတကာစံခ်ိန္မီတဲ့ လမ္းမၾကီးတစ္ခုကုိေဖာ္ေဆာင္ႏုိင္ခဲ့ပါတယ္။ ဒီလမ္းမၾကီးအတြက္ ဘီလီယံ ၅ဝသုံးစြဲခဲ့ရပါတယ္။လူသြားလမ္းကအစ

 

 

ေသေသခ်ာခ်ာေလး လုပ္ထားပါတယ္”ဟု ဦးျဖိဳးမင္းသိန္းကေျပာသည္။

 

 

သန္လ်င္- သီလဝါလမ္းမႀကီးသည္ လမ္းအရွည္  ၅ မိုင္ ၄ ဖာလံုရွိၿပီး ယာဥ္သြားလမ္း အက်ယ္ ၄၆ ေပ ေလးလမ္းသြားႏွင့္ လမ္းပခံုးႏွစ္ဖက္အက်ယ္ ၆ ဒသမ ၆ ေပရွိသည္။

 

 

လမ္းေဘး ဝဲ/ယာတြင္ ေရေျမာင္းႏွင့္ Cable Line ထည့္မည့္  Box အက်ယ္ ႏွစ္ဖက္ ၂၆ ေပပါရွိေၾကာင္း သိရသည္။ လက္ရွိတြင္ လုပ္ငန္းမ်ားကို အပိုင္းလိုက္

 

 

ေဆာင္ရြက္ျခင္းျဖစ္ၿပီး  လုပ္ငန္းအားလုံးျပီးစီးေနျပီျဖစ္သည္။

 

 

ထိုလမ္းပိုင္းၿပီးစီးလွ်င္  လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္လာမႈအေပၚ အေျခခံကာ သန္လ်င္-ေက်ာက္တန္း ေဒသသည္ ယခင္ထက္ ဖြံ႕ၿဖိဳးတိုးတက္လာမည္ ျဖစ္ေၾကာင္း၊

 

 

လက္ရွိတြင္ သန္လ်င္-ေက်ာက္တန္းေဒသရွိ သီလဝါ အထူးစီးပြားေရးဇုန္မွ ထြက္ရွိလာေသာ ကုန္စည္အမ်ဳိးမ်ဳိးကို  ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ၿမိဳ႕နယ္အသီးသီးသို႔

 

 

လြယ္ကူစြာ ပို႔ေဆာင္ႏိုင္မည့္အျပင္ သြားလာေရး၊ ကုန္စည္စီးဆင္းမႈႏွင့္ လူမႈစီးပြားဘဝမ်ား ဖြံ႕ၿဖိဳးလာမႈသည္လည္း ယခင္ထက္ ပုိမုိေကာင္းမြန္လာမည္ ျဖစ္ေၾကာင္း သိရသည္။

Read 8174 times Last modified on Monday, 10 February 2020 16:09
Rate this item
(1 Vote)