မြေယာလျော်ကြေး ဘီလီယံ ၂ဝဝကျော် ပေးအပ်ရမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆို

မြေယာလျော်ကြေး ဘီလီယံ ၂ဝဝကျော် ပေးအပ်ရမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆို

 


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာနယ်နိမိတ်အတွင်း အစိုးရကပေးလျော်ရမည့် မြေယာ လျော်ကြေး ကျပ်ဘီလီယံ ၂ဝဝခန့်ရှိကြောင်း

 

 

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

 


မူလက လယ်ယာမြေများအဖြစ် လုပ်ကိုင်နေသည့် မြေများကို အစိုးရပိုင်မြေအဖြစ် ပြန်လည် သိမ်းဆည်းရာတွင် မူလပိုင်ရှင်များဖြစ်သည့် လယ်သမားများကို

 

လျော်ကြေးငွေများ ပေးအပ်ရမည်ဖြစ်ပြီး လယ်သမားများက ပြေစာတင်ပြလာပါက လျော်ကြေးငွေများ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

 


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေအမှုပေါင်း ၁၁၀၀၀ ဝန်းကျင်ခန့်ရှိရာ စစ်ဆေးပြီးစီးမှုမှာ အမှု ၄၀၀ ခန့်သာ ရှိသေးသဖြင့် အဆိုပါအမှုတွဲများကို

 

မြန်မြန်ဆန်ဆန်ဖြင့် ယခု အစိုးရလက်ထက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သိမ်းဆည်းခံ မူလပိုင်ရှင်များ မြေပြန်လည်ရရှိရေးကို အရေးကြီးဆုံး အလုပ်အဖြစ်

 

သတ်မှတ်ကာဆောင်ရွက်လျက်ရှိသည်။

 


လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်မှ တောင်သူ ၁၃၉ ဦးအတွက် မြေယာလျော်ကြေး ကျပ် သန်း ၁၅,ဝဝဝ ကျော်ကို ဇန်နဝါရီ ၂၇ ရက်က

 

ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ မူလသိမ်း ဆည်းခံမြေများ၏ မူလတောင်သူများ သို့ မြေယာလျော်ကြေးငွေ

 

ပေးအပ်ပွဲ အခမ်းအနားတွင် ပေးအပ်ခဲ့သည်။

 


ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒလ၊ ကြည့် မြင်တိုင်၊

 

တိုက်ကြီးမြို့နယ်များမှ တောင်သူ ၁၃၉ ဦးအတွက် ကျပ် ၁၅၃၈၁ ဒသမ ၂၂ သန်း ပေးအပ် ခဲ့ခြင်းဖြစ်သည်။

 

 

မျက်နှာကျက် လုပ်ငန်းပေါင်း ၄၈ ခုကို ရှာရန်နှိပ်ပါ

 


တောင်သူလယ်သမားများနှင့် လယ်ယာ မြေသိမ်းဆည်းခံရသူများပါ ပူးပေါင်းကူညီပြီး ထိရောက်မြန်ဆန်သည့်ဆောင်ရွက်မှုများကို ယခုနှစ်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်

 

နိုင်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က တိုက်တွန်း ထားသည်။

 

 

Myanmar Builders Guide

 

ေျမယာေလ်ာ္ေၾကး ဘီလီယံ ၂ဝဝေက်ာ္ ေပးအပ္ရမည္ဟု ဝန္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းဆုိ

 


ရန္ကုန္တုိင္းေဒသၾကီးအတြင္းရွိ စည္ပင္သာယာနယ္နိမိတ္အတြင္း အစုိးရကေပးေလ်ာ္ရမည့္ ေျမယာ ေလ်ာ္ေၾကး က်ပ္ဘီလီယံ ၂ဝဝခန္႕ရွိေၾကာင္း

 

ဝန္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းကေျပာသည္။

 


မူလက လယ္ယာေျမမ်ားအျဖစ္ လုပ္ကုိင္ေနသည့္ ေျမမ်ားကုိ အစိုးရပုိင္ေျမအျဖစ္ ျပန္လည္ သိမ္းဆည္းရာတြင္ မူလပုိင္ရွင္မ်ားျဖစ္သည့္ လယ္သမားမ်ားကုိ

 

 

ေလ်ာ္ေၾကးေငြမ်ား ေပးအပ္ရမည္ျဖစ္ျပီး လယ္သမားမ်ားက ေျပစာတင္ျပလာပါက ေလ်ာ္ေၾကးေငြမ်ား ျပန္လည္ေပးအပ္မည္ျဖစ္ေၾကာင္း ဝန္ၾကီးခ်ဳပ္ကဆုိသည္။

 


ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ သိမ္းဆည္းခံ လယ္ယာေျမအမႈေပါင္း ၁၁၀၀၀ ဝန္းက်င္ခန႔္ရွိရာ စစ္ေဆးၿပီးစီးမႈမွာ အမႈ ၄၀၀ ခန႔္သာ ရွိေသးသျဖင့္ အဆိုပါအမႈတြဲမ်ားကို

 

 

ျမန္ျမန္ဆန္ဆန္ျဖင့္ ယခု အစိုးရလက္ထက္အတြင္း ၿပီးစီးေအာင္ ေဆာင္႐ြက္ရန္ႏွင့္ သိမ္းဆည္းခံ မူလပိုင္ရွင္မ်ား ေျမျပန္လည္ရရွိေရးကို အေရးႀကီးဆုံး အလုပ္အျဖစ္

 

သတ္မွတ္ကာေဆာင္ရြက္လ်က္ရွိသည္။

 


လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ ၁ဝ ၿမိဳ႕နယ္မွ ေတာင္သူ ၁၃၉ ဦးအတြက္ ေျမယာေလ်ာ္ေၾကး က်ပ္ သန္း ၁၅,ဝဝဝ ေက်ာ္ကို ဇန္နဝါရီ ၂၇ ရက္က

 

ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၌ ျပဳလုပ္ခဲ့သည့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီမွ မူလသိမ္း ဆည္းခံေျမမ်ား၏ မူလေတာင္သူမ်ား သို႔ ေျမယာေလ်ာ္ေၾကးေငြ ေပးအပ္ပြဲ

 

အခမ္းအနားတြင္ ေပးအပ္ခဲ့သည္။

 


ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)၊ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ မဂၤလာဒုံ၊ ဒလ၊ ၾကည့္ ျမင္တိုင္၊

 

တိုက္ႀကီးၿမိဳ႕နယ္မ်ားမွ ေတာင္သူ ၁၃၉ ဦးအတြက္ က်ပ္ ၁၅၃၈၁ ဒသမ ၂၂ သန္း ေပးအပ္ ခဲ့ျခင္းျဖစ္သည္။

 


ေတာင္သူလယ္သမားမ်ားႏွင့္ လယ္ယာ ေျမသိမ္းဆည္းခံရသူမ်ားပါ ပူးေပါင္းကူညီၿပီး ထိေရာက္ျမန္ဆန္သည့္ေဆာင္႐ြက္မႈမ်ားကို ယခုႏွစ္အတြင္း ၿပီးျပတ္ေအာင္ေဆာင္႐ြက္

 

ႏိုင္ရန္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က တိုက္တြန္း ထားသည္။

Read 1136 times Last modified on Monday, 10 February 2020 16:06
Rate this item
(0 votes)

Related items