ကမ္ဘာ့အံသြဖွယ်ကောင်းသော တံတားများအကြောင်း

ကမ္ဘာ့အံသြဖွယ်ကောင်းသော တံတားများအကြောင်း google

ကမ္ဘာပေါ်တွင်ထူးဆန်းသောအရာများ၊ ကြောက်ဖို့ကောင်းသောအရာများသာမက သင်မထင်မှတ်ထားသောအရာများစွာလည်းရှိနေနိုင်မယ်ဆိုတာကို ယုံကြည်မယ်လို့ ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်တွင်ရှိသော အံသြဖွယ်စရာကောင်းလွန်းတဲ့ တံတားတွေအကြောင်း အပိုင်း (၂) ကို ဖော်ပြပေးလိုက်ပါတယ်။

 

Golden Bridge, Vietnam

 

golden-bridge-2.jpg

 

Golden တံတားဟာ ဗီယက်နမ်နိုင်ငံမှာတည်ရှိပြီး အရှည် ၁၅၀ မီတာရှိကာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

 

 

Danang မြို့အနီးရှိ တောင်ထိပ်ပေါ်တွင် တည်ရှိကာ တံတားကို ကြီးမားတဲ့လက်က ကိုင်ထားသောကြောင့် ထူးခြားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။

 

 


Pont du Gard Aqueduct, France

 

7-pont-du-gard-aqueduct-istock.jpg

 

Pont du Gard ရေသွယ်တံတားဟာ ပြင်သစ်နိုင်ငံမှာတည်ရှိပြီး အေဒီ ပထမရာစုတွင် တည်ဆောက်ခဲ့တဲ့ ရောမအထိမ်းအမှတ်ဖြစ်ကာ ရှေးအကျဆုံးတံတားတစ်စင်းလည်း ဖြစ်ပါတယ်။

 

 

ထိုတံတားကို မူလက Nîmes မြို့ကို ရေဖြည့်တင်းရန် ဒီဇိုင်းထုတ်တာဖြစ်ပြီး အလွှာ ၃ လွှာဟာ အမြင့်ပေ ၅၀ မီတာ ရှိပါတယ်။

 

 

အဝါရောင် ထုံးကျောက် ကျောက်တုံးတွေဖြင့် တည်ဆောက်ခဲ့တာဖြစ်ပြီး ၎င်းကို ပြင်သစ်အစိုးရက သမိုင်းဝင်း အထိမ်းအမှတ် တစ်ခုအဖြစ် ကြေငြာခဲ့ပါတယ်။

 

 

Golden Gate Bridge, USA

 

8-golden-gate-bridge-istock.jpg

 

Golden Gate တံတားဟာ ပြိုင်ဘက်ကင်း ကမ္ဘာ့အကျော်ကြားဆုံး တံတားဖြစ်နိုင်ဖို့အတွက် San Francisco ရဲ့ နာမည်ကြီးတံတားကို ၁၉၃၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ လိမ္မော်ရောင်ကို ဆေးခြယ်ထားပြီး ရက်တော်တော်များ တံတားပေါ်တွင် ပွဲတော်အလား စည်းကားနေခဲ့ပါတယ်။

 

 

ဒါပေမဲ့ ၁၉၃၇ ခုနှစ်ကတည်းက လူပေါင်း ၁၇၀၀ နီးပါးဟာ တံတားပေါ်မှခုန်ချကာ သေဆုံးခဲ့ကြပါတယ်။ ဒါကြောင့် နောက်ထပ်သေဆုံးမှုများ ထပ်မံမဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး တံတားအောက် ၆ မီတာအကွာတွင် သံမဏိပိုက်ကွန်ကို တည်ဆောက်လိုက်ပါတယ်။

 


Hartland/New Brunswick Bridge, Canada

 

a car driving on a bridge: 9-hartland-bridge-rex.jpg

 

Hartland/New Brunswick တံတားဟာ ကနေဒါနိုင်င်ငံမှာ တည်ရှိပြီး ၁၉၀၁ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ကာ ကမ္ဘာ့အရှည်ဆုံးတံတား ဖြစ်ပါတယ်။

 

 

ထိုတံတားကို ၁၉၈၀ ခုနှစ်တွင် အမျိုးသားသမိုင်းဝင်နေရာအဖြစ် ကြေငြာခဲ့ပါတယ်။ အနမ်းတံတားဟု လူသိများပြီး ၃၉၀ မီတာရှည်သော တံတားတစ်စင်းလည်းဖြစ်ပါတယ်။

 

 

ငွေကျပ်ပေါင်း သန်း ၅၅၀၀ ခန့် အကုန်ကျခံ တည်ဆောက်နေသည့် ပဲခူးမြစ်ကူးတံတား စက်တင်ဘာလတွင် ပြီးစီးမည်

 

 

Eshima Ohashi, Japan

 

a car driving on a city street: eshima-ohashi.png

 

ဒီမထင်ရှားတဲ့ Eshima Ohashi တံတားပုံကိုကြည့်ခြင်းအားဖြင့် တံတားပေါ်ဖြတ်မောင်းမယ့် ကားတွေအတွက် တံတားရဲ့ခံနိုင်ရည်ကိုမှားယွင်းပြီး တည်ဆောက်ထားတယ်ဆိုတဲ့အချက်ကို ခွင့်လွှတ်ပေးနိုင်ကြမယ်ထင်ပါတယ်။

 

 

အမြင်ကို ကြည့်ပြီးမဆုံးဖြတ်ဘူးဆိုရင်တော့ ဒီမတ်စောက်လှတဲ့ ကားလမ်းရဲ့လျှောစောက်ဟာ 6.1% ပဲရှိပါတယ်။ နှိုင်းယှဉ်ပြရမယ်ဆိုရင်တော့ Surrey မှာရှိပြီး စက်ဘီးစီးသမားတွေရဲ့ အကြိုက်ဖြစ်တဲ့ Box Hill ရဲ့ ပျမ်းမျှလျှောစောက်ဟာဆိုရင် 5% ပဲရှိပါတယ်။

 

 

တစ်မိုင်ခွဲနီးပါးကွာဝေးတဲ့ Matsue နဲ့ Sakaiminato ကိုဖြတ်သန်းတည်ဆောက်ပေးထားတဲ့ Eshima Ohashi တံတားဟာဆိုရင် ဂျပန်မှာ ဖရိန်အခိုင်မာဆုံး တံတားလည်းဖြစ်ပါတယ်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ကမာၻ႔အံၾသဖြယ္ေကာင္းေသာ တံတားမ်ားအေၾကာင္း

 

 

ကမာၻေပၚတြင္ထူးဆန္းေသာအရာမ်ား၊ ေၾကာက္ဖို႔ေကာင္းေသာအရာမ်ားသာမက သင္မထင္မွတ္ထားေသာအရာမ်ားစြာလည္းရွိေနႏိုင္မယ္ဆိုတာကို ယုံၾကည္မယ္လို႔ ထင္ပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ကမာၻေပၚတြင္ရွိေသာ အံၾသဖြယ္စရာေကာင္းလြန္းတဲ့ တံတားေတြအေၾကာင္း အပိုင္း (၂) ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

 

Golden Bridge, Vietnam

 

 

Golden တံတားဟာ ဗီယက္နမ္ႏိုင္ငံမွာတည္ရွိၿပီး အရွည္ ၁၅၀ မီတာရွိကာ ခရီးသြားဧည့္သည္ေတြကို ဆြဲေဆာင္ေနတဲ့ ေနရာတစ္ခုလည္းျဖစ္ပါတယ္။

 

 

Danang ၿမိဳ႕အနီးရွိ ေတာင္ထိပ္ေပၚတြင္ တည္ရွိကာ တံတားကို ႀကီးမားတဲ့လက္က ကိုင္ထားေသာေၾကာင့္ ထူးျခားတဲ့ပုံစံမ်ိဳးျဖစ္ေနပါတယ္။

 


Pont du Gard Aqueduct, France

 

 

 

Pont du Gard ေရသြယ္တံတားဟာ ျပင္သစ္ႏိုင္ငံမွာတည္ရွိၿပီး ေအဒီ ပထမရာစုတြင္ တည္ေဆာက္ခဲ့တဲ့ ေရာမအထိမ္းအမွတ္ျဖစ္ကာ ေရွးအက်ဆုံးတံတားတစ္စင္းလည္း ျဖစ္ပါတယ္။

 

 

ထိုတံတားကို မူလက Nîmes ၿမိဳ႕ကို ေရျဖည့္တင္းရန္ ဒီဇိုင္းထုတ္တာျဖစ္ၿပီး အလႊာ ၃ လႊာဟာ အျမင့္ေပ ၅၀ မီတာ ရွိပါတယ္။

 

 

အဝါေရာင္ ထုံးေက်ာက္ ေက်ာက္တုံးေတြျဖင့္ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ၎ကို ျပင္သစ္အစိုးရက သမိုင္းဝင္း အထိမ္းအမွတ္ တစ္ခုအျဖစ္ ေၾကျငာခဲ့ပါတယ္။

 

 

Golden Gate Bridge, USA

 

 

 

Golden Gate တံတားဟာ ၿပိဳင္ဘက္ကင္း ကမာၻ႔အေက်ာ္ၾကားဆုံး တံတားျဖစ္ႏိုင္ဖို႔အတြက္ San Francisco ရဲ႕ နာမည္ႀကီးတံတားကို ၁၉၃၇ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ပါတယ္။ အျပည္ျပည္ဆိုင္ရာ လိေမၼာ္ေရာင္ကို ေဆးျခယ္ထားၿပီး ရက္ေတာ္ေတာ္မ်ား တံတားေပၚတြင္ ပြဲေတာ္အလား စည္းကားေနခဲ့ပါတယ္။

 

 

ဒါေပမဲ့ ၁၉၃၇ ခုႏွစ္ကတည္းက လူေပါင္း ၁၇၀၀ နီးပါးဟာ တံတားေပၚမွခုန္ခ်ကာ ေသဆုံးခဲ့ၾကပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ေသဆုံးမႈမ်ား ထပ္မံမျဖစ္ေပၚေစရန္ ရည္႐ြယ္ၿပီး တံတားေအာက္ ၆ မီတာအကြာတြင္ သံမဏိပိုက္ကြန္ကို တည္ေဆာက္လိုက္ပါတယ္။

 


Hartland/New Brunswick Bridge, Canada

 

 

 

Hartland/New Brunswick တံတားဟာ ကေနဒါႏိုင္င္ငံမွာ တည္ရွိၿပီး ၁၉၀၁ ခုႏွစ္မွ စတင္ဖြင့္လွစ္ခဲ့ကာ ကမာၻ႔အရွည္ဆုံးတံတား ျဖစ္ပါတယ္။

 

 

ထိုတံတားကို ၁၉၈၀ ခုႏွစ္တြင္ အမ်ိဳးသားသမိုင္းဝင္ေနရာအျဖစ္ ေၾကျငာခဲ့ပါတယ္။ အနမ္းတံတားဟု လူသိမ်ားၿပီး ၃၉၀ မီတာရွည္ေသာ တံတားတစ္စင္းလည္းျဖစ္ပါတယ္။

 

 


Eshima Ohashi, Japan

 

 

 

ဒီမထင္ရွားတဲ့ Eshima Ohashi တံတားပုံကိုၾကည့္ျခင္းအားျဖင့္ တံတားေပၚျဖတ္ေမာင္းမယ့္ ကားေတြအတြက္ တံတားရဲ႕ခံႏိုင္ရည္ကိုမွားယြင္းၿပီး တည္ေဆာက္ထားတယ္ဆိုတဲ့အခ်က္ကို ခြင့္လႊတ္ေပးႏိုင္ၾကမယ္ထင္ပါတယ္။

 

 

အျမင္ကို ၾကည့္ၿပီးမဆုံးျဖတ္ဘူးဆိုရင္ေတာ့ ဒီမတ္ေစာက္လွတဲ့ ကားလမ္းရဲ႕ေလွ်ာေစာက္ဟာ 6.1% ပဲရွိပါတယ္။ ႏႈိင္းယွဥ္ျပရမယ္ဆိုရင္ေတာ့ Surrey မွာရွိၿပီး စက္ဘီးစီးသမားေတြရဲ႕ အႀကိဳက္ျဖစ္တဲ့ Box Hill ရဲ႕ ပ်မ္းမွ်ေလွ်ာေစာက္ဟာဆိုရင္ 5% ပဲရွိပါတယ္။

 

 

တစ္မိုင္ခြဲနီးပါးကြာေဝးတဲ့ Matsue နဲ႔ Sakaiminato ကိုျဖတ္သန္းတည္ေဆာက္ေပးထားတဲ့ Eshima Ohashi တံတားဟာဆိုရင္ ဂ်ပန္မွာ ဖရိန္အခိုင္မာဆုံး တံတားလည္းျဖစ္ပါတယ္။

 

Read 575 times
Rate this item
(0 votes)
Tagged under