ကမ္ဘာ့အံသြဖွယ်ကောင်းသော တံတားများအကြောင်း

ကမ္ဘာ့အံသြဖွယ်ကောင်းသော တံတားများအကြောင်း google

ကမ္ဘာပေါ်တွင်ထူးဆန်းသောအရာများ၊ ကြောက်ဖို့ကောင်းသောအရာများသာမက သင်မထင်မှတ်ထားသောအရာများစွာလည်းရှိနေနိုင်မယ်ဆိုတာကို ယုံကြည်မယ်လို့ ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်တွင်ရှိသော အံသြဖွယ်စရာကောင်းလွန်းတဲ့ တံတားတွေအကြောင်း အပိုင်း (၁) ကို ဖော်ပြပေးလိုက်ပါတယ်။

 

Danyang-Kunshan Grand Bridge, China

 

a view of a city: 1-danyang-kunshan-grand-bridge.jpg

 

Danyang-Kunshan Grand တံတားဟာ ၁၀၂ မိုင်ရှည်ပြီးတော့ ကမ္ဘာအရှည်ဆုံးတံတားတစ်စင်းလည်း ဖြစ်ပါတယ်။

 

 

၂၀၁၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးတော့ ထိုတံတားကို လူအယောက် ၁၀၀၀၀ ဝန်းကျင်ခန့်ဖြင့် ၄နှစ်ကြာတည်ဆောက်ခဲ့ကာ ပေါင် ၆.၅ ဘီလီယံလောက် ကုန်ကျခဲ့ပါတယ်။

 

 

မယုံနိုင်စရာကောင်းတာကတော့ ထိုတံတားဟာ Shanghai ကနေ Nanjing ကို ဆက်သွယ်ထားပေးထားတာလည်းဖြစ်ပါတယ်။

 

 


Millau Viaduct, France

 

Millau Viaduct over a body of water: 2-millau-viaduct.jpg

 

Millau Viaduct တံတားဟာ ပြင်သစ်နိုင်ငံမှာတည်ရှိပြီး အလွန်မြင့်တဲ့ Eiffel မျှော်စင်ကို ကျော်လွန်ကာ ကမ္ဘာအရှည်ဆုံးတံတားတစ်စင်း ဖြစ်ပါတယ်။

 

 

ထိုတံတားကို ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးတော့ ၃၄၃ မီတာအထိမြင့်ပါတယ်။ Clermont-Ferrand နှင့် Béziers နှင့် Narbonne အကြားရှိ Tarn ချိုင့်ဝှမ်းကို ဖြတ်သန်းသွားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။

 

 

ရုပ်ထုတည်ဆောက်ပုံနှင့် မတူညီသောအမြင်များအတွက် စိတ်အားထက်သန်သူများကတော့ တံတားအောက်ကနေ လှေလှော်ကာ သွားလို့ရပါတယ်။

 

 

Ribblehead Viaduct, North Yorkshire

 

a large building with a mountain in the background: 3-ribblehead-viaduct-a-train-crossing-the-ribblehead-viaduct-in-the-shadow-of-the-snow-capped-whernside-mountain-rex.jpg

 

Ribblehead Viaduct တံတားဟာ ကျောက်တုံး ၂၄ ခုဖြင့် ဖွဲစည်းထားပြီး အောက်ဘက်လွင်ပြင်ကနေ အထက် ၃၂ မီတာအကွာမှာ တည်ရှိပြီး ဗစ်တိုရီးယား အင်ဂျင်နီယာ၏ အကောင်းဆုံးလက်ရာ တစ်ခုလည်း ဖြစ်ပါတယ်။

 

 

ထိုတံတားကို ၁၈၇၀ ခုနှစ်မှ ၁၈၇၄ ခုနှစ်အကြားမှာတည်ဆောက်ခဲ့ကာ တံတားက အဆင့် ၂ အနည်းငယ် တိမ်းစောင်းမှုရှိပြီး ၁၉၈၈ ခုနှစ်မှာတော့ အန္တရာယ်ကင်းရှင်းကြောင်း အတည်ပြုခဲ့ပါတယ်။

 

 

လှပသော Settle-Carlisle မီးရထားလမ်းကြောင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီတံတားဟာ သုံးတောင်ထိပ်စိန်ခေါ်မှု အလယ်မှာတည်ရှိပြီးတော့ Cumbria နှင့် Yorkshire နယ်စပ်တွင်တည်ရှိပါတယ်။

 

 


Vasco da Gama Bridge, Portugal

 

a view of the water: 4-vasco-da-gama-bridge-rex.jpg


Vasco da Gama တံတားဟာ ၁၀မိုင်အကွာရှိ ပေါ်တူဂီမြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ပေးထားတာဖြစ်ပြီး ဥရောတိုက်တွင် အရှည်ဆုံး တံတားတစ်စင်းဖြစ်ပါတယ်။

 

 

၁၉၈၈ ခုနှစ်တွင် တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ၁၅ ရာစုအတွင်း အိန္ဒိယနိုင်ငံကို ပင်လယ်ရေကြောင်းဖြင့် ပထမဆုံးရောက်ရှိခဲ့တဲ့ ပေါ်တူဂီစူးစမ်းရှာဖွေသူကို အစွဲပြုပြီးတော့ တံတားကို အဆိုပါ အမည်ပေးခဲ့တာဖြစ်ပါတယ်။

 

 

ထိုတံတားဟာ တန်ဂူဖြစ်ကိုဖြတ်သန်းပြီးတော့ တစ်နာရီလျှင် ၁၅၅ မိုင်အထိ တိုက်ခတ်နိုင်တာကြောင့် တံတားကို ခြေလျင်တော့ သွားလို့မရပါဘူး။

 


Beipanjiang Bridge, China

 

a bridge over a river: 5-beipanjiang-bridge-rex.jpg


Beipanjiang သို့မဟုတ် Duge တံတားဟာ အမြင့်ပေ ၅၆၀ မီတာကျော်ကာ တရုတ်နိုင်ငံမှာ တည်ရှိပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံးတံတားတစ်စင်း ဖြစ်ပါတယ်။

 

 

ထိုတံတားဟာ Liupanshui နှင့် Qujing မြို့များကို ဆက်သွယ်ပေးထားတဲ့ အမြန်လမ်းမကြီးဖြစ်ပြီး ခရီးသွားချိန်ကို ၃ နာရီအထိ လျှော့ချပေးနိုင်ပါတယ်။

 

 

London's Shard ၏ နှစ်ဆနီးပါးလောက်မြင့်ပြီးတော့ တံတားကို တည်ဆောက်ဖို့အတွက် £ 88m ကုန်ကျခဲ့ပါတယ်။

 

 

Myanmar Builders Guide

 

 

ပစၥည္းေရြ႕ေျပာင္းသယ္ယူျခင္း လုပ္ငန္းေပါင္း ၅၁ ခုကိုရွာရန္ ႏွိပ္ပါ

 

 

---Zawgyi---

 

 

ကမာၻ႕အံၾသဖြယ္ေကာင္းေသာ တံတားမ်ားအေၾကာင္း

 

 

ကမာၻေပၚတြင္ထူးဆန္းေသာအရာမ်ား၊ ေၾကာက္ဖို႔ေကာင္းေသာအရာမ်ားသာမက သင္မထင္မွတ္ထားေသာအရာမ်ားစြာလည္းရွိေနႏိုင္မယ္ဆိုတာကို ယံုၾကည္မယ္လို႔ ထင္ပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ကမာၻေပၚတြင္ရွိေသာ အံၾသဖြယ္စရာေကာင္းလြန္းတဲ့ တံတားေတြအေၾကာင္း အပိုင္း (၁) ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

 

Danyang-Kunshan Grand Bridge, China

 

 

Danyang-Kunshan Grand တံတားဟာ ၁၀၂ မိုင္ရွည္ၿပီးေတာ့ ကမာၻအရွည္ဆံုးတံတားတစ္စင္းလည္း ျဖစ္ပါတယ္။

 

 

၂၀၁၁ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီးေတာ့ ထိုတံတားကို လူအေယာက္ ၁၀၀၀၀ ဝန္းက်င္ခန္႔ျဖင့္ ၄ႏွစ္ၾကာတည္ေဆာက္ခဲ့ကာ ေပါင္ ၆.၅ ဘီလီယံေလာက္ ကုန္က်ခဲ့ပါတယ္။

 

 

မယံုႏိုင္စရာေကာင္းတာကေတာ့ ထိုတံတားဟာ Shanghai ကေန Nanjing ကို ဆက္သြယ္ထားေပးထားတာလည္းျဖစ္ပါတယ္။

 

 


Millau Viaduct, France

 

 

Millau Viaduct တံတားဟာ ျပင္သစ္ႏိုင္ငံမွာတည္ရွိၿပီး အလြန္ျမင့္တဲ့ Eiffel ေမွ်ာ္စင္ကို ေက်ာ္လြန္ကာ ကမာၻအရွည္ဆံုးတံတားတစ္စင္း ျဖစ္ပါတယ္။

 

 

ထိုတံတားကို ၂၀၁၄ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ၿပီးေတာ့ ၃၄၃ မီတာအထိျမင့္ပါတယ္။ Clermont-Ferrand ႏွင့္ Béziers ႏွင့္ Narbonne အၾကားရွိ Tarn ခ်ိဳင့္ဝွမ္းကို ျဖတ္သန္းသြားတဲ့ တံတားတစ္စင္းျဖစ္ပါတယ္။

 

 

ရုပ္ထုတည္ေဆာက္ပံုႏွင့္ မတူညီေသာအျမင္မ်ားအတြက္ စိတ္အားထက္သန္သူမ်ားကေတာ့ တံတားေအာက္ကေန ေလွေလွာ္ကာ သြားလို႔ရပါတယ္။

 

 

Ribblehead Viaduct, North Yorkshire

 

 

Ribblehead Viaduct တံတားဟာ ေက်ာက္တံုး ၂၄ ခုျဖင့္ ဖြဲစည္းထားၿပီး ေအာက္ဘက္လြင္ျပင္ကေန အထက္ ၃၂ မီတာအကြာမွာ တည္ရွိၿပီး ဗစ္တိုရီးယား အင္ဂ်င္နီယာ၏ အေကာင္းဆံုးလက္ရာ တစ္ခုလည္း ျဖစ္ပါတယ္။

 

 

ထိုတံတားကို ၁၈၇၀ ခုႏွစ္မွ ၁၈၇၄ ခုႏွစ္အၾကားမွာတည္ေဆာက္ခဲ့ကာ တံတားက အဆင့္ ၂ အနည္းငယ္ တိမ္းေစာင္းမႈရွိၿပီး ၁၉၈၈ ခုႏွစ္မွာေတာ့ အႏၱရာယ္ကင္းရွင္းေၾကာင္း အတည္ျပဳခဲ့ပါတယ္။

 

 

လွပေသာ Settle-Carlisle မီးရထားလမ္းေၾကာင္းရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ ဒီတံတားဟာ သံုးေတာင္ထိပ္စိန္ေခၚမႈ အလယ္မွာတည္ရွိၿပီးေတာ့ Cumbria ႏွင့္ Yorkshire နယ္စပ္တြင္တည္ရွိပါတယ္။

 


Vasco da Gama Bridge, Portugal

 


Vasco da Gama တံတားဟာ ၁၀မို္င္အကြာရွိ ေပၚတူဂီေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္းကို ဆက္သြယ္ေပးထားတာျဖစ္ၿပီး ဥေရာတိုက္တြင္ အရွည္ဆံုး တံတားတစ္စင္းျဖစ္ပါတယ္။

 

 

၁၉၈၈ ခုႏွစ္တြင္ တည္ေဆာက္ခဲ့တာျဖစ္ၿပီးေတာ့ ၁၅ ရာစုအတြင္း အိႏၵိယႏိုင္ငံကို ပင္လယ္ေရေၾကာင္းျဖင့္ ပထမဆံုးေရာက္ရွိခဲ့တဲ့ ေပၚတူဂီစူးစမ္းရွာေဖြသူကို အစြဲျပဳၿပီးေတာ့ တံတားကို အဆိုပါ အမည္ေပးခဲ့တာျဖစ္ပါတယ္။

 

 

ထိုတံတားဟာ တန္ဂူျဖစ္ကိုျဖတ္သန္းၿပီးေတာ့ တစ္နာရီလွ်င္ ၁၅၅ မိုင္အထိ တိုက္ခတ္ႏိုင္တာေၾကာင့္ တံတားကို ေျခလ်င္ေတာ့ သြားလို႔မရပါဘူး။

 


Beipanjiang Bridge, China

 


Beipanjiang သို႔မဟုတ္ Duge တံတားဟာ အျမင့္ေပ ၅၆၀ မီတာေက်ာ္ကာ တရုတ္ႏိုင္ငံမွာ တည္ရွိၿပီး ကမာၻေပၚတြင္ အျမင့္ဆံုးတံတားတစ္စင္း ျဖစ္ပါတယ္။

 

 

ထိုတံတားဟာ Liupanshui ႏွင့္ Qujing ၿမိဳ႕မ်ားကို ဆက္သြယ္ေပးထားတဲ့ အျမန္လမ္းမႀကီးျဖစ္ၿပီး ခရီးသြားခ်ိန္ကို ၃ နာရီအထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

 

 

London's Shard ၏ ႏွစ္ဆနီးပါးေလာက္ျမင့္ၿပီးေတာ့ တံတားကို တည္ေဆာက္ဖို႔အတြက္ £ 88m ကုန္က်ခဲ့ပါတယ္။

 

Read 261 times
Rate this item
(0 votes)
Tagged under