ဘိလပ်မြေဈေးကွက်တွေကို ဘယ်သူတွေက ဦးဆောင်နေပြီး ဘာကြောင့် ဈေးတွေမြင့်တက်နေတာလဲ

ဘိလပ်မြေဈေးကွက်တွေကို ဘယ်သူတွေက ဦးဆောင်နေပြီး ဘာကြောင့် ဈေးတွေမြင့်တက်နေတာလဲ google

ယခုလက်ရှိ မြန်မာနိုင်ငံအနှံ့အပြားတွင် ဘိလပ်မြေကုန်ကြမ်းအမှုန့် ထုတ်လုပ်သည့် စက်ရုံ (၁၄) ရုံခန့် လည်ပတ်လျက်ရှိသည်။

 

ထိုစက်ရုံများသည် မန္တလေးတိုင်းတွင် အများဆုံးတည်ရှိပြီး ဘိလပ်မြေ အရည်ဖျော်သည့် စက်ရုံအသေးစားများမှာမူ တစ်နိုင်ငံလုံးအနှံ့တွင် တည်ရှိသည်။

 

 

မြန်မာနိုင်ငံ၏ ဘိလပ်မြေဈေးကွက်အတွင်း ထိပ်ဆုံးကရပ်တည်လျက်ရှိပြီး အရောင်းရဆုံးဘိလပ်မြေတံဆိပ်များမှာ SCG ၊ Double Rhinos ၊ Apache ၊ Alpha နှင့် Crown တို့ဖြစ်သည်။

 

 

SCG သည် နာမည်အကြီးဆုံးနှင့် လူကြိုက်အများဆုံးဖြစ်ပြီး Double Rhinos သည်လည်း ဈေးသက်သာသဖြင့် လူသုံးများကြသည်ကို တွေ့ရှိရသည်။

 

 

၂၀၁၀ ခုနှစ် နောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ များစွာဝင်ရောက်ခဲ့ကြသည်။

 

 

ထိုရင်းနှီးမြှုပ်နှံသူများက ဘိလပ်မြေဈေးကွက်အတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံလာခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများမှ ဘိလပ်မြေတင်သွင်းမှုများလျော့နည်းလာခဲ့သည်။

 

 

ထို့ကြောင့် ပြည်တွင်း၌ ဘိလပ်မြေထုတ်လုပ်မှု ပိုမိုများပြားလာပြီး အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အလွယ်တကူ ဝယ်ယူရရှိနိုင်လာသည်။

 

 

မြန်မာနိုင်ငံ ဘိလပ်မြေဈေးကွက်၏ အဓိက အခက်အခဲမှာ သယ်ယူပို့ဆောင်ရေးဖြစ်သည်။

 

 

ဘိလပ်မြေအိတ်များကို နယ်ဝေးသို့ ပို့ဆောင်ရာတွင် တစ်စီးလျှင်အိတ် ၇၀၀ သာ ဆန့်ခြင်းကြောင့် လုံလောက်စွာ ဖြန့်ဖြူးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

 

 

ထို့အတူ အိမ်နီးချင်းနိုင်ငံများမှ ကုန်ကြမ်းပစ္စည်း တင်သွင်းမှုများ လျော့နည်းလာသဖြင့် ဘိလပ်မြေအိတ်တန်ဖိုးများ မြင့်တက်လာကာ ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ကိုင်ရခက်ခဲလျက်ရှိပါသည်။

 

 

ရာသီဥတုအခြေအနေများကြောင့်သာမက ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံမှုကြောင့် ထိုင်းနိုင်ငံမှ ဘိလပ်မြေကုန်ကြမ်းများကို တင်သွင်းမှု လျော့နည်းလာပြီး ဘိလပ်မြေဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။

 

 

ယခင်က ၁ အိတ်လျှင် မြန်မာငွေ ၅,၅၀၀ ကျပ်ခန့်သာ ရှိပြီး ယခုအခါ ၅,၉၀၀ ကျပ်နှင့် ၆,၅၀၀ ကျပ်အတွင်း မြင့်တက်လာကြောင်း ပြည်တွင်းဘိလပ်မြေ အရောင်းဆိုင်များမှ သိရသည်။

 

 

Source: Myanmar Business Directory

 

 

Myanmar Builders Guide

 

 

ေနစြမ္းအင္သံုးလွ်ပ္စစ္ စက္ကိရိယာမ်ား လုပ္ငန္းေပါင္း ၆၄ ခုကိုရွာရန္ႏွိပ္ပါ

 

 

---Zawgyi---

 

 

ဘိလပ္ေျမေဈးကြက္ေတြကို ဘယ္သူေတြက ဦးေဆာင္ေနျပီး ဘာေၾကာင့္ ေဈးေတြျမင့္တက္ေနတာလဲ

 

 

ယခုလက္ရွိ ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ ဘိလပ္ေျမကုန္ၾကမ္းအမႈန္႔ ထုတ္လုပ္သည့္ စက္ရံု (၁၄) ရံုခန္႔ လည္ပတ္လ်က္ရွိသည္။

 

 

ထိုစက္ရံုမ်ားသည္ မႏၱေလးတိုင္းတြင္ အမ်ားဆံုးတည္ရွိျပီး ဘိလပ္ေျမ အရည္ေဖ်ာ္သည့္ စက္ရံုအေသးစားမ်ားမွာမူ တစ္ႏုိင္ငံလံုးအႏွံ႔တြင္ တည္ရွိသည္။

 

 

ျမန္မာႏုိင္ငံ၏ ဘိလပ္ေျမေဈးကြက္အတြင္း ထိပ္ဆံုးကရပ္တည္လ်က္ရွိျပီး အေရာင္းရဆံုးဘိလပ္ေျမတံဆိပ္မ်ားမွာ SCG ၊ Double Rhinos ၊ Apache ၊ Alpha ႏွင့္ Crown တို႔ျဖစ္သည္။

 

 

SCG သည္ နာမည္အၾကီးဆံုးႏွင့္ လူၾကိဳက္အမ်ားဆံုးျဖစ္ျပီး Double Rhinos သည္လည္း ေဈးသက္သာသျဖင့္ လူသံုးမ်ားၾကသည္ကို ေတြ႔ရွိရသည္။

 

 

၂၀၁၀ ခုႏွစ္ ေနာက္ပိုင္းမွ စတင္ကာ ျမန္မာႏုိင္ငံသို႔ ႏိုင္ငံျခားရင္းႏွီးျမွပ္ႏွံမႈမ်ား မ်ားစြာဝင္ေရာက္ခဲ့ၾကသည္။

 

ထိုရင္းႏွီးျမွဳပ္ႏွံသူမ်ားက ဘိလပ္ေျမေဈးကြက္အတြင္း ဝင္ေရာက္ရင္းႏွီးျမွဳပ္ႏွံလာျခင္းေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ ဘိလပ္ေျမတင္သြင္းမႈမ်ားေလ်ာ႔နည္းလာခဲ့သည္။

 

 

ထို႔ေၾကာင့္ ျပည္တြင္း၌ ဘိလပ္ေျမထုတ္လုပ္မႈ ပိုမိုမ်ားျပားလာျပီး အေျခခံအေဆာက္အအံု စီမံကိန္းမ်ားအတြက္ အလြယ္တကူ ဝယ္ယူရရွိႏိုင္လာသည္။

 

 

ျမန္မာႏုိင္ငံ ဘိလပ္ေျမေဈးကြက္၏ အဓိက အခက္အခဲမွာ သယ္ယူပို႔ေဆာင္ေရးျဖစ္သည္။

 

 

ဘိလပ္ေျမအိတ္မ်ားကို နယ္ေဝးသို႔ ပို႔ေဆာင္ရာတြင္ တစ္စီးလွ်င္အိတ္ ၇၀၀ သာ ဆန္႔ျခင္းေၾကာင့္ လံုေလာက္စြာ ျဖန္႔ျဖဴးႏိုင္ျခင္း မရွိသည္ကို ေတြ႔ရသည္။

 

 

ထို႔အတူ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ ကုန္ၾကမ္းပစၥည္း တင္သြင္းမႈမ်ား ေလ်ာ႔နည္းလာသျဖင့္ ဘိလပ္ေျမအိတ္တန္ဖိုးမ်ား ျမင့္တက္လာကာ ျပည္တြင္းလုပ္ငန္းရွင္မ်ား လုပ္ကိုင္ရခက္ခဲလ်က္ရွိပါသည္။

 

 

ရာသီဥတုအေျခအေနမ်ားေၾကာင့္သာမက ယခုကဲ့သို႔ ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ႏွံမႈေၾကာင့္ ထိုင္းႏုိင္ငံမွ ဘိလပ္ေျမကုန္ၾကမ္းမ်ားကို တင္သြင္းမႈ ေလ်ာ႔နည္းလာျပီး ဘိလပ္ေျမေဈးႏႈန္းမ်ား ျမင့္တက္လ်က္ရွိပါသည္။

 

 

ယခင္က ၁ အိတ္လ်ွင္ ျမန္မာေငြ ၅,၅၀၀ က်ပ္ခန္႔သာ ရွိျပီး ယခုအခါ ၅,၉၀၀ က်ပ္ႏွင့္ ၆,၅၀၀ က်ပ္အတြင္း ျမင့္တက္လာေၾကာင္း ျပည္တြင္းဘိလပ္ေျမ အေရာင္းဆိုင္မ်ားမွ သိရသည္။

 

 

Source: Myanmar Business Directory

 

Read 4147 times Last modified on Thursday, 06 February 2020 09:36
Rate this item
(3 votes)
Tagged under